#ဘဝမှာအောင်မြင်ဖို့ နေ့စဉ်နေ့တိုင်းလိုက်နာလုပ်ဆောင်သင့်တဲ့အချက်များsteemCreated with Sketch.

in #success7 years ago

ဘဝမှာအောင်မြင်ဖို့ နေ့စဉ်နေ့တိုင်းလိုက်နာလုပ်ဆောင်သင့်တဲ့အချက်များ

  1. သင့်ရဲ့ဦးစားပေးတွေကိုသေချာသတ်မှတ်ပါ

သင့်ဘဝရဲ့အရေးကြီးဆုံးဦးစားပေးအချက်တွေကဘာလဲ? သင့်ရဲ့ဦးစားပေးအချက်တွေအတွက် အချိန်ပေးနိုင်ရဲ့လား?ဒီအချက်တွေကို မဖြေနိုင်သေးဘူးဆိုရင်တော့ ဦးစားပေးအရာတွေကိုသတ်မှတ်ပြီး ဘဝမှာမလိုအပ်တဲ့အရာတွေအတွက် အချိန်ပေးနေတာကိုလျှော့လိုက်ပါ။သင့်အတွက်အရေးကြီးတဲ့အရာတွေအပေါ်မှာဘဲ အချိန်ပေးပါ။

  1. တနေ့ တာလုပ်ဆောင်စရာတွေကို စာရင်းပြုစုထားပါ

အချိန်ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတခုဖြစ်သလို အစားထိုးလို့ လဲမရပါဘူး။သင်အောင်မြင်ချင်တယ်ဆိုရင် သင့်ရဲ့တနေ့ တာဆိုတဲ့အချိန်ကို ဘယ်လိုအသုံးချမလဲဆိုတာကို အစီစဉ်ဆွဲရပါမယ်။မနက်မိုးလင်းကနေ မိုးချုပ်သည့်တိုင် ဘာတွေကိုလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်အစည်းအဝေးပွဲတတ်မယ် အစရှိသဖြင့်ပေါ့

  1. သင့်ကိုယ်သင် ဘယ်တော့မှမညာပါနဲ့ 

သင်ဘယ်အရာတွေကို လေ့ကျင့်ဖို့ လိုအပ်တယ်၊ ဘယ်အရာတွေကိုသင်ယူလေ့လာဖို့ လိုနေတယ် ဆိုတာ သင့်ကိုယ်သင် အသိဆုံးပါ။

  1. စိတ်ညစ်စေတဲ့အရာတွေ စိတ်လေစေမယ့်အရာတွေကိုလျှော့ချပါ
ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ အခက်အခဲမျိုးစုံကြုံရတာပါဘဲ။ဒါပေမယ့် ဖိအားတွေ စိတ်ညစ်စရာတွေကိုတတ်နိုင်သလောက်လျှော့ချရမယ်။
  1. အနားယူပါ

    နေ့ စဉ်လုပ်ဆောင်တာတွေကို သေချာစီစဉ်ပါ။ ဒါပေမယ့် အမြဲအလုပ်ဆိုတာကြီးဘဲ လုပ်မနေပါနဲ့ ။အနားယူဖို့ အားကစားလုပ်ဖို့ မမေ့ပါနဲ့ 

  2. ဘဝမှာကြီးမားတဲ့အောင်မြင်မှုကိုလိုချင်ရင် သေးငယ်တဲ့အရာလေးတွေကနေ စတင်ရတယ်ဆိုတာကိုသတိရပါ

သင် ၂၀၁၇ အကုန်မှာ သိန်း၁သောင်းရရမယ်ဆိုတဲ့ရည်မှန်းချက်ရှိတယ်ဆိုပါစို့ ။ ရည်မှန်းချက် ချပြီးသွားခဲ့ရင် တနေ့ တနေ့ ကိုငွေဘယ်လောက်ရှာမလဲ? ဘယ်လိုလုပ်ငန်းတွေကို တိုးချဲ့မလဲ? စတာတွေကိုလုပ်ဆောင်ဖို့ လိုပါတယ်

  1. သင့်စိတ်ဓတ်ကိုမြှင့်တင်ဖို့ ရည်မှန်းချက်တွေပိုပြီးပြင်းပြလာစေဖို့ အတွက်ဘဲ သူများနဲ့ မိမိကိုယ်ကိုနှိုင်းယှဉ်ပါ

သူတပါးနဲ့ နှိုင်းယှဉ်တဲ့အခါ မနာမလိုပါနဲ့ ။ စိတ်ဓတ်မကျပါနဲ့ ။ တနေ့ သူတို့ လိုဖြစ်စေရမယ်ဆိုတဲ့ကောင်းတဲ့စိတ်လေးကိုမွေးပြီးနှိုင်းယှဉ်ပါ။သူတို့ ဆီက ဘယ်လိုအကြံညဏ်တွေစိတ်ကူးတွေရနိုင်လဲ? သူတို့ ဘာ့ကြောင့်အောင်မြင်တာလဲ? သူတို့ ဆီကဘာတွေကိုသင်ယူနိုင်မလဲ? စတာတွေကိုနှိုင်းယှဉ်ပါ။ သင့်လိုအပ်ချက်တွေ သင်ယူစရာတွေကိုသိလာတဲ့အခါ ပြင်ဆင်ပါ။ လေ့လာပါ။ သင့်အောင်မြင်မှုက သင့်လက်တစ်ကမ်းကိုရောက်လာမှာ အသေအချာပါဘဲ

8 . သင့်ကိုလမ်းညွှန်ပြမယ့်သူ၊ ဆရာရှာပါ

သင်ဝါသနာပါတဲ့ သင်ရွေးချယ်ထားတဲ့နယ်ပယ်မှာ သင့်ကိုသင်ပြပေးနိုင်မယ့် စိတ်ခွန်အားတွေပေးနိုင်မယ့်သူကိုရှာဖွေဖို့ လိုပါတယ်။နယ်ပယ်အသီးသီးမှာ သင်ပြပေးနိုင်မယ့်သူတွေအများကြီးပါ။ သင့်ကိုသင်ပြပေးနိုင်မယ့်  သူတယောက်ကိုငှားပါ။ သူက နေ့တိုင်း သင့်ကိုစိတ်ခွန်အားတွေ နည်းလမ်းကောင်းတွေ သွန်သင်ဆုံးမမှုတွေ ပေးရင်းသင့်ကို အောင်မြင်မှုဆီကို ပို့ ဆောင်ပေးမှာဖြစ်ပါတယ်

#Success
#Toptenteam
Sort:  

Wow, what language is that?

Me ne povas legi vian skribaĵon, tamen mi votas por ĝi, ĉar al mi tre plaĉas la interesajn kaj belajn literojn. La mondo estas tre malsama.
Bonan tagon!

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64475.77
ETH 2770.60
USDT 1.00
SBD 2.66