"တစ်​ကန့်​စီ ထားပါ”

in #step6 years ago

ကော်​ဖီပူပူတစ်​ခွက်​ထဲကို ​ရေ​အေး​ရော​သောက်​လို့

မရသလို ​ထောပတ်​ထဲ ​ရေ​ရောလို့မရပါဘူး

အဲ့ဒီလိုပါပဲ လူ​လောကကြီးမှာ ရပ်​တည်​ဖို့ဆိုတာ

တစ်​ချို့အရာ​တွေကို တစ်​ကန့်​စီ ထားနိုင်​မှ

အဆင်​​ပြေမှာပါ



တစ်​ချို့အရာ​တွေက တစ်​ကန့်​စီ မထားနိုင်​ရင်

အပြင်​ကထရံ အတွင်းကာမိသလို

အတွင်းကမီး အပြင်​ထုတ်​မိသလိုဖြစ်​​နေတတ်​တယ်



တစ်​ခါတစ်​ခါကျ​တော့ အချစ်​နဲ့ဘဝကို ​ရောလိုက်​မိတဲ့အခါ အချစ်​​ရောဘဝပါ ပျက်​စီးရတတ်​သလို

စိတ်​ခံစားမှု နဲ့ ဖြစ်​ချင်​တာ​တွေကို ဖြစ်​သင့်​တာနဲ့

မချိန်​ဆမိတဲ့အခါ ဖြစ်​ချင်​တိုင်း​တွေ ဖြစ်​​နေတတ်​တယ်



နှလုံးသားနဲ့ ဦး​နှောက်​ကို တစ်​ခါတစ်​ခါမှာ

တစ်​ကန့်​စီမထားနိုင်​ရင်​ စိတ်​ထွက်​​ပေါက်​​တွေ

ပိတ်​လာတတ်​ပြီး ကိုယ်​နဲ့ မသက်​ဆိုင်​တဲ့ ​နေရာ​တွေကိုပါ ကိုယ့်​အပူလို ဝင်​ခံစားမိ​နေရင်​​တော့

မင်းမှာ နှလုံးသား အပိုတစ်​ခုပါရင်​​တောင်

လောက်​င မှာ မဟုတ်​ပါဘူး



လူတစ်​ချို့က အလုပ်​နဲ့မိသားစုကို တစ်​ကန့်​စီမထားတတ်​​တော့ အလုပ်​ထဲကဖြစ်​လာတဲ့ ဖိအားကို

မိသားစုအ​ပေါ် ​ပေါက်​ကွဲမိလာတတ်​သလို

လောဘနဲ့ အတ္တကို တစ်​ကန့်​စီမထားတတ်​​တော့

ဒေါသဆိုတဲ့အရာကို အင်​အားကြီးမားလာ​စေတတ်​ပါတယ်​။



လိုချင်​တာနှင့်​ ဖြစ်​ချင်​တာ​တွေကြားမှာ

အကန့်​မခွဲနိုင်​ခဲ့​တော့ ဖြစ်​သင့်​တာ​တွေ​ပျောက်​ဆုံးလာပြီး

ကော်​ဖီပူပူခွက်​ထဲကို ​ရေခဲရည်​ ​ရော​သောက်​မိခဲ့သလို

ဘဝရဲ့ အနှစ်​သာရ​တွေပါ အရသာ​ပျောက်​လာတတ်

တယ်​။



စိတ်​ခံစားမှု​တွေချည်းပဲ ဦးစား​ပေးခဲ့မိ​တော့

ခံစားရသမျှအတိုင်း လိုက်​လုပ်​​နေတာများလာ​တော့

ထောပတ်​ဖြစ်​လာရမည့်​ဘဝက နွားနို့ထဲ

ရေ​ရောခံရပြီး ကြာ​လေ အရည်​ကျဲ​လေ

အ​ရောင်​လွင့်​​လေဖြစ်​လာကာ ဘဝပါ

တန်​ဖိုးကျဆင်းလာတတ်​ပါတယ်



ဖြစ်​ချင်​တာပဲဖြစ်​ဖြစ်​ ၊ ဖြစ်​သင့်​တာပဲဖြစ်​ဖြစ်

ကိုယ်​လုပ်​ချင်​တာလည်း လုပ်​ကြသလို

လုပ်​သင့်​တာ​တွေလည်း တစ်​ကန့်​စီ ထားပြီး

လုပ်​​ဆောင်​နိုင်​မှ အရမ်းအရသာရှိတဲ့ ၊

မလိုင်​အပြည့်​ပါတဲ့ ဘဝ​ကော်​ဖီတစ်​ခွက်​ကို

စိတ်​​အေးလက်​​အေး​သောက်​သုံးနိုင်​မှာ

ဖြစ်​ပါတယ်​ ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68008.50
ETH 3261.73
USDT 1.00
SBD 2.66