ဟိုပင်
အရှေ့အနောက်ကို
ရထားလမ်းက ပိုင်းထားတယ်
တောင်မြောက်ကို ကားလမ်းက ခြားထားသတဲ့
ရင်ခွဲရုံဆန်ဆန် မြို့ ။
ဆိုင်လေးသုံးလေးဆိုင်နဲ့
ခပ်ချေချေ ပြောပုံက
ဆာရင် ညဈေးတန်းသွား တဲ့
ထုံးစံအတိုင်း ထမင်းကြော် မုန့်ဟင်းခါး နဲ့
ဓာတ်ဆီ တစ်ထောင်ဖိုး ။
ထည်ထည်ဝါဝါပါပဲ
ဗိုလ်အောင်ဒင် အိုးလ်ထရက်ဖို့ဒ်ရောက်နေတာ
အမှန်တရား...
တစ်သီးစားပန်းတွေ ဝေနေပုံ လှလွန်း ။
ခပ်ကြွားကြွားနေပုံက
မိုးညှင်းထက်သာတယ်
မြစ်ကြီးနားနဲ့ နီးတယ် ပေါ့
တစ်ပါတ်ရစ် ကွန်ကရစ်လမ်းပေါ်မေးတင်ရင်း
အဟောင်းဆန်ဆန် လတ်ဆတ်နေပုံ ။
အပြုံးတွေနဲ့ အသက်သွင်းထားတယ်
ရယ်မောသံတွေနဲ့ စည်ကားတယ်
တစ်နှစ် နှစ်ရာသီ
အေးမယ် စိုစွတ်မယ်
ဒါကိုပဲ တစ်ခါတစ်ခါ မနိုင်ဝန်ဖြစ်နေပုံ....
သူ
ဟိုပင် ။
...........
ဟို ပ င်
............
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
!cheetah ban
PERMANENTLY BANNED. Account is a part of multiple account plagiarism scam ring.
Congratulations @min2thant! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard: