အာကာသစစ်ပွဲ
မကြာခင်မှာ စတင်တော့ မယ့် အာကာသ စစ်ပွဲအတွက်ကို ကြိုတင်ပြင်ဆင်မှုတွေ များစွာ လုပ်ဆောင်နေရပါတယ် ဒီတစ်ခါ စစ်ပွဲကတော့ အမှန်တကယ် တိုက်ခိုက်ကြရမယ်လို့ မျှော်လင့်ပါတယ် ရှေ့က ထွက်ထားတဲ့ ဆေးဝါးဂိမ်းကတော့ အပြင်းအထန် တိုက်ခိုက်ရမှုတွေ မရှိသလောက်ပါဘဲ ဘာလို့လဲဆိုတော့ကာ သူကလည်း ကိုယ့်ကို မတိုက်ရဲ ကိုယ်ကလည်း သူ့ကို မတိုက်ရဲ တိုက်ခဲ့မယ်ဆိုရင်လည်း နှစ်ဦးနှစ်ဖက် နစ်နာမှုတွေနဲ့ဆိုတော့ တက်နိုင်သမျှ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ရခြင်းတွေကို ရှောင်ကြပါတယ်
ဒါကြောင့် ဆေးဝါးဂိမ်းက တိုက်ပွဲ မရှိသလောက်နည်းပါတယ် အကျိုးစီးပွား အတွက်သာ ဦးတည်လုပ်ကြတဲ့အတွက် ဂိမ်းရဲ့ တိုးတက်မှုကလည်း အလွန်နှေးကွေးလှပါတယ် ရင်းနှီးထားသူများလည်း စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုပ်ထွက်ခွါလို့ သွားကြပါပြီ နောင် အနာဂါတ်မှာ အဆင်ပြေမယ်ဆိုတာကို ဘယ်သူမှ စိတ်ရှည်လက်ရှည်မစောင့်နိုင်ကြပါဘူး လက်ငင်း အကျိုး မမြင်တွေ့ရရင် ဘယ်သူမှ အချိန်ကုန်မခံကြတော့ပါဘူး လုံးဝ နားလိုက်သူတွေတောင် မြင်နေရပါတယ် သူပေးတာကလည်း အလွန်နည်းပါးလွန်းတာကြောင့်ဖြစ်ပါတယ်
အာကာသစစ်ပွဲကတော့ ဆေးဝါးဂိမ်းနဲ့ တူသယောင်ရှိပေမယ့် တက်ယ်တမ်းတော့ အာကာသစစ်ပွဲက တန်ဖိုးကြီးလွန်းလှပါတယ် စစ်ထဲပါဝင်ဖို့တောင် အကုန်အကျ များစွာ ခံနိုင်မှ ပါဝင်ခွင့်ရမယ့်သဘောပါဘဲ အကျိုးအမြတ်ကတော့ ဘယ်လိုလာမယ် မမြင်ရသေးပါဘူး သူ့အပြောနဲပ သူ့ကတိက၀တ် တည်ခဲ့မယ်ဆိုရင်တော့ ရင်းနှီးလုပ်ကိုင်သူတွေ မျက်နှာပန်းလှပြီး အကျိုးအမြတ်ရကြမှာပါ အဲ့သလိုဖြစ်လာဖို့လည်း ကိုးဆယ်ရာနှုန်းလောက် အခြေအနေကောင်းတယ်လို့ သိရပါတယ်
ဘယ်လိုဖြစ်ဖြစ်ပါ သူကတော့ ရှေ့က ဂိမ်းတွေထက် သာလွန်အောင် အမှားနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်မှာ အသေအချာပါဘဲ ရင်းနှီးထားသူတွေရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်စေရဘူးလို့ ပြောထားလေတော့ ရင်းရတာ စိတ်ပေါ့ပါးစေပါတယ် စိတ်တထင့်ထင့်နဲ့ စိုးရိမ်ပူပန်ရခြင်းတွေ နည်းပါးစေပါတယ် အကျိုးအမြတ်မမြင်ရသေးတာတောင် အရင်းအနှီးများစွာနဲ့ စွန့်ဦးလုပ်ကိုင်သူတွေ နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ် ဒါကတော့ ဂိမ်းရဲ့ အလျှင်အမြန် ကြီးထွားမှုနှုန်းကို အထောက်အကူဖြစ်စေပါတယ် အကျိုးအမြတ်မြင်ရမှ စမယ့်သူများကတော့ ရှေ့က လုပ်နှင့်သူများအောက် နည်းပါးသော အခွင့်အရေးလောက်ဘဲ ရနိုင်မှာပါ နောက်မကျခင် ရင်းသင့်တာ ရင်းပြီး အာကာသစစ်ပွဲထဲ အရောက်သွားလိုက်ပါ ချိုမြိန်သော အခွင့်အရေးတွေက အသင့်စောင့်နေပါတယ်
Author : @bobokyaw
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/05/06/%e1%80%a1%e1%80%ac%e1%80%80%e1%80%ac%e1%80%9e%e1%80%85%e1%80%85%e1%80%b9%e1%80%95%e1%80%bc%e1%80%b2/