မီးလျှံကြားက ချစ်လိပ်ပြာ
ဒီဇာတ်လမ်းတွဲကိုတော့ Fortune tv channel မှာ ပြပါတယ်။ ကျွန်တော်ကတော့ စိတ်ဝင်စားမိလို့ ကြည့်မိတာ အခုဆိုရင် ၁၇ ပိုင်းတောင် ရောက်နေပါပြီ။ Fortune tv ဆိုတာက ပျော်ရွင်ပါ လို့ ပြောလေ့ရှိတဲ့ tv channel ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာက မင်းသမီးက သိုင်းလောကထိပ်သီး လှျဲ့ဟော် အိမ်တော်ရဲ့ သခင်မလေးပဲ ဖြစ်ပါတယ်။ သူ့မှာ ငယ်စဉ်ကထဲက သံယောဇဉ် ရှိရတဲ့ ဂိုဏ်းတူ အကို တစ်ယောက်ရှိပါတယ်။ နောက်ပြီးတော့ ဘုရင့်ရဲ့ ခုနှစ်ယောက်မြောက်သားကလဲ သူတို့ အိမ်တော်ကို လာပြီးတော့ ပညာသင်ယူပါတယ်။ သူက သူ့ရဲ့ ပညာသင် အကို ကျန့်ဖုန်းကို သဘောကျနေပါတယ်။ သူတို့ စေ့လဲ စေ့စပ်ထားကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျန့်ဖုန်းက အပြင်က မိန်းကလေး တစ်ယောက်ကို ခေါ်လာပါတယ်။ ပြီးတော့ သူတို့ စေ့စပ်ထားတာကိုလဲ ဖျက်ပစ်လိုက်ပါတယ်။ လှျဲ့ရူကယ်က ဖိန်းကြားလို လို့ ခေါ်တဲ့ ဆောင်ကြာမြိုင်ကို လေ့လာရအောင် ထွက်သွားပါတယ်။
သူက အဲဒီမှာ ရင်းရွယ်လို့ ခေါ်တဲ့ ဖျောင်းမြောင်း ဂိုဏ်းချုပ်နဲ့ တွေ့ပါတယ်။ အခုနောက်ဆုံးပိုင်းတွေမှာကတော့ ဖြောင်းမြောင်းဂိုဏ်းချုပ်လဲ သေသွားပါပြီ။ သူ့ရဲ့ ပညာသင် အစ်ကိုလဲ အခြားသူနဲ့ လက်ထပ်သွားပါပြီ။ သူ့အစ်ကို သူ့ကို ဘာဖြစ်လို့ မချစ်နိုင်တာလဲ။ သူဘာဖြစ်လို့ ပြောင်းလဲ သွားတာလဲ ဆိုတာကိုပါ သိသွားပါပြီ။ သူနဲ့ လက်ထက်လိုက်ရင် လှျဲ့ဟော် အိမ်တော်ကို အလွယ်တကူ ဆက်ခံခွင့်ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ခဲ့ပါဘူး။ အခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီးမှ လှျဲ့ရူကယ်ကိုလဲ အိမ်တော် အုပ်ချုပ်ခွင့်ကို လက်လွှတ်ဖို့ ခြိမ်းချောက်ခဲ့ပါတယ်။
ဒါတွေက ဘာကြောင့်များ ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။ Fortune tv channel မှာ monday to friday ည ၉ နာရီမှာ လာပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=480
Hi, @mmunited!
You just got a 2.67% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.
မကြည့် ဖြစ်ဖူ တော့ ကြည့် ကြည့်ဦးမှ ကြိုက်ရင် ဒေါင်းပလိုက်မယ်