ရာသီကုန် နောက်ဆုံးနေ့များ

in #steempress5 years ago (edited)

SM ရာသီကတော့ မနက်ဖြန်ဆိုရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Gold I မှာပဲ ရှိနေပါသေးတယ်။ Diamond ကို တက်လှမ်းဖို့တော့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်။ ဘာပဲ ပြောပြော ကဒ် ၃၀ လောက်ရမယ်ဆိုတော့ မဆိုးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လက်ထဲမှာတော့ Beta cards တွေကို ကိုင်ထားပါတယ်။ ဈေးအနည်းငယ်တက်လာမှ ရောင်းမယ်လို့ စိတ်ကူးမိပါတယ်။

ကျွန်တော့်ရဲ့ အားအနည်းဆုံးတပ်ဖွဲ့ကတော့ ရေလှိုင်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သူ့ထက် အင်အားတောင့်ပါတယ်။ စစ်သား တပ်ဖွဲ့ကတော့ အင်အား အတောင့်ဆုံးပါ။စစ်သားနဲ့ တိုက်ရင်တော့ နိုင်တာ များပါတယ်။ ကျန်တာတွေနဲ့ တိုက်ရင်တော့ သိပ်မနိုင်တတ်ပါဘူး။

ဘာပဲ ပြောပြော ဒီတစ်ခါ ကဒ်တွေ ဖွင့်ရင်တော့ Legendary ဒါမှမဟုတ် Gold ဒါမှမဟုတ် GFL တစ်ခုခု ဒါမှမဟုတ် တစ်ခု ထက်ပိုပြီး ရမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော့်အနေနဲ့ Gold တွေ ရပေမဲ့ Legendary တွေတော့ မရပါဘူး။ Ruler of the seas ရရင်တော့ အတိုင်းထက် အလွန်ဖြစ်သွားမှာပါ။

အသစ်ထွက်တဲ့ untamed စီးရီးထဲက pack ၇ ခုတော့ ဝယ်ထားပါတယ်။ အဲဒီလို ဝယ်ထားရင် airdrops ထဲမှာ ပါမယ်လို့ ဆိုပါတယ်။ ပထမ 100000 ထဲမှာ ဝယ်ထားရင် airdrops တွေ အကုန်လုံးထဲမှာ ပါမယ်လို့ ဆိုပါတယ်။ ဝယ်မယ်ဆိုရင်လဲ ဒီအချိန်မှာ ဝယ်ထားတာ က တန်ပါတယ်။

SM ကဒ်တွေ ဝယ်နေတာနဲ့ Steem တွေလဲ ကုန်ပါပြီ။



Posted from my blog with SteemPress : https://steemhosting.com/?p=195
Sort:  

ရင်းနိုင်လေရလေပဲ

Hi, @mmunited!

You just got a 2.36% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88