ယာဉ် ၈၀၀၀ ပြည့်ပြီ
ဒီတစ်ခါမှာတော့ ယာဉ် ၈၀၀၀ ပြည့်တဲ့ အကြောင်း ပိုစ့်တင်မှာ ဖြစ်ပါတယ်။ ယာဉ် အရေအတွက် ၈၀၀၀ ပြည့်ခဲ့ပါပြီ။ Destroyed ship ကတော့ ၁၀၀၀၀၀ ပြည့်ဖို့နီးစပ်လာနေပါပြီ။ ယာဉ်ထုတ်လုပ်မှု ကတော့ အားရ ကျေနပ်စရာ ကောင်းနေပါသေးတယ်။ ယာဉ် ၉၀၀၀ ပြည့်ဖို့အတွက် သိပ်ကြာကြာ မစောင့်ရတော့ပါဘူး။
ဒီနေ့ CK တိုကင် ၁၀၀ ဝယ်ပြီး ထည့်လိုက်ပါတယ်။ ဈေးကတော့ အနည်းငယ် ကြီးပါတယ်။ ဒါပေမဲ့ ကံစမ်းမဲတွေ ထီတွေကလဲ ရှိပါတယ်။ ကံကောင်းရင်တော့ မဲပေါက်မှာပေါ့ဗျာ။ ကံမကောင်းရင်တော့ ဘယ်လို ဖြစ်လာမလဲ မသိပါဘူး ကံစမ်းမယ့်သာ စမ်းရတာ ကံကလဲ သိပ်တော့ မကောင်းလှဘူးရယ်။
Pal တို့ Neoxian တို့ကိုတော့ ကိုယ်တတ်နိုင်သလောက်တော့ stake လုပ်နေတာပါပဲ။ ဒါပေမဲ့ တိုးနှုန်းကတော့ နည်းနေပါသေးတယ်။ Esteem ဗုတ်ပေးတာကတော့ တန်ဖိုးအတော်ကို နည်းသွားပါတယ်။ Estm တွေ သုံးပြီး boost လုပ်မှ ရတော့မယ်နဲ့ တူပါတယ်။
အခုအချိန်မှာတော့ ယာဉ်တွေကို စုထားဖို့ လုပ်နေပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ Legendary planet တွေနားမှာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အင်အားတွေကို စုစည်းထားဖို့ လိုပါတယ်။ အင်အား တွေကို မစုစည်းထားနိုင်ရင် သူများလာတိုက်ရင် ခံသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂြိုဟ်တစ်ခုထဲမှာ ယာဉ်တွေ အကုန်စုထားရင်လဲ တပ်ဖွဲ့တွေ စေလွတ်တဲ့အခါမှာ Uranium အတော်ကုန်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဂြိုဟ်တွေကိုတော့ Seige လုပ်ထားပြီး ယာဉ်တွေ ပို့လို့ မရအောင် အဓိက လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။ ကိုယ့်ဆီမှာ Legendary တစ်လုံးမှ မရှိတာကတော့ စိတ်မကောင်းစရာပါပဲ။ အခုလောလောဆယ်မှာတော့ ကိုယ့်နေရာတွေကို ကျူးကျော်ဝင်လာတဲ့ သူတွေကို တိုက်ထုတ်နေရပါတယ်။
Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=94
Congratulations @mmunited! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!