စိတ်

in #streemit7 years ago

စိတ်ဆိုတာကလည်း အင်မတန်ထိန်းချူပ်ဖို့ခက်တဲ့အရာ စိတ်ကိုထိန်းနိုင်တဲ့သူတွေ စိတ်ကိုခိုင်းနိုင်တဲ့လူတွေကဘအောင်မြင်ကြတာကြီးပါပဲ
စိတ်ကိုနိုင်တဲ့လူတွေက လွတ်မြှောက်သွားတဲ့လူတွေ တခါတလေ အားလို့ တရားထိုင်ကြညိ့ ရောက်သွားတဲ့နေရာတွေအများကြီး ပြီးတော့ စိတ်က သိပ်ကြောက်ဖို့လည်းကောင်းတယ် တဒင်္ဂအတွင်းမှာ ကောင်းမှူ့တွေအများကြီးပွားနိုင်သလို အဲ့ဒီ တဒင်္ဂအတွင်းမှာလည်းမကောင်မှူ့ တွေအများကြီးလုပ်မိနိုင်တယ် အဲ့လိုအမျိုးမျိုးဖြစ်နေတဲ့စိတ်ကို ကုသိုလ်စိတ်ကလေးကြီးဖြစ်နေအောင် ကျင်ကြံနေထိုင်ရမယ်
လူတွေက မကောင်းတဲ့ဘက်တွေမှာပိုအားသန်ကြတယ် မကောင်တာကြတော့အလေ့အကျင့်အလေ့ထက တန်းဖြစိ့ပေါ်တာ ကောင်းတာကြတော့ ကောင်တဲ့အလေ့အကျင့်လေးလုပိဖို့ အချိန်အများကြီးပေးပြီးကျင့်ယူရတာ မကောင်းတာပြောမကောင်းတာကြံ မကောင်းတာတွေလုပိပါများလာတော့ အဲ့ဒါ ကိုအမှန်လို့ထင်လာပြီး ပြင်ဖို့ခက်ယဉ်းလာကြတယ် မဟုတ်တာမှန်းသိလည်း ဟုတ်တယ်လို့ပြောရဲလာကြပြန်တယ် ဗြောင်လိမ်ဗြောင်စားလုပ်ဖို့လည်း ဝန်မလေးကြတော့ဘူး အကျင့်ကပါလာပြီးဖြစ်တယ် စိတ်ကောင်းရှိတဲ့လူတွေကြတော့လည်း မကောင်းတာလေးတစ်ခုတွေးဖို့ ပြောဖို့ လုပ်ဖို့ဆိုတာကို အင်မတန်မှ ကြောက်ရွံ့ကြတယ် ရှက်ကြတယ် အခုခေတ်လူငယ်တွေက ဘုရားတရားနဲ့ဝေး ဘာသာတရားနဲ့ဝေး မိဘတွေနဲ့လည်းသွန်သင်ဆုံးမချိန်မရကြတော့ မကောင်းမှူ့  ပြုလုပ်မယ့်စိတ်ကို ထိန်းဖို့ အသိဥာဏ်မရှိကြတော့ဘူး သူများဘဝကို အောက်ခြေထိရောက်အောင် လုပ်ဖို့လည်းဝန်မလေးကြတော့ဘူး သနားကြင်နာမှူ့ တွေ ကိုယ်ချင်းစာတရားတွေ ဆိုတာလည်း အင်မတန်မကို အလှမ်းဝေးလာကြပြန်တယ် မဟုတ်စကားတစ်ခွန်းထွက်ဖို့လည်း ပိုလွယ်လာကြတယ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက်မကောင်းတဲ့အကြံ မကောင်းတဲ့အလုပ်တွေ လုပ်မိလာပြန်တယ်
လူတစ်ယောက်ကျင့်ရမယ် ကျင့်ဝတ်သိက္ခာဆိုတာတွေလည်းမရှိကြတော့ဘူး ကိုယ်ချင်းစာတရာတွေလည်းပျောက်ပြီ ကိုယ့်ဖို့ဆိုတာပဲ ကြည့်တတ်လာကြတယ် အင်မတန်မှကို ကြောက်စရာကောင်းလာတဲ့ ပါတ်ဝန်ကျင်အဖြစ်ကိုတဖြေးဖြေးနဲ့ ရောက်ရှိလာသလိုခံစားရတယ်
လောကကြီးမှာကျန်တဲ့တရားတွေမကျင်ကြံနိုင်ရင်နေပါ ကိုယ်ချင်းစာတရာကျင့်သုံးနိုင်တယ်ဆိုရင်ပဲ အင်မတန်မှကို ကောင်းလှပါပြီ
ပတ်ဝန်ကျင်မှာရှိတဲ့တွေ့သမျှမြင်သမျှကို ရေးရင်း ကိုယ်လည်းပဲ ကိုယ်ချင်းစာတရာရှိတဲ့လူ မကောင်မှူ့ ကောင်းမှူ့ သိတဲ့လူ မဟုတ်တာပြောဆိုလုပ်ကိုင်ရမှာရှက်ကြောက်တဲ့လူ အကုသိုလ်ကင်အောင်နေနိုငိတဲ့လူတွေ ဖြစ်အောင် ကြိုးစားနေထိုင်နိုင်ကြပါစေ။
image

Sort:  

ကြိုးစားရင် အောင်မြင်မယ် စိတ်အဓိကပါ
good

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60256.67
ETH 2327.64
USDT 1.00
SBD 2.46