အောင်​မြင်​ခြင်းလျို့ဝှက်​ချက်​များ

in #success6 years ago

အောင်​မြင်​ခြင်း၊၊ ။

အောင်​မြင်​ခြင်းဆိုတာကြိုးစားသူ
တိုင်းရ​လေ့ရှိတဲ့အသီးအပွှင့်​တစ်​ခုပါ။
အောင်​မြင်​တယ်​ဆိုတာလဲရိုးရိုး
အောင်​မြင်​တာ အထူး​အောင်​မြင်
အလွန်​အလွန်​ကြီး​အောင်​မြင်​တာ
ဆိုပီး​ယေဘူယျ သုံးမျိုး​လောက်​ခွဲ
ခြားလို့ရတယ်​။

ရိုးရိုး​အောင်​မြင်​ခြင်း--------
က​တော့ ပြည်​တွင်းမှာ​နေ​နေ ပြည်​ပ
မှာ​နေ​နေ အလျင်းသင့်​တာလုပ်​မယ်
ဝန်​ထမ်း ​ဈေး​ရောင်းသို့မဟုတ်
စီးပွား​ရေးလုပ်​ငန်းတစ်​ခုခုလပ်​မယ်
ထိုက်​သင့်​​သောကြိုးစားမူလုပ်​မယ်
ထိုက်​သင့်​တာနိုင်​သ​လောက်​ရင်​နှီး
မြုတ်​နှံမယ်​ ထိုက်​သ​လောက်​​အောင်
မြင်​မယ်​ စားနိုင်​​သောက်​နိုင်​ မပူမပင်
နေနိုင်​မယ်​တဖြည်းဖြည်းတိုးတက်​​နေ
မယ်​ဒါက​တော့ရိုးရိုး​အောင်​မြင်​ခြင်း
ဘဲလို့ဆိုရမယ်​။
အထူး​အောင်​မြင်​ခြင်း------------
ဆိုတာက​တော့ လုပ်​ငန်း​တွေရုတ်
တရက်​​ကောင်းလာတယ်​ဆိုင်​သမား
ဆိုရင်​လဲ​အော်​ဒါ​တွေအများကြီး
တက်​လာမယ်​ လုပ်​ငန်းရှင်​ဖြစ်​ရင်
လဲလုပ်​ကွက်​​တွေအများကြီးရလာ
မယ်​ အ​သေးစားလုပ်​သူကလဲ
အလုပ်​တစ်​အားဖြစ်​လာမယ်​ မထင်​မှတ်​တာ​တွေတိုးချဲ့လာရပီး
အထူး​အောင်​မြင်​လာတာမျိုး​ပေါ့။
အလွန့်​အလွန်​ကြီး​အောင်​မြင်​ခြင်း----
အလွန်​အလွန်​ကြီး​အောင်​မြင်​တဲ့
အဆင့်​​ပေါ့ အလွန်​ကြီးကျယ်​တဲ့
လုပ်​ငန်းရှင်​ကြီး​တွေဖြစ်​လာတယ်
ဒီအ​ခြေအ​နေ​တွေကစိတ်​ပိုင်းဆိုင်
ရာယုံကြည်​မူ မိမိကိုယ်​ကိုတိုးတက်​လာမယ်​လို့ယုံကြည်​မူအား​ကောင်း
သူ​တွေသာဖြစ်​တတ်​ပါတယ်​။

ဘယ်​​အောင်​မြင်​မူမဆို မိမိကိုယ်​ကို
တိုးတက်​ကြီးပွားမယ်​လို့ယုံကြည်​မူ
မြင့်​မားခြင်း​တွေနဲတိုက်​ရိုက်​အချိုး
ကြ​နေပါတယ်​။ တိုးတက်​ကြီးပွား
လိုသူတစ်​ဦးဟာ ငါသည်​မုချတိုး
တက်​ကြီးပွားရမယ်​လို့ပြင်းပြ​သော
စိတ်​ဓာတ်​ရှိ​နေတတ်​ကြပါတယ်​၊
မ​အောင်​မြင်​သူ​တွေဟာလည်း
ငါသည်​မ​အောင်​မြင်​ဘူးဆိုတဲ့သံသ
ယစိတ်​ဓာတ်​ရှိတတ်​ကြပါတယ်
မိမိကိုယ်​ကိုမ​အောင်​မြင်​ဘူးလို့
သံသယရှိတတ်​တဲ့သူက ကျဆုံးသူ​တွေဖြစ်​ပါတယ်​။
အောင်​မြင်​ရန်​အတွက်​-----------
အောင်​မြင်​လိုသူတစ်​ဦးဟာမိမိဟာ
အောင်​မြင်​မဲ့အ​ကြောင်းမိမိကိုယ်​ကို
စိတ်​ဓာတ်​မြင့်​တင်​​နေဖို့လည်းလိုအပ်
ပါတယ်​ စိတ်​ပညာဆိုက်​ကိုလိုဂျီ
ကလည်းမိမိစိတ်​ကိုနိုး​ဆော်​တိုက်
တွန်းဖို့လမ်းညွန်​ပါတယ်​။
မိမိကိုယ်​ကိုအကြံ​ပေးခြင်း----
မနက်​​စော​စောဖြစ်​​စေ ညဖြစ်​​စေ
နိုးထချိန်​နဲ့ အိပ်​ယာဝင်​ချိန်​မှာ
မိမိမသိစိတ်​ကို​ပြောရပါတယ်
အသံထွက်​ပြီးဆိုရပါမယ်
ဥပမာ---ငါလုပ်​ကိုင်​​နေ​သော
လုပ်​ငန်းများအထူး​အောင်​မြင်​လာပီ
ငါသည်​ကျန်းမာ​ရေး​ကောင်းသူ
ဖြစ်​သည်​ မည်​သည့်​​ရောဂါမှမရှိပါ
ငါသည်​ချမ်းသာကြွယ်​ဝသူ ဖြစ်​ပြီ
စသဖြင့်​ မိမိနှုတ်​မှရွတ်​ဆိုခြင်းကို
မိမိနားမှကြား​အောင်​ရွတ်​ဆိုရမည်​၊၊
ဆိတ်​ငြိမ်​​သော​နေရာ ​ဘေးလူမရှိ
သောအချိန်​ဖြစ်​ရမည်​။
ဆိုက်​ကိုလိုဂျီအရဆိုလျှင်
အင်​မာဂျင်​​နေရှင်း မိမိကိုယ်​ကို
အကြံ​ပေးခြင်း မသိမသာစိတ်​ငြို့
ခြင်းဖြစ်​ပြီး မသိစိတ်​ကိုဒီအတိုင်း
ဖြစ်​ပါဟု​ပြောခြင်းဖြစ်​သည်​။
စိတ်​သည်​နှစ်​မျိုးဖြစ်​ပြီးသိစိတ်​နှင့်​မသိစိတ်​ဟု​ခေါ်ကာ သိစိတ်​သည်
ဆင်​ခြင်​တုံတရားရှိပြီး ပြင်​ပလူ
စိတ်​မျိုးဖြစ်​သည်​၊၊
မသိစိတ်​သည်​ ဆင်​ခြင်​တုံတရားမရှိ
ဘဲ​သေချာစွာထင်​မြင်​ယုံကြည်​ခြင်း
အ​ပေါ်တွင်​အ​ခြေခံကာ အရာရာကို
ဖန်​တီးပြုလုပ်​နိုင်​စွမ်းရှိသည်​မှာ
မသိစိတ်​ဖြစ်​ပြီးသဘာဝလွန်​စိတ်
တန်​ခိုးစိတ်​ဖြစ်​ပါသည်​။
မိမိဖြစ်​​စေလို​သောအရာကိုရွတ်​ဆို
သောအခါဖြည်းဖြည်းမှန်​မှန်​ရွတ်​ဖတ်
ရပြီးအနည်းဆုံးအကြိမ်​(၂၀)ဆိုရ
မည်​​နေ့စဉ်​အကြိမ်​(၇၀)​လောက်
ရွတ်​ဆို​ပေးရမည်​။တစ်​လခန့်​အနည်း
ဆုံးရွတ်​ဆို​နေရမည်​။အဓိကအချက်
မှာယုံကြည်​မူဖြစ်​သည်​။
မကြာ​သောကာလတွင်​ ထူးခြးမူများ
ကို​တွေ့ကြုံလာရမည်​ဖြစ်​ပါသည်​။
ကိုယ်​​တွေ့ဖြစ်​ပါသည်​။
အောင်​မြင်​ခြင်းလျို့ဝှက်​ချက်
များဆက်​လက်​​ရေးသားပါမည်​။
ဝင်းနိုင်​ဦး(ကြီးပွား​ရေး)

20180806_122345-640x853.jpgMyLogoArt20180807002540.pngPhoto_1533664345473.png

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54518.65
ETH 2301.02
USDT 1.00
SBD 2.33