What is a bounty exactly? Expalined in myanmar language
For english user this comment will explain about bounty. This comment is made by @steem-bounty
Bounty ဆိုတာဘာလဲ။
Bounty ဆိုတာကတော့ ပိုစ့်တစ်ခုကို မှတ်ချက်ပေးကြတဲ့သူတွေ ကိုခွဲဝေပေးတဲ့ ငွေကြေးဖြစ်ပါတယ်။ သူတိုsteem blockchain ကနေရတဲ့ SBD/Steem တွေကို မှတ်ချက်ပေးတဲ့သူတွေကို တိုက်ရိုက်ခွဲဝေပေးတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Steempower နဲ့ မပတ်သက်ပါဘူး။
Bounty တစ်ခုလုပ်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့ SBD/Steem တစ်ခုခုကို (ကိုယ်လွှဲချင်တဲ့ပမာဏ) @steem-bounty ကိုလွှဲပေးပါ။ memo မှာတော့ ကိုယ် ဆုပေးချင်တဲ့ ပိုစ့်ရဲ့လင့်ခ်ကို ထည့်ပေးပါ။ ဒါကတော့ author ကလုပ်ရမည့်အပိုင်းပါ။
Bounty ကို user တွေက ဘယ်လိုရနိုင်မလဲ။
User တွေအနေနဲ့မှတ်ချက်ပေးခြင်းအားဖြင့်ရနိုင်ပါတယ်။ အခြား steemit သုံးတဲ့သူတွေ ကပေးတဲ့ upvote တွေကို ရရှိဖို့ကြိုးစားရမှာဖြစ်ပါတယ်။ အထူးသဖြင့် Bounty ကို လုပ်ခဲ့တဲသူကပေးတဲ့ upvote ကို ရယူရမှာဖြစ်ပါတယ်။ Bounty ဆုကြေးကတော့ top level မှတ်ချက်တွေအကြားခွဲဝေပေးသွားမှာဖြစ်ပါတယ်။ ပိုစ့်ရဲ့သက်တမ်း ခုနှစ်ရက်ပြည့်တဲ့အချိန်မှာ ဆုကြေးထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဘယ်လောက်ရမလဲ ဆိုတာကတော့ ကိုယ့်မှတ်ချက်မှာရထားတဲ့ vote အပေါ်မှာမူတည်ပါတယ်။ Bounty ကို လုပ်ထားတဲ့သူပေးတဲ့ comment က အရေးပါပြီးတော့ 80% ကို သူ့ရဲ့ vote နဲ့ပဲ ဆုံးဖြတ်ပါတယ်။
@steem-bounty ကနေ အဲ့ဒိအရာတွေ အကုန်လုံးကို သူ့ဘာသာသူ လုပ်သွားပါလိမ့်မယ်။ မေးခွန်းကတော့ ကိုယ့်သဘောအတိုင်းပါပဲ။ ခက်တာကိုမေးလို့ရသလို လွယ်တာကိုလဲ မေးလို့ရပါတယ်။ ပြီးတာနဲ့ အဖြေမှန်တဲ့သူကို upvote ပေးဖို့ပဲလိုပါတယ်။
အပေါ်ကပုံကတော့ @horpey ရဲ့မွေးနေ့မှာ bounty ပေးထားတာပါ။
သုံးသပ်ချက်
အတော်ကို ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကိုယ့် SP ကနည်းနေပေမဲ့ ကိုယ်ကြိုက်သလောက် ဆုကြေးကို user တွေကိုခွဲပေးလို့ရပါတယ်။မေးခွန်းတွေမေးလို့လဲရပါတယ်။ ဥပမာ ပိုစ့်တွေကို သူများတွေကို curate လုပ်ခိုင်းပြီး ကိုယ်ကြိုက်တဲ့ ပိုစ့်ပါတဲ့ comment ကို upvote လုပ်ပေးမယ်ဆိုရင် curator အနေနဲ့ ပိုက်ဆံအလိုလိုရပါတယ်။ ကိုယ်က လွှဲပေးနေစရာမလိုပါဘူး။ နှစ်မျိုးရတာပေါ့။ အခြားသူတွေက comment တွေအများကြီးလာပေးနိုင်ပေမဲ့ အဲ့ ဒိလို လုပ်တဲ့သူတွေက 20% ကိုပဲ ခွဲယူရမှာဖြစ်ပါတယ်။ @horpey ရဲ့ ပိုစ့်မှာ bounty လုပ်ထားပါတယ်။
Congrats လုပ်ပေးကြပါဦး။
If you would like to delegate to @mmunited you can do so by clicking on the following links: 5 SP, 10 SP,15 SP, 20 SP, 25 SP, 50 SP, 100 SP, 250 SP . Be sure to leave at least 50SP undelegated on your account.
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=85