ကိုယ်ပိုင်

in #steempress5 years ago

ကျွန်တော်တို့လူမျိုးတော်တော်များများက ကိုယ်တိုင်ဖန်တီးတာကို အရမ်းပျင်းရိကြတာတွေ့တယ်။ အားလုံးကိုမဆိုလိုပါဘူး တော်တော်များများကတော့ အဲလိုပါ။ ကျွန်တော်အပါအဝင်ပေါ့။ စာတစ်ပိုဒ် ရေးသားဖို့ တော်တော်ပျင်းနေခဲ့မိတယ်။ အင်္ကျီအပြဲလေးချုပ်ဖို့ မိမိကိုယ်တိုင်တော်တော်ပျင်းတယ်။ အချိန်ကိုလည်း မခွဲဝေတက်ဘူး။ ထိုင်နေရင်လည်း ထသွားရမှာပျင်းပြန်ရော။ စက်ဘီးနှင်းရမှာလည်းပျင်းတယ်။ လမ်းလျှောက်ရမှာလည်းပျင်း။ ဒါကြောင့် ကျန်မာခြင်းတွေလည်း မကျန်မာတာများလာတော့တယ်။ သဘာအတိုင်းပြုလုပ်ရနေပေမဲ့လည်း ဂျင်ကစားတယ်ဆိုပြီး ဆန်းကြယ်မှုတွေ ကအစဖြစ်ပေါ်လာတော့တာပဲ။ လူတော်တော်များများမှာလည်း စိတ်ဖိစီးမှုဒဏ်တော်တော်ခံစားနေကြပါတယ်။ စိတ်လွတ်လပ်မှုဆိုတာ ကြာလေ မရှိသလောက်လို့ဆိုနိုင်ပါတော့တယ်။ ဖုန်းတစ်လုံးရှိတာနဲ့ စိတ်ကို မလွတ်လပ်တော့ဘူး။ အမျိုးမျိုးသော စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့ အသက်တွေကိုတိုတောင်စေခဲ့တယ်လေ။

ဒီလိုမျိုးပုံစံမျိုး အနောက်နိုင်ငံတွေမှာတွေ့တာကတော့ သူတို့က ကိုယ်တိုင်ဖန်တီးမှုကို တော်တော်မြတ်နိုးတာတွေ့မြင်ရတယ်ဗျ။ စက်ဘီးဆိုလည်း ကိုယ်တိုင်ဖန်တီးပြီး စီးချင်ကြတယ်။ ထမင်း/ဟင်းကအစ ကိုယ်တိုင်ချက်ပြုတ်စားချင်ကြတယ်။ မိမိနေမဲ့ အိမ်ကိုလည်း မိမိစိတ်တိုင်ကျ ကိုယ်တိုင်ဆောက်ချင်နေချင်ကြတာတွေ့တယ်။ ဒီလိုမျိုးအကြောင်းအရာလေးတွေက အတုယူစရာလေးတွေပါ။ အထင်ကြီးတာမဟုတ်ပေမဲ့ ကောင်းမွန်တဲ့အရာတွေတော့ လက်ဆင့်ကမ်းယူသင့်ပါတယ်။ ကျွန်တော်စာကို ဖတ်သော ပိုဂ္ဂိုလ်ကြီးလည်း ကိုယ်ပိုင်လေးတွေဖန်တီးနိုင်ပါစေဗျာ။



Posted from my blog with SteemPress : https://news.sannaychi.com/?p=555
Sort:  

nice brother

Hi, @nayhlaingsoe!

You just got a 1.03% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99