စန်း ပြန်တက်လာပြီလား

in #steempress5 years ago

မနေ့က ဂြိုဟ် တစ်လုံး ထပ်တွေ့ပါတယ်။ Common copper ပဲ ဖြစ်ပါတယ်။ သိပ်တော့ တန်ဖိုးမရှိလှပါဘူး။ ဒါပေမဲ့ မတွေ့တာ အကြာကြီး နေပြီးမှ ပြန်ရှာတွေ့တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးလားစေပါတယ်။ အရင်လို တစ်နေ့ထဲကို ဂြိုဟ် သုံးလုံး ပြန်ရှာတွေ့တော့မလား ဆိုပြီး စိတ်ထဲမှာ ပျော်ရွင်လာပါတယ်။

အဆင့်ကတော့ ၆ မှာပဲ ရှိပါသေးတယ်။ အဆင့် ၅ ဖြစ်ဖို့ ဆိုတာက သိပ်တော့ မလွယ်လှပါဘူး။ နောက်ထပ် ဂြိုဟ်တွေ ထပ်ရှာတွေ့ဖို လိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဆင့် ၅ အထိ ရောက်အောင်တော့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဂြိုဟ် သုံးလုံးကို လွှဲလိုက်ရင် အဆင့် ၅ ဖြစ်နိုင်မလား။

ဂြိုဟ် သုံးလုံး ထပ်ထည့်လိုက်တာ အဆင့် ၅ ဖြစ်သွားပါတယ်။ ဒီအတိုင်းဆိုရင် အဆင့် ၄ ရောက်ဖို့ကလဲ သိပ်မလိုတော့ပါဘူး။ Skill ၅၀ လောက်ပဲ လိုပါတော့တယ်။ ဂြိုဟ် အရေအတွက် ချင်းကလဲ အတူတူပဲ ဆိုတော့ mine တွေကို များများ တင်နိုင်တဲ့သူက အသာရမှာ ဖြစ်ပါတယ်။ နောက်ထပ် ဂြိုဟ်တွေ ရှာတွေ့ပါမှ ဒီနေရာကို ထိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ယာဉ် ထုတ်လုပ်မှုကတော့ အရှိန် သိပ်မရသေးပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ များလာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ယာဉ် အစီး ၂၀၀ လောက်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ဂြိုဟ် တစ်လုံးကို ၄ စီး နှုန်းပေါ့။ အဲဒီ အတိုင်းမထုတ်နိုင်ရင်တောင် တစ်နေ့ကို ၁၅၀ ကျော်ရင်တော့ မဆိုးပါဘူး။

Images taken from



Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=13
Sort:  

ship တွေ အများကြီးပဲ နော်။ ship တွေ ရောင်းစားရင်တောင် အရင်းကျေလောက်ပီလား ဘဒို

Posted using Partiko Android

Ships တွေက ရောင်းလို့ မရတာက ခက်နေတာ။ တစ်ကောင်ကို ၀.၅ လောက်ရရင်တော့ ၁၅၀၀ Steem ရမယ်။

အင်း ဒီအတိုင်းဆို ကျနော်တို့ ဒီဂိမ်း ဆီက ပြန်ရနိုင်ပါဦးမလား မသိဘူးနော် စတင်းလေးတွေ

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63117.29
ETH 2601.03
USDT 1.00
SBD 2.76