ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ

in #steempress7 years ago (edited)

ဒီနေ့မှာတော့ ယာဉ် ၂၀၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဆင့်ကတော့ ၇ ဖြစ်ပါတယ်။ ထုတ်လုပ်မှုပိုင်းမှာတော့ အဆင့် ၁၅ ဖြစ်သွားပါပြီ။ ယာဉ် ဖျက်ဆီးမှုမှာတော့ အဆင့် ၈ နေရာမှာ ရောက်နေပါတယ်။ ထုတ်လုပ်မှုကတော့ အတော့်ကို နည်းသွားပါပြီ။ Dreadnought တွေ ထုပ်ဖို့အတွက် mine တွေကိုပဲ အဆင့်မြှင့်တင်နေတဲ့အတွက် ယာဉ်ထုတ်လုပ်မှုမှာ အနည်းငယ် နှောင့်နှေးသွားပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးချင်တဲ့ သဘောပါ။ Yamato မစခင်မှာ ယာဉ်စီးရေ ၃၀၀၀၀ လောက်ရှိနေမယ်လို့ ထင်ပါတယ်။

ရန်သူတွေကို တိုက်ခိုက်ပြီးတော့ resource တွေကို စုဆောင်ထားရဦးမှာ ဖြစ်ပါတယ်။ ဒါမှလဲ ကိုယ် အဆင့်မြှင့်တင်ချင်တာတွေ လုပ်ဆောင်လို့ ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ကိုရီးယားတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတစ်ပွဲမှာတော့ အနိုင်တိုက်ဖို့ လိုမယ်လို့ ထင်ပါတယ်။

Yamato က ဆုကြေး ဘယ်လောက်ရမလဲ တော့ မသိပါဘူး။ ဒါပေမဲ့ ဂြိုဟ်ဈေးတွေကတော့ ပြန်တက်လာနေတယ်လို့ ထင်ပါတယ်။ ဂြိုဟ်ဝယ်တဲ့သူတွေကလဲ များလာနေပါတယ်။ ကျွန်တော့်မှာ ဂြိုဟ် ၇၆ လုံး ရှိတာတောင်မှ ကိုယ်ထက် ဂြိုဟ်ပိုပြီး ပိုင်တဲ့သူတွေ အများကြီး ရှိလာနေပါတယ်။ သူတို့ဂြိုဟ်တွေက ပျံ့ကြဲနေပါတယ်။ ကိုယ့်ဂြိုဟ်တွေလဲ ပျံ့ကြဲနေတာပါပဲ။ ယာဉ်တွေကို တစ်နေရာထဲမှာ စုထားနိုင်မှ အဆင့်ပြေမှာ ဖြစ်ပါတယ်။ ဒါမှလဲ ရန်သူကို တိုက်ခိုက်နိုင် ရန်သူက လာပြီး တိုက်ခိုက်ရင်လဲ ခုခံနိုင်မှာ ဖြစ်ပါတယ်။ Nextcolony ကလဲ SM, DW တို့လိုပဲ ဆုကြေးကို တဖြေးဖြေးချင်း ပေးသွားမယ်လို့ ထင်ပါတယ်။ အကောင်းဆုံးကတော့ အခြေအနေကို စောင့်ကြည့်နေတာပါပဲ။ ကိုယ့်ဆီမှာ Yamato မှ မရှိရင် ဘယ်သူမှ လာပြီးတိုက်ခိုက်မှာ မဟုတ်ပါဘူး။ ကိုယ်ကလဲ သူများကို သွားမတိုက်ဖူးဆိုရင် ယာဉ်တွေ အများကြီး စုမိမှာ ဖြစ်ပါတယ်။ အင်အားကြီးလာမှပဲ သူများကို တိုက်ခိုက်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

NC မှာ အောင်မြင်ကြပါစေဗျာ။



Posted from my blog with SteemPress : https://steemhosting.com/?p=164

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.079
BTC 66285.85
ETH 1791.57
USDT 1.00
SBD 0.42