ဘူးသီးတောင် ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးအဖွဲ့မှ ရိုဟင်ဂျာရွာသားအချို့အား ခေါ်ယူခြိ...

in #steempress6 years ago

ဘူးသီးတောင်။              ။ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာ အုပ်ချူပ်ရေးအဖွဲ့မှ မြေခွန်ပြေစာများအတွက် ကျသင့်နှုန်းထက် ပိုမိုကောက်ခံယူနေသောအုပ်ချုပ်ရေးအဖွဲ့က ရိုဟင်ဂျာရွာသားအချို့အား ရယကရုံးသို့ ခေါ်ယူခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။

မြေခွန်ပြေစာများအတွက် ကျသင့်နှုန်းထက် ပိုမိုကောက်ခံယူနေတဲ့ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးက ရိုဟင်ဂျာရွာသားအချို့အား  ခုလိုငွေကြေးကောက်ခံနေတဲ့အကြောင်းကို သတင်းမီဒီယာတွေထံ ဘာကြောင့် သတင်းပေးပို့တာလဲ၊ ဘာကြောင့် ဟိုဘက်ဒီဘက် လှုပ်ရှားနေတာလဲ ဆိုပြီး စွပ်စွဲပြောဆိုခဲ့တဲ့အပြင် ထောင်ထဲ ဝင်ချင်နေပြီလား လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

 “နောက်တစ်ကြိမ် ငါတို့ရဲ့ဘယ်လုပ်ရပ်မဆို အင်တာနက်သတင်း မီဒီယာများမှာ ပါလာခဲ့သည်ရှိသော် မင်းကို ငါစီးတဲ့ ဖိနပ်နဲ့ မင်းပါးကို ရိုက်ပြီးမှ မင်းရဲ့သက်တမ်းတစ်လျှောက်ရွာထဲကိုပြန်လာစရာမလိုအောင်  ထောင်ထဲကိုအပြီးပို့ပေးမယ်”လို့လည်း ထပ်မံ ပြောဆိုခဲ့ပါသည်။

နောက်နေ့တွင်လည်း ကျေးရွာရပ်မိရပ်ဖ အချို့ကို ကျေးရွာတာဝန်ခံက သက်ကြီးရွယ်အို မခွဲခြားပဲ ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ အပြင် ကျေးရွာကနေတောင် နှင်ထုတ်မယ်လို့ ခြိမ်ခြောက်လိုက်ပါတယ်။

အဆိုပါ ရွာသားများက ရိုဟင်ဂျာဗီးရှင်းနှင့် မည်သည့်ဆက်သွယ်မှုများမှ မရှိသော်လည်း သူတို့အား ယခုလို ပစ်မှတ်ထားခြင်းသည် အားနည်းနေသည့်ရွာသားများမှ မဟုတ်မတရားငွေညှစ်ရန် အခွင့်ကောင်း ရှာနေခြင်းပဲ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9-%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b1%e1%80%a1/

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63968.82
ETH 2633.99
USDT 1.00
SBD 2.84