ကံမကောင်းတဲ့နေ့

in #steempress6 years ago

ပြောရရင်တော့ မနေ့က ကံမကောင်းတဲ့နေ့ တစ်နေ့ပဲ လို့ ပြောရမလို ဖြစ်နေပြီ။ ဂြိုဟ်တစ်လုံးမှ ရှာမတွေ့ ဘူး ဖြစ်နေတယ်။ ဂြိုဟ်လေးလုံးမှာပဲ ရပ်တန့်နေတော့မှာလား မသိဘူး။ ရှာဖွေဖို့ ကြိုးစားနေပေမဲ့ ရှာလို့ မတွေ့ဘူး ဖြစ်နေတယ်။ သူများဂြိုဟ်တွေ ဘက်သွားကြည့်တော့လဲ ဘာမှ မတွေ့ဘူး။ အခိျု့လူတွေဆိုရင် စုစုပေါင်း ဂြိုဟ်ရှစ်လုံးလောက်တောင်ရနေပါပြီ။ ကိုယ့်နေရာလေး မြဲနေပါ့မလားလို့တောင် စိတ်ပူနေရပါပြီ။ ဂြိုဟ်ရှာလို့ မတွေတဲ့ ရက်တွေ ကြာလာတာနဲ့ အမျှ အဆင့်က တဖြေးဖြေး ကျလာမှာ ဖြစ်ပါတယ်။ ဂြိုဟ်တ်လုံးဆို ဆိုသလောက် အတော်ကို သိသာပါတယ်။

ကိုယ့်မှာ ဂြိုဟ်တစ်လုံးထဲ ဆိုရင်တော့ ထိပ်ဆုံး ၁၀၀ ထဲ ဝင်ဖို့တောင်မှ မလွယ်လှပါဘူး။ ဒီနေ့ explorer ခြောက်ခုနဲ့ ရှာတာတေင်မှ ဂြိုဟ်တ်တစ်လုံးမှ မတွေ့ဘူးဆိုတော့ အတော်ကို များသွားပါပြီ။ မနက်ဖြန်မှာတော့ ရှာလို့များ ပြန်တွေ့မလားဆိုပြီး မျှော်လင့်လျှက်ပါ။

လောဘဆိုတာ အတော်မသတ်နိုင်ဘူးဆိုတာ တကယ့်ကို မှန်ပါတယ်။ ဂြိုဟ်တစ်လုံး ရှိတော့လဲ နှစ်လုံး ရှိချင်တယ်။ အခုလေးလုံးရှိတော့လဲ ငါးလုံး ရှိချင်နေပြန်တယ်။ လူ့စိတ်က အတော်ကို ခက်တာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ဂြိုဟ်ခြောက်လုံး လောက် ရှိထားရင်တော့ ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ဝင်နေမယ်လို့ ထင်ပါတယ်။ အနီး အနားကို ပဲ အာရုံစိုက်ရင် ကောင်းမလား။ သူများ ဂြိုဟ်တွေနာကို သွားရှာရင်ကောင်းမလားဆိုတာ ဒွိဟ ဖြစ်နေဆဲပါ။ အနီအနားမှာက ဂြိဟ်တစ်လုံးပဲ ရှာတွေ့သေးတယ်ဆိုတော့ ရှာတွေ့ နိုင်ခြေ အရမ်းများတယ်လို့ ထင်ပါတယ်။ ဘယ်နေရာမှာ တွေ့မလဲ သာ မသိသေးတာပါ။

ကိုယ်တောင် အဲဒီလောက် ဂြိုဟ်ရှာချင်စိတ်များနေရင် ဂြိုဟ်တစ်လုံးမှ မတွေ့သေးတဲ့သူတွေဆို ဘယ်လိုနေမလဲ ဆိုတာ စဉ်းစားနေမိပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=341
Sort:  

ဘာတေ ဖစ် နားကိုလယ်ဘူး အေ ကောင်းကင်က ဂြိုဟ် လား ဟ်

ကြယ်တွေစုံတဲ့ ညမှာ ဂြိုဟ်တွေ ဖမ်းနေတာလေ။ ကြယ်တာရာ အစီအရင် လုပ်မလို့

ကိုရှိန်းရေ www.steemcoinpan.com ဝင်ကြည့်သေးလား၊ 1SCT ကို 0.28$ လောက်ရတယ်ဗျ။ပြီးတော့ သူတို့က 2 SCT လောက်လာ vote တယ်

Posted using Partiko Android

လုပ်တော့ကြည့်သေးတယ်ဗျ။ အခြားအကောင့်တစ်ခုနဲ့။

explorer ၃ လုံးကို အနားမှာ ရှာ။ ကျန်တာ အဝေးမှာ ရှာမယ် ကျွန်တော်ဆိုရင်။ ဆက်တွေ့မှာပါ ဘဒို ရာ။ အချိန်တပတ် တော့ရှိပါသေးတယ်။

Posted using Partiko Android

တိုက်ပွဲအတွက်ကလဲ ပြင်ရဉီးမယ်ဗျ

စိန်မပျက်နဲ့အကို။အကိုနောက်မှာ ကျော်တို့ရှိသေးတာ သတိရပါ။မရှိတဲ့သူတွေထက်တော့ကံကောင်းပါတယ်အကိုရေ

Posted using Partiko Android

ဟဟ ဟုတ်ပါ့ ဘရိုရေ

Hi, @mmunited!

You just got a 3.05% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94687.77
ETH 3416.09
USDT 1.00
SBD 3.32