သတိတစ်ချက်အလွတ်

in #steempress5 years ago


https://nextcolony.io/

ဒီနေ့တော့ ဆော်ပလော် အတီးခံလိုက်ရပါတယ် သတိလေး တစ်ချက် လွတ်သွားတာနဲ့ နောက်ကနေ ဘယ်ကတည်းက ချောင်းနေမှန်းမသိတဲ့ အခွင့်အ ရေးသမားက အလစ်အငိုက်မှာ ၀င်တွယ်တာပါ ကိုယ်ကလည်း ဒီနေ့ အလုပ်များနေတဲ့အတွက် ၀င်မကြည့်ဖြစ်လို့ ရှောင်ချိန်မရလိုက်ပါဘူး ကိုယ့်အပြစ်နဲ့ကိုယ်မို့ မတက်နိုင်ပါဘူး လက်ခံလိုက်ရပါတယ် လက်မခံလို့လည်းမရဘူးလေ သူက အပိုင်လှော်သွားတာဆိုတော့ ဒီအတိုင်း ငေးကြည့်နေလိုက်ရတယ် ကိုယ်ဝင်ကြည့်မိချိန်က သူ ပြန်သွားတဲ့ အချိန်ဖြစ်နေပြီ ကိုယ်က ပြန်ဆော်ဖို့ မဖြစ်နိုင်သေးတော့ လုပ်ပေါ့ကွယ် မင်းက အင်အား ကောင်းတာကိုး လုပ်ပါ လုပ်ပါ

ဂိမ်းကစားနေတာနဲ့ ကျန်တာတွေလည်း ဘာတွေဖြစ်တယ်မသိအောင် အဆက်ပြတ်လာပါပြီ နောက်ဆိုရင်တော့ စတီးမစ်ပေါ်ကနေ အပြီး ဆင်းသွားရမည်လား မပြောတက်သေးပါဘူး စတီးမစ်ကလည်း နေချင့်စဖွယ် အရပ်ဒေသဖြစ်အောင် ဖန်တီးပေးတာတွေ မရှိတော့ တွယ်ကပ်နေသူအတွက်တော့ ကြာလာတဲ့အခါ စိတ်နာချင်လာပါတယ် မတက်နိုင်ပါဘူး အခုလို တောမရောက်တောင်မရောက် အခြေအနေမှာ ဒီလိုဘဲ အားတက်ဖွယ် လေးတွေ ရှာကြံတွေးပြီး အပြစ်တင်ရတာပေါ့လေ လုပ်ပေါက်က တလွဲတွေချည့်ပါဘဲ ဒီအတိုင်းကြိးတော့ မလွယ်ဘူး ကြာရင် ရူးနိုင်တယ်

အာကာသ စစ်ပွဲတွေက တဖြည်းဖြည်း ကြမ်းလာသလိုပါဘဲ အရင်ဂိမ်းတွေနဲ့ မတူတာတော့ အခုထိ ဘာမှပြန်မပေးသေးတာပါဘဲ မပေးတော့ဘူးလို့လည်း ပြောနေကြပါတယ် ဒါကတော့ ဖြစ်နိုင်ချေ နည်းပါတယ် မပေးလို့တော့ မရဘူးမဟုတ်ပါဘူး မပေးဘဲတော့ ဒီအတိုင်းကြီး အစိမ်းစားသွားလို့ မသင့်တော်ဘူးလားလို့ပါ အခုထိမပေးသေးပုံထောက်တော့ သူလည်း လိုသလောက်မရသေးလို့ ဖြစ်ချင်ဖြစ်မှာပါ ရတာမရတာကနောက်ပေါ့ အခုတော့ ဂိမ်းက တော်တော်ကို ကစားလို့ ကောင်းနေတယ် ဂိမ်းထဲ မျောသွားလိုက်ရင် တစ်မနက်ခင်းကတော့ အသာလေးဘဲ ဘယ်လို အချိန်တွေကုန်သွားလိုက်မှန်းမသိဘူး ဒါတောင် အကျိုးအမြတ်မပေးသေးဘူးနော် ပေးများလာရင်တော့ တစ်နေကုန် ကစားနေမိမလားမပြောတက်

@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=31

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62716.82
ETH 2447.73
USDT 1.00
SBD 2.65