မိုးသည်းသောနေ့
ဒီနေ့ကတော့ မိုးသည်းတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းမှာ နေတဲ့ သူတွေ အတွက်ကတော့ မိုးသည်ထန်စွာ ရွာသွန်းတယ်ဆိုတာက ဖြစ်ရိုး ဖြစ်စဉ် ဆိုပေမဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ နေတဲ့ သူတွေကတော့ ဒါက ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ကိစ္စ တစ်ခု မဟုတ်ပါဘူး။ ဒီကနေ့မှာတော့ မိုးတွေ သည်းထန်စွာ ရွာခဲ့ပါတယ်။
မြန်မာစကားမှာ မိုးစနေ လေရာဟု ဆိုတဲ့ စကား ရှိပါတယ်။ ဒီကနေ့က စနေနေ့ မဟုတ်ပေမဲ့ မိုးသည်းထန်စွာ ရွာခဲ့ပါတယ်။ မိုးသားတိမ်လိပ်တွေ မရှိပါပဲနဲ့ ဗြုန်းစားကြီး ရွာခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ အချိန်မှာ ရွာခဲ့တဲ့အတွက် လူအတော်များများ အဝတ်တွေ ရုတ်ရ၊ မိုးစိုလို့မရတဲ့ ပစ္စည်းတွေ သိမ်ရနဲ့ အလုပ်ရှုပ်ကုန်ပါတယ်။
မိုးက သူ့တင်လာတာမဟုတ်ပါဘူး။ အဖော်အပေါင်းတွေပါ ခေါ်လာခဲ့ပါတယ်။ လေကတိုက်လိုက် လျှပ်စီးက လက်လိုက် မိုးက ခြိမ်းလိုက်နဲ့ပေါ့။ အသည်းငယ်သူတွေကို ကြောက်လန့်စေသလို လွမ်းတတ်သူတွေ အဖို့တော့ လွမ်းချင်စရာကြီးပေါ့။ ဒါပေမဲ့ မိုးခြိမ်းသံက တဂျိမ်းဂျိမ်းနဲ့ ဆိုတော့ လွမ်းဖို့ကို စိတ်ကူး မရောက်ဖူးဖြစ်နေပါတယ်။ ဘယ်တော့များ ငါ့အပေါ် မိုးကြိုးပစ်ချလိုက်မလဲလို့ တွေးပူနေရပါတယ်။

Image Source
သိကြားနဲ့ အသူရာကလဲ ဒီအချိန်မှာမှပဲ အငြိုးတကြီး တိုက်ခိုက်နေကြသလိုပါပဲ။ မိုးရွာတာကတော့ ကောင်းမွန်ပါတယ်။ ဒါက တောင်သူ လယ်သမားကြီးတွေကို အဆင်ပြေစေပါတယ်။ သီးနှံတွေ အထွက်တိုးစေပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အချက်ကတော့ လမ်းတွေ ပျက်ကုန်ပါပဲ။ မြန်မာနိုင်ငံလို မိုးများတဲ့ ရာသီဥတု ရှိတဲ့ နိုင်ငံမှာ မိုးရွာတာနဲ့ လမ်းပျက်တယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ လမ်းတွေက ပျက်အစဉ် ပြင်ခဏ ပဲ ဖြစ်နေဦးမှာပါ။
မိုးရွာတဲ့ အခိုက်မှာ မိုးရွာထဲ ထွက်ပြီး ကစားရတာကို အမှတ်ရမိပါတယ်။ လယ်ကွင်းတွေထဲ ထွက်ပြီး ရေချိုးတယ်။ ငါးဖမ်းမယ်။ သူများတွေ ငါးဖမ်းတာကို လိုက်ကြည့်ပါတယ်။ မိုးရွာပြီးကာစ ဆိုရင် တံတားတွေ နားမှာ ယက်သဲ့လို၊ ခြင်ထောင်ဇာနဲ့ လုပ်ထားတဲ့ ယက်သဲ့ အကြီးစားကို သုံးပြီး ငါးဖမ်းလေ့ ရှိပါတယ်။ မိုးရွာထဲ ရေကူးရတာ အတော်ကို ပျော်စရာ ကောင်းပါတယ်။ သိပ်မကူးတတ်ကူးတတ်နဲ့ပေါ့။ နောက်တစ်ခု လုပ်တာက ဘောလုံးကန်တာပါ။ ပျော်စရာ ကောင်းမယ်လို့ ထင်ရပေမဲ့ သိပ်ပြီးတော့ ကန်လို့တော့ မကောင်းပါဘူး။ ဘောလုံးက ရှေ့မရောက်ပဲ ဗွက်အိုင်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေပါတယ်။
မိတ်ဆွေရော မိုးရွာနေတဲ့ အချိန်မှာ ဘာလုပ်လေ့ ရှိပါသလဲ။
Posted from my blog with SteemPress : https://steemhosting.com/?p=54

😴😴😴
Posted using Partiko Android