လက်ရှိဘဝမှသည်ဖြစ်ချင်သောဘဝဆီသို့ 

in #success6 years ago

image

-ဘယ်တော့မှာရပ်တန့် မသွားဘဲအမြဲတိုးတတ်နေပါစေ

အောင်မြင်သူတွေ- စီးပွားရေးလောကမှာဖြစ်ဖြစ် အားကစားလောကမှာဖြစ်ဖြစ် , အနုပညာလောကမှာဖြစ်ဖြစ် သူတို့ ဟာအမြဲတိုးတတ်နေသူတွေဖြစ်ပါတယ်။သင်ပိုပြီးအောင်မြင်ချင်ရင်သင့်ကိုသင်မေးဖို့ လိုပါတယ်။,"ငါပိုကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ? ငါဘယ်လိုပိုပြီးအကျိုးရှိရှိလုပ်နိုင်မလဲ?" အစရှိသဖြင့်ပေါ့

-ကနေ့ ခေတ်မှာ တိုးတတ်မှုအချို့ ဟာ ပြောင်းလဲမှုတွေနဲ့ အမှီလိုက်ဖို့ လိုအပ်ပါတယ်။လစဉ်လတိုင်းနည်းပညာအသစ်တွေကြေညာနေတယ်။မကြာခဏ နည်းပညာအသစ်တွေရှာဖွေတွေ့ ရှိနေကြတယ်။စကားလုံးအသစ်တွေကလည်းပေါ်နေတယ်။ပြီးတော့ ကျွန်တော်တို့ နဲ့ ပတ်သတ်တာတွေ, ကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သတ်တာတွေ ကျွန်တော်တို့ လေ့လာမှတ်သားထားတာတွေကလည်းအမြဲမပြတ်တိုးတတ်နေကြတယ်။ဒါ့ကြောင့်တိုးတတ်ခြင်းဟာရိုးရိုးရှင်းရှင်းဆိုရမယ်ဆိုရင် ရှင်သန်ဖို့ လိုပါတယ်။ဒါပေမယ့်တိုးတတ်ဖို့ ဆိုရင် အောင်မြင်တဲ့သူတွေလုပ်သလို ဖုံးကွယ်ထားတဲ့ချည်းကပ်မှုနည်းလမ်းတွေလိုအပ်ပါတယ်။

-သေးငယ်တဲ့တိုးတတ်မှုတွေကနေအစချီပါ
သင့်စွမ်းရည်တွေတိုးတတ်ချင်ရင် သင့်ရဲ့ပုံစံကိုပြောင်းလဲပါ။သေးငယ်တဲ့အရာတွေကနေစတင်ပါ။အဆင့်တစ်ဆင့်စီကိုစီမံခန့် ခွဲနိုင်ခြင်းဟာရေရှည်အောင်မြင်ဖို့ အတွက်ပထမဆုံးခြေလှမ်းတွေပါဘဲ။ပြာလွန်းရင်လဲဖွဲမထွက်ပါဘူး။ဒါ့ကြောင့်ပြီးချင်စောနဲ့ မြန်မြန်မလုပ်ဆောင်ပါနဲ့ ။အဲ့လိုလုပ်ဆောင်ခြင်းဟာသင့်ကိုစိုးရိမ်ပူပန်စိတ်များစေသလိုကျရှုံးဖို့ လမ်းများသွားစေပါတယ်။အသေးအဖွဲလေးတွေကနေ စတင်တဲ့အခါ အဆင့်တိုင်းကိုလွယ်လွယ်ကူကူကျွမ်းကျွမ်းကျင်ကျင်အောင်မြင်နိုင်တယ်။ပြီးသင့်ယုံကြည်ချက်တွေကိုတိုးတတ်စေပါတယ်။

-ဘယ်အရာကိုတိုးတတ်အောင်လုပ်မလဲဆိုတာဆုံးဖြတ်ပါ
အလုပ်မှာဆိုရင် သင့်ရည်ရွယ်ချက်က သင့်ကုမ္ပဏီရဲ့ကုန်ထုတ်စွမ်းအားတိုးတတ်ဖို့ ကြိုးစားရမယ်။
သင့်ရည်ရွယ်ချက်ကဘာဘဲဖြစ်နေပါစေ သင်ဘယ်နေရာကိုတိုးတတ်အောင်လုပ်မလဲ ဘယ်အဆင့်တွေကိုတဆင့်ချင်းဖြတ်ကျော်မလဲဆိုတာဆုံးဖြတ်ရမယ်။

-အဆင့်ကျော်လို့ မရပါဘူး
ဘဝမှာ အမှန်တရားတွေထဲကတခုကတော့အဓိကတိုးတတ်အောင်မြင်မှုတွေကတော့အချိန်ယူရတာပါဘဲ။တညထဲနဲ့ ဘယ်အရာမှအောင်မြင်မှာမဟုတ်ပါဘူး။အောင်မြင်ဖို့ အချိန်ယူရမယ်။လေ့ကျင့်ရမယ်။လေ့ကျင့်ရမယ်။လေ့ကျင့်ရမယ်။သရုပ်ဆောင်တွေဟာ အများကြီးပြင်ဆင်ရပါတယ်။သရုပ်ဆောင်သင်တန်းတွေတတ်ရတယ်။အသံဆိုင်ရာသင်တန်းတွေမှာတတ်ရတယ်။အကသင်တန်းတွေတတ်ရပါတယ်။မြင်းဘယ်လိုစီးရမယ်, ဘယ်လိုခုန်ရမလဲဆိုတာတွေ စတာတွေသင်ယူရတယ်။

နေ့ တိုင်းနေ့ တိုင်းပိုတိုးတတ်အောင်အရာရာတိုင်းကိုကြိုးစားမယ်လို့ မိမိကိုယ်ကိုကတိပေးပါ။သင်လုပ်ဆောင်ရင် သင့်ကိုယ်သင်ယုံကြည်မှုတွေတိုးတတ်လာမယ်။သင့်ကိုယ်သင်လေးစားမှုတွေတိုးတတ်လာပါမယ်

 #Success
 #Toptenteam

https://steemit.com/@toptenmotivation

Sort:  

This post has received a 1.04 % upvote from @drotto thanks to: @toptenmotivation.

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 68220.71
ETH 3321.59
USDT 1.00
SBD 2.74