အဆင့် ၄ ကို ရောက်သွားပ​ြီ။

in #steempress5 years ago (edited)

Rank မှာ အဆင့် ၄ ကို ရောက်သွားပါပ​ြီ။ ဂ​ြိုဟ်ကတော့ ထပ်ရှာမတွေ့သေးပါဘူး။ ပထမတော့ SPUD5 အတွက် ပါဝါအပ် မလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ရှိနေတဲ့ SP က များနေတော့ ကိုယ်ပါဝါအပ်မဲ့ ပမာဏနဲ့က ပထမရဖို့ မလွယ်ပါဘူး။ အဲဒီတော့ ဒီတစ်ပတ်တော့ ပါဝါမအပ်သေးပဲ ထားလိုက်ပါဦးမယ်။

NC အကြောင်း ဆက်ပြီး ရေးပါဦးမယ်။ အဆင့် ၄ ဆိုတာကတော့ ကျွန်တော် အမြင့်ဆုံး ရောက်နိုင်တဲ့ အဆင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒီလို ထင်ခဲ့ ပေါင်းလဲ များနေပါပြီ ဒါပေမဲ့ အဆင့် က တဖြည်းဖြည်း တက်လာနေပါတယ်။ ဒီတစ်ခါကတော့ တစ်ကယ်ကို မလွယ်ဘူးလို့ထင်ပါတယ်။ ကျွန်တော့်အထက်မှာကတော့ Uraniumfuture, dacocolony နဲ့ Morrona တို့ ရှိပါတယ်။ Morrona ကတော့ delta-clan ကပဲ ဖြစ်ပါတယ်။ ကျန်တဲ့ အကောင့်နှစ်ခုကတော့ clan account တွေ ဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်အနေနဲ့ ကစားတဲ့ အကောင့် မဟုတ်ပါဘူး။ စုပေါင်း စပ်ပေါင်း လုပ်ပြီး ကစားထားတဲ့ အကောင့်တွေပဲ ဖြစ်ပါတယ်။

Token ထဲမှာတော့ CK ရဲ့ စိတ်ကူးကို သဘောကျပါတယ်။ သူက သူ့ တိုကင်ကို ဝယ်ထားတဲ့သူတွေကို ဝယ်ထားတဲ့ အဆင့်အလိုက်(အရေအတွက်) မဲဖောက်ပေးပါတယ်။ ဝယ်ထားတဲ့ တိုကင်ကများရင် များသလို မဲလက်မှတ်များများရပါတယ်။ သူ့တိုကင်က ဈေးတော့ ကြီးပါတယ်။ ကျွန်တော်တော့ စိတ်ဝင်စားမိပါတယ်။ ဒါပေမဲ့ သေသေချာချာ လေ့လာဖို့ လိုပါသေးတယ်။

ကျွန်တော်ပထမ ၅၀၀ Steem လောက် ပါဝါအပ်မလို့ပါ။ ဒါပေမဲ့ ကို @golden.future ကို ကျေးဇူးတင်ပါတယ်။ သူ့ ပိုစ့်ကို မဖတ်မိရင် ကျွန်တော့ အနေနဲ့ ပါဝါအပ်မိနေပါ ဦးမယ်။ အခုတော့ ပါဝါမအပ်သေးပါဘူး။

MSC တိုကင်ကိုလဲ အဲဒီလို လုပ်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ရေးသားပါဦ:မယ်။



Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=80
Sort:  

ဘဒို အဆင့် ၁ ဖြစ်ချင်ရင် ကျနော့ planet တွေ ယူလေ။ အတူတူ ကစားလို့ ရတာပဲ။

Thanks bro.

Testing on comments

Testing on comments

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01