ပုံပြင်​​လောက

in #story6 years ago

ဟိုး​ရှေး​ရှေးတုန်းက​ပေါ့
တောအုပ်​​လေးတစ်​ခုထဲမှာ လူမျိုးတစ်စု​နေထိုင်​ကြတာ​ပေါ့။ အဲ့​တောအုပ်​​လေးဟာ ပြင်​ပ​လောကသား​တွေကို မမြင်​ဖူးကြဘူး။ သူတို့က ငါးပါးသီလကို ​စောင့်​ထိန်းတဲ့ လူ​တွေပဲရှိတဲ့​နေရာ​လေးမှာ​ပေါ့။ ပြင်​ပ​လောကသား​တွေကလဲ အဲ့​နေရာကိုမမြင်​ဖူးသလို့ သူတို့ကလဲပြင်​ပ​လောကသား​တွေကိုမမြင်​ဖူးကြဘူး။
ဟိုးအရင်​ကဆို လူ​တွေရဲ့အသက်​ဟာ အလွန်​ရှည်​ကြာကြပါတယ်​။ သူတို့မှာ ​လောဘလဲမရှိ ​သောကလဲမရှိ​တော့ အသက်​ရှည်​ရှည်​​နေထိုင်​ကြတာ​ပေါ့။ ငယ်​ငယ်​ကကြားဖူးတဲ့ပုံပြင်​​လေးတစ်​ပုဒ်​လို​ပေါ့။ ဟိုးအရင်​​ခေတ်ကဆိုရင်​လူ​တွေဟာ ငါးပါးသီလပိုလဲ ​စောင့်​ထိန်းကြတယ်​ ​လောဘ​တွေ ​မောဟ​တွေ ​သောက​တွေကင်းစင်​​​တော့ သူတို့ အစာ​ရေစာအတွက်​ ပူစရာမလို​လောက်​​အောင်​ သစ်​ပင်​​တွေရှိကြတယ်​။ အဲ့သစ်​ပင်​​တွေဟာ လူတို့အစာ​ရေစာ​တွေ လိုအပ်​တဲ့ အချိန်​တိုင်း​ပေး​လေ့ရှိတယ်​။ အချိန်​ကာလ​တွေလဲကြာလာ​တော့ လူတို့ဟာ သူတစ်​ပါးပစ္စည်း​တွေလဲခိုးလာတတ်​ကြတယ်​။ မုသားစကား​တွေလဲ​ပြောလာတတ်​ကြတယ်​။ အဲ့လိုနဲ့ အစာ​ရေစာ​တွေ ​ပေးတဲ့အပင်​က​သေဆုံးသွားခဲ့ပြီး လူတိုင်းဟာကိုယ်​တိုင်​စိုက်​ပျိုးစားခဲ့ကြတယ်​။ လူတိုင်းဟာလဲ အချိနိ​တွေ ​ခေတ်​​တွေ​ပြောင်းလာတာနဲ့အမျှ အသက်​​တွေကလဲ အရင်​က​လောက်​မရှည်​ကြ​တော့ပဲ ​သေဆုံးကြ​တော့တယ်​။ လူတိုင်းရဲ့ဘဝ​တွေဟာ အို၊နာ​၊ပြီး​သေဆုံးကြတာပါပဲ​လေ။
အဲ့လိုနဲ့ အဲ့ရွာထဲကလူ​တွေက​တော့ သီးခြားဆိုသလို အသက်​ရှည်​ရှည်​နဲ့​နေထိုင်​ကြတာ​ပေါ့။ တစ်​​နေ့​တော့ အဲ့ရွာ​လေးထဲက ​မောင်​​မောင်​ဆိုတဲ့ လူတစ်​​ယောက်​က လူ့​လောကသို့​ပေါ်လာခဲ့တယ်​။ လူတိုင်းရဲ့အပြုအမူ​တွေက​တော့ သူတို့ရွာ​လေးနဲ့တခြားဆီ​ပေါ့။ လူ​တွေက ခိုးကြ ဝှက်​ကြ လိမ်​ညာ​စကား​တွေကို​ပြောဆိုကြတာ သူတို့အတွက်​​တော့ ထမင်းစား​ရေ​သောက်​သကဲ့ ရိုး​နေကြ​ပင်​မဲ့ ​မောင်​​မောင့်​အတွက်​​တော့ အလွန်​ပင်​ ရှက်​ရွံ့စရာ​ကောင်းတဲ့မြင်​ကွင်းပဲ​လေ။ အကြီးကိုလဲ အကြီးမှန်းမသိ ဘာသာတရားကိုင်းရှိုင်းတဲ့သူကလဲ အနည်းငယ်​မျှသာရှိတာကို ​မောင်​​မောင့်​အတွက်​​တော့ အလွန်​ပင်​ထူးဆနိးလွန်း​သောဖြစ်​ရပ်​ကြီးဖြစ်​​ပေသည်​။ တခြားမှမကြုံဘူး​သော လူ​တွေနဲ့​တွေ့ တစ်​ခုမှ မဖြစ်​ဘူး​သော ငါးပါးသီလကိုကျူးလွန်​​နေတဲ့သူ​တွေ​ကြောင့်​ အလွန်​ပင်​ ​ကြောက်​ရွံ့​နေမိတယ်​​လေ။ အဲ့လိုနဲ့ ​မောင်​​မောင်​မှာ ဗိုက်​ဆာလို့ မုန့်​​လေးတစ်​ခုကိုသွားကို သွား​တောင်းမိ​လေသတဲ့ ။ အဲ့လိုနဲ့ဆိုင်​ရှင်​က ​ငွေ​တောင်း​တော့ ​ငွေဆိုတာဘာလဲ​ပေါ့။ တစ်​ခါမှ မကြုံဘူး​သောစကား​ကြောင့်​​မောင်​​မောင့်​ခဗျာ ​ကြောင်​​ကြောင်​​တောင်​​တောင်​ဖြစ်​​နေတာ​ပေါ့။ ဆိုင်​ရှင်​ကလဲ ဒီလူဘယ်​လိုလူလဲ မုန့်​ဝယ်​ပြီး ​ငွေလဲမ​ပေးပါလား ရူး​နေသလား​ပေါ့။ ​နောက်​တစ်​​နေ့ကြ​တော့ ​မောင်​​မောင်​ ​သူတို့​တောအုပ်​​လေးဆီပြန်​​ရောက်​သွားတယ်​​လေ။ သူမ​နေ့ကဟာ​တွေက အိမ်​မက်​ဘဲဖြစ်​မှာပါ​လေ။ လူကြီး​တွေ မိသားစု​တွေကိုပြန်​​ပြောပြ​တော့ အ​တော်​ပင်​ ​ကြောက်​စရာ​ကောင်းတဲ့လုပ်​ရပ့်​​တွေပါလားလို့ ​ပြောကြ​လေသတဲ့။
image

Sort:  

Congratulations @yinmyo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65858.36
ETH 3493.88
USDT 1.00
SBD 2.53