သူးဌေးဖြစ်ချင်ရင်💸💸💸

in #success7 years ago

ကျွန်တော်တို့ မသိတဲ့သူဌေးကြီးတွေရဲ့အချက်များ

ကံကောင်းလို့ တိုက်ဆိုင်လို့ ချမ်းသာလာတာမရှိပါဘူး။ဘာလို့ ချမ်းသာကြတာလဲ?သူတို့ ကစည်းစနစ်ရှိတယ်။အရာအားလုံးကိုစနစ်တကျ တွက်ချက်ထားတယ်။ချမ်းသာဖို့ ဆိုရင်တညထဲ , တိုတောင်းတဲ့အချိန်ကာလတစ်ခုထဲနဲ့ တော့ဘာသူမှချမ်းသာလာမှာမဟုတ်ပါဘူး။အများကြီးစွန့် စားခဲ့ရတယ်။မိမိငွေကြေးပိုင်းမှာစိတ်ချရဖို့ အမြဲအာရုံစိုက်ရတယ်။လက်ရှိလိုချင်နေတဲ့အရာတွေကိုအနာဂတ်တစ်ခုအတွက်မြိုသိပ်ထားခဲ့ရတယ်။ကောင်းတဲ့အလေ့အကျင့်တွေမွေးမြူခဲ့ရတယ်။ကျွန်တော်တို့ သတိမထားမိတဲ့ချမ်းသာတဲ့သူတွေရဲ့အကျင့်တွေကိုကြည့်ရအောင်

💰စောစီးစွာလုပ်ကိုင်တယ်
ရှေးအဆိုအရဆိုရင် စောစောအစာရှာတဲ့ငှက်က ပိုးကောင်ရတယ်ဆိုသလိုမျိုးပေါ့။သင့်အလုပ်ထဲမှာငွေကိုစောစောရင်းနှီးလုပ်ကိုင်လေ သင့်လုပ်ငန်းကြီးထွားလာဖို့ အချိန်တွေပိုရလေပါဘဲ။သင့်လက်ရှိအခြေအနေကဘယ်လိုဘဲဖြစ်နေပါစေ ငွေစုမယ် ဒီနေ့ ရင်းနှီးလုပ်ကိုင်ခြင်းဟာ မနက်ဖြန်ကိုစောင့်ဆိုင်းနေတာထက်ပိုကောင်းပါတယ်။ဒါ့ကြောင့်အခုဘဲစတင်လိုက်ပါ

💰ငွေစုတယ်
သင်အောင်မြင်လာတဲ့အခါ သင်ငွေတွေအများကြီးဝင်လာတဲ့အခါ သင်ဟာ သင့်ရဲ့အဆိုးဆုံးရန်သူပါဘဲ။ပြီးအောင်လုပ်ရမယ့်အရာတွေကိုအချိန်တွေဆွဲမယ် လျစ်လျူရှုမယ်။သင်သုံးသင့်တာထက်ပိုပြီးသုံးစွဲမယ်ဆိုတာတွေက သင့်ကိုချမ်းသာလာစေမယ့်အချက်တွေမဟုတ်ပါဘူး။သင့်ကိုယ်သင်ကနေ ကာကွယ်ဖို့ အကောင်းဆုံးကတော့ငွေစုပါ။ဒီလိုလုပ်ခြင်းက သင့်ကိုအကျင့်ဆိုးတွေကနေ ရှောင်ရှားနိုင်စေသလို သင့်အတွက်တကယ်အကျိုးရှိစေမယ့်အရာတွေအပေါ်အသုံးပြုဖို့ အတွက် ငွေစုစေပါတယ်။သင်အဆင်သင့်မဖြစ်သေးဘူးဆိုရင် အခုဘဲ အချိန်ပေးပြီး အစီစဉ်တွေကိုရေးဆွဲပါ။နောက်မှမလုပ်ပါနဲ့ ။ခုဘဲလုပ်ပါ။သင့်အနာဂတ်က သင့်ကိုကျေးဇူးတင်နေမှာပါ

💰ကြီးကြီးမားမားတွလုပ်ဆောင်ကြတယ်
သင်အရာတစ်ခုလုပ်ဖို့ အချိန်ဆွဲနေမယ်ဆိုရင်တော့ အသေးအဖွဲလေးတွေကစပြီးလုပ်ပါ။ဘာလို့ လဲဆိုတော့ မလုပ်တာထက်စာရင် အသေးအဖွဲလေးတွေလုပ်တာကပိုပြီးကောင်းပါတယ်။ဒါပေမယ့် အသေးအဖွဲလေးတွေလုပ်နေရင်တော့ ရလာဒ်ကအသေးအဖွဲလေးတွေဘဲရမှာပါ။သင်ချမ်းသာချင်တယ်ဆိုရင်တော့ ကြီးကြီးမားမားတွေလုပ်ဆောင်ရတော့မှာပါ။

💰အကြွေးဘယ်တော့မှမယူဘူး။အကြွေးဘယ်တော့မှမဝယ်ဘူး
အကြွေးနှုန်းမြင့်မားခြင်းက သင့်ရဲ့ငွေကြေးပိုင်းဆိုင်ရာ လွပ်လပ်ခွင့်ကို အဓိကခြိမ်းခြောက်စေတဲ့အချက်ပါ။အကြွေးယူတယ်ဆိုတာ သင့်ကိုမလိုအပ်တဲ့ အတိုးတွေ များစွာပေးချေရပါတယ်။သင်တကယ်ချမ်းသာချင်တယ်ဆိုရင် အသေးအဖွဲလေးကအစ အကြွေးယူ အကြွေးဝယ်တတ်တဲ့အကျင့်ကိုပြင်ပါ။

💰ပုံမှန်လိုဘဲနေကြတယ်။ဆင်းရဲနေသလိုဘဲနေကြတယ်
သူဌေးအများစုဟာ ကျွန်တော်တို့ ထင်သလိုတော့မဟုတ်ပါဘူး။သူတို့ ကဘဝကိုရိုးရိုးသားသားဘဲနေတယ်။ဘာလို့ လဲဆိုတော့သူတို့ က ကြွားဖို့ ထက် ငွေကိုဘဲစုဆောင်းထားတတ်ကြတယ်။သင့်မှာဒေါ်လာ၁သန်းရှိတယ်ဆိုရင် သင့်လက်ရှိဘဝထက် သာထက်ပုံစံမှာနေလို့ ရပါတယ်။သင့်မှာဒေါ်လာ၁သန်းမရှိဘဲခြိုးခြိုးခြုံခြံနဲ့ နေမယ်ဆိုရင် တစ်ချိန်မှာ ဒေါ်လာ၁သန်းမက ကြွယ်ဝချမ်းသာမှာအသေအချာပါဘဲ။

💰ရည်မှန်းချက် ပန်းတိုင်တွေပေါ်မှာသေချာအာရုံစိုက်တယ်
ရည်မှန်းချက်တွေကို ကျွန်တော်တို့ ကိုစိတ်ခွန်အားဖြစ်စေတယ်။ကျွန်တော်တို့ စိတ်ဓတ်တွေကိုမြင့်တတ်စေတယ်။အိမ်အသစ်ဝယ်ချင်တာ , ပြိုင်ကားစီးချင်တာ စသဖြင့်ပေါ့။ကံမကောင်းစွာနဲ့ ဘဲ ကျွန်တော်တို့ ရဲ့ရည်မှန်းချက်တွေဟာ နေ့ စဉ်ဖိအားတွေ , ဘဝရဲ့ဖိအားတွေအောက်မှာတိမ်ကောသွားခဲ့ကြတာပါ။ဒီလိုရည်မှန်းချက်တွေက ကျွန်တော်တို့ တွေရဲ့စိတ်ထဲမှာ အခိုက်အတန့် မျှသာဖြစ်တဲ့အခါ သူတို့ ကျွန်တော်တို့ အပေါ်မှာစိုးမိုးနိုင်စွမ်းမရှိတော့ပါဘူး။ဒီလိုဖြစ်တာနဲ့ ကျွန်တော်တို့ မှာဆိုးရွားတဲ့ငွေကြေးသုံးစွဲတဲ့အကျင့်တွေဖြစ်လာမယ်။ ချမ်းသာရမယ် အောင်မြင်ရမယ်ဆိုတာကလည်း အိမ်မက်သာသာဘဲဖြစ်နေမှာပါ။ အိမ်မက်တွေလက်တွေ့ ဖြစ်ဖို့ ဆိုရင် မိမိရည်မှန်းချက်တွေအကြောင်းအမြဲတွေးနေရမယ်။အမြဲအာရုံစိုက်နေရမယ်။အမြဲဦးစားပေးနေရာမှာထားရမယ်။ပြီးဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်

💰ပညာသင်ယူကြတယ်
အောင်မြင်တဲ့ရင်းနှီးမြှပ်နှံသူတွေဟာ ငွေကြေးပိုင်းဆိုင်ရာ သိသင့်တဲ့အရာတွေကိုသိဖို့ ဆောင်ရန်ရှောင်ရန်တွေကိုသိဖို့  လက်ရှိအခြေအနေအရပ်ရပ်နဲ့ အမှီလိုက်နိုင်ဖို့ ဆိုတာတွေသိဖို့ လေ့လာဖို့ သင်ယူဖို့ အချိန်ပေးကြတယ်။

💰ငွေရှာဖို့ အတွက်ငွေကိုအသုံးချကြတယ်
ချမ်းသာဖို့ ဆိုရင် ပေးဆပ်ရမယ့်တန်ဖိုးဆိုတာရှိစမြဲပါ။ချမ်းသာတဲ့သူတွေဟာ အရည်အချင်းပြည့်ဝတဲ့ အတွေ့ အကြုံရှိတဲ့ ငွေကြေးပိုင်းဆိုင်ရာ အကြံပေးတဲ့သူတွေကိုငှားကြတယ်။ရင်းနှီးမြှပ်နှံကြတယ်

https://steemit.com/@toptenmotivation

image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by uookoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 1.42 % upvote from @drotto thanks to: @toptenmotivation.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56739.93
ETH 2400.98
USDT 1.00
SBD 2.30