နံပါတ် ၉ ဖြစ်သွားပြီ

in #steempress7 years ago (edited)

ဒီတစ်ခါမှာတော့ နံပါတ် ၉ ဖြစ်သွားပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကို @bobokyaw က သူ့ ဂြိုဟ်တွေကို mancer ကို ရောင်းသွားလို့ပဲ ဖြစ်ပါတယ်။ ဈေးကတော့ အတော့်ကို နည်းတယ်လို့ ထင်ပါတယ်။ တကယ်ဆို ဒိထက် မက ရသင့်ပါတယ်။ အခုလောလောဆယ် Stardust ရဲ့ ပေါက်ဈေးက တစ်ခုကို 0.002 Steem ပဲ ဖြစ်ပါတယ်။ Rare Uranium ဂြိုဟ်တစ်လုံးက Star Dust 90000 နဲ့ညီမျှပါတယ်။ Steem ၁၈၀ လောက်ရှိပါတယ်။ ကြာလာလေ ဈေးတက်လာလေ ဖြစ်မှာပါ။ Rare Copper ဂြိုဟ် တစ်လုံးကို 140 Steem လောက်တန်ပါတယ်။ သူ့အနေနဲ့ ဂြိုဟ်တွေကို Star dust ပြောင်းလိုက်ရင်တောင် တန်နေပါပြီ။ ပြဿနာ က တစ်ခုပဲ ရှိပါတယ်။ Star dust ကို အပြင်မှာ ရောင်းရင် အဲဒီလောက်ဈေးမရပါဘူး။ DwD လို ဖြစ်နေတာပေါ့ပါ။ သူပြန်ဝယ်ရင် ဈေးကို ငါးပုံ တစ်ပုံလောက်နဲ့ ဝယ်ပါတယ်။

အဲဒီတော့ တန်ဖိုးရှိနေပေမဲ့ ဝယ်မဲ့သူက မရှိပါဘူး။ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူ တေ့တော့ ဆိုင်ဆိုင်တွေ့မှ ရောင်းလို့ ရမဲ့ သဘောဖြစ်နေပါတယ်။ SM ရဲ့ Dec က တော့ ရောင်းလို့လဲ လွယ်တယ်။ ဝယ်လို့လဲ လွယ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

Yamato စကာနီးမှ ဂိမ်းထဲကနေ ထွက်သွားတော့ yamato ရဲ့ အရသာကို မခံစားလိုက် ရတော့ ဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် အကျိုးအမြတ် တစ်ခုခုရလို့ အခုလို ရောင်းသွားတာလို့ပဲ ယူဆမိပါတယ်။



Posted from my blog with SteemPress : https://steemhosting.com/?p=224
Sort:  

ဟုတ်တယ် bro အောက်ဈေးနဲ့ဘဲ တစ်စုတည်း ရောင်းလိုက်တယ်
ခွဲရောင်းရင် ရပေမယ့် ၀ယ်မယ့်သူက သိတဲ့အတိုင်း အလွန်ရှားပါတယ်
အခုနောက်ပိုင်း အလုပ်များတော့ ဆက်ပြီး ထိန်းဘို့ မလွယ်တော့ဘူး
ကံကောင်းပါစေ brother.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64061.63
ETH 1777.68
USDT 1.00
SBD 0.39