Information for the Japanese Students!

in #study7 years ago

ဂျပန်မှာLanguage School မှ ...
ကာလိပ်နှင့်တက္ကသိုလ်များလျှောက်ပြီးလျှင်
ကျောင်းသားကျောင်းသူများအထူးသတိပြုရမည့်
အချက်အားရေးသားဖော်ပြပေးချင်ပါသည်။

ကျောင်းသားကျောင်းသူများlanguage School မှနေ၍
ကောလိပ် တက္ကသိုလ်များသို့ ကျောင်းလျှောက်အပြီးမှာ
ဝင်ခွင့်များအသီးသီးအောင်မြင်သွားကြချိန်တွင်
အားလုံး၏ စိတ်ထဲတွင် (မိဘပိုက်ဆံဖြင့်ကျောင်းတက်နေကြ
သူများမပါဝင်ပါ။) ကျောင်းအသစ်အား
ပေးချေကြရမည့်ကျာင်းလခအတွက်
ငွေကြေးဆိုတာကို ခေါင်းထဲမှာအချိန်ပြည့်
ထည့်ထားကြရပြီဖြစ်ပါသည်။

ကျောင်းသားတစ်ယောက်အတွက် ဂျပန်နိုင်ငံမှာ
ဆက်လက်ရှင်သန်ခွင့်ရဖို့အရေး
ကျောင်းဆက်တက်နေဖို့လိုအပ်နေသလို
ကျောင်းလခအချိန်မှီပေးသွင်းနိုင်ရေးသည်လည်း
အရေးကြီးဆုံးအကြောင်းအရာမဟုတ်ပါလား။

သည်တော့ ယခင်ကထက်ပိုပြီးငွေရှာကြရသည်။
ယခင်ကထက်ပိုပြီးကိုယ်ရောစိတ်ပါပင်ပန်းကြရသည်။
ပင်ပန်းတော့ ကျောင်းပျက်ချင်လာသည်။
သည်တော့သည်လိုတွေးသည်။
မကြာခင်ငါက သည်ကျောင်းပြီးတော့မှာပဲ။
သည်ဘက်ကျောင်းဝင်ခွင့်ကိုလည်း
အောင်ထားပြီးပြီဆိုတော့
ကျောင်းသိပ်မသွားတော့ပေမယ့်လည်း
ကိစ္စမရှိလောက်ပါဘူး ဟု တွေးလိုက်တတ်ကြပါသည်။

သည်လိုပေါ့ပေါ့လေးတွေးလိုက်ပြီး
နာရီကျော်အလုပ်လုပ် သဲကြီးမဲပြီးနှင့်
ပိုက်ဆံရှာကြခြင်း၏ အကျိုးဆက်က
ဘယ်အချိန်ကျခါမှအဖြေထွက်ပါသနည်း ဟုဆိုသော် language School ပြီး၍
ကောလိပ် တက္ကသိုလ်များသို့ဝင်သည့်အချိန်မှာ
မိမိ၏ ဗီဇာသက်တမ်းတိုးရပြီဆိုကာမှ ထိပါတော့သည်။

ဘယ်လိုထိသလဲဆိုတော့...
ကောလိပ်တက္ကသိုလ်များတွင် စတင်တက်ရောက်သည့်
စပ်ကူးမတ်ကူးကာလတွင်
ဗီဇာသက်တမ်းတိုးရသည့်သူများအတွက်
language School မှ နောက်ဆုံးအချိန်အထိ
ကျောင်းတက်သွားခဲ့သော ကျောင်းခေါ်ကြိမ် သည်
မိမိ၏ဗီဇာသက်တမ်းတိုးဖို့ရာအတွက်
အရေးကြီးဆုံး အရာတစ်ခုအဖြစ် ...
ဘွားခနဲပေါ်ထွက်လာပါတော့သည်။

သည်တော့ လဝက မှပုဂ္ဂိုလ်များက
နောက်တစ်ချက်နှင့်ငြိမငြိအသည်းအသန်
စစ်ဆေးရှာဖွေကြချိန်မှာ My Number ၏ ကျေးဇူးကြောင့်
တစ်ပတ်ကို ၂၈ နာရီထက်ပိုမိုများပြားစွာ
အလုပ်လုပ်ထားခြင်းကိုတွေ့ရှိပြီးကြသည်နှင့်
နောက်တစ်ဆင့်ထပ်စစ်ကြည့်ကြပြန်ပါသည်။
ဒါကတော့ အလွယ်ခေါ်နေကြသည့်
保険(ほけん) ကျန်းမာရေးအာမခံငွေ
ပေးဆောင်ထားခြင်း ရှိမရှိ။

အဲဒီသုံးချက်အပေါ်မှာမူတည်ပြီး
သတ်မှတ်ပြဌာန်းထားသည့်
စည်းကမ်းချက်များအား
များများကျော်လွန်ချိုးဖောက်ထားသောသူ။
(ဆိုလိုသည်မှာ ကျောင်းခေါ်ကြိမ် မပြည့်မှီရုံမျှမက
အင်မတန်မှနည်းပါးနေသောသူ ဖြစ်ရသည့်အထဲ
သတ်မှတ် တစ်ပတ်အလုပ်ချိန် ၂၈ နာရီထက်အတော်များများကျော်လွန်လုပ်ထားသောသူ )
အများအားဖြင့်အဓိကထိုနှစ်ချက်နှင့်ငြိသွား
လျှင်ပင် အချို့မှာ ကောလိပ်ကျောင်းများမှ
ဥပမာ- ဗီဇာ ၂ နှစ်ပေးပါသည်ဟုပြောသော်လည်း
လဝကမှ ဗီဇာ (၆) လခန့်သာချပေးပါက
ဘာမှမတတ်နိုင်ပါ။
အဘယ်ကြောင့်ဆိုသော် ကျောင်းမှဗီဇာပေးခြင်း
ဖြစ်သော်လည်း တကယ်တမ်းဗီဇာချပေးရေးအတွက်
ဆုံးဖြတ်ခြင်းမှာ လဝက ဖြစ်သောကြောင့်ပဲဖြစ်ပါသည်။

ထို့ကြောင့် နောက်ဆုံးအဆင့် အခြေအနေ
အလွန်ဆိုးဝါးနေပါက ဗီဇာသက်တမ်း
ဆက်၍မတိုးပေးတော့ဘဲ ပြည်တော်ပြန်
သွားရသည့် ကျောင်းသားများလည်းရှိပါသည်။

ထိုကဲ့သို့ဖြစ်လာပြီဆိုပါက ..
လက်ရှိတက်နေသောကျောင်းသို့
ဆက်လက်တက်ရောက်ခွင့်လည်း မရနိုင်တော့သလို
သွင်းထားပြီးသားကျောင်းလခများလည်း
ဆုံးရှုံးသွားရမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းသားများအနေဖြင့်
ထိုအချက်ကို ကြိုတင်သိရှိပြီး
သတိပြုနိုင်ကြရန်အထူးလိုအပ်ပါသည်။
တကယ်တမ်းဖြစ်လာပြီဆိုသည်နှင့်
ပြန်လည်ပြင်ဆင်ခွင့်အတွက်
အချိန်လည်းရှိတော့မည်မဟုတ်ပါ။

ယခင်နှစ်များဆီမှ ကျောင်းသားများကတော့
ပြောလေ့ရှိကြပါသည်။
သည်လိုပဲပြောနေကြတာပါပဲ။
စိတ်မပူပါနဲ့ အချိန်တန်ရင် အဆင်ပြေသွားကြတာပါပဲဟူ၍။
ထိုကဲ့သို့သောစကားမျိုးကို ...
ခေါင်းထဲအလွယ်တကူထည့်လိုက်မိပြီဆိုပါက
အလိုလိုမှပင်ပန်းနေသည့်စိတ်နှင့်ခန္ဓာကိုယ်ကို
သူသူကိုယ်ကိုယ် အတန်ငယ်
ဖြေလျှော့ချလိုက်မိကြပါလိမ့်မည်။

ထို့ကြောင့် ထပ်မံအကြံပြုပေးလိုသည်မှာ
မနှစ်ကနှင့်သည်နှစ်မတူတော့ပါဆိုသည့်
အချက်ပဲဖြစ်ပါသည်။
အပြင်ဘက်မှကြည့်နေလျှင်စီးဆင်းပြောင်းလဲနေမှုများအား သိသာထင်ရှားစွာ မြင်ချင်မှမြင်နိုင်လိမ့်မည်ဖြစ်သော်လည်း
တကယ့်လက်တွေ့နယ်ပယ်မှာ နေထိုင်လှုပ်ရှားနေကြရသူများအဖို့ကတော့ ..
ဂျပန်အစိုးရ၏ ကျောင်းသားများနှင့်ပတ်သက်၍
တဖြေးဖြေးနှင့်ပြုလုပ်လာနေပြီဖြစ်သည့်
စည်းကမ်းပိုင်းဆိုင်ရာ နှင့်ပတ်သက်သည့်
ကိုင်တွယ်မှုများအား ..
နားလည်သိရှိနေကြသည့်အားလျော်စွာ
ပြောကြားနေကြသည့်သတိပေးစကားများအား
တတ်နိုင်သမျှ သတိပြု၍ လိုက်နာခြင်းသည်သာလျှင်
အကောင်းဆုံးသောနည်းလမ်းဖြစ်ပါကြောင်း
ရေးသားဖော်ပြပေးလိုက်ရပါသည်။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58188.83
ETH 2585.51
USDT 1.00
SBD 2.40