အပ်ဒိတ်အသစ်ကြိးနဲ့ အသားမကျနိုင်သေးပါ

in #steempress5 years ago


စတင်းမွန်းစတားက မနေ့ကညပိုင်း အပ်ဒိတ်လုပ်တယ် အဲ့ဒီမတိုင်ခင်က တိုက်ပွဲတွေကိုအလွယ်

တကူ တိုက်ခိုက်လို့ရခဲ့ပါတယ် အတွဲကောင်းတစ်တွဲလောက် အပိုင်ရှိထားရင် အဲ့ဒီအတွဲနဲ့ ဆက်တိုက် တိုက်ခိုက်ရင် ဖလားက အမြင့်ပိုင်းကို တဖြည်းဖြည်း ရောက်ပါတယ် ဘယ်လောက်

မမျှတတဲ့ တွေ့ဆုံမှုဖြစ်နေပါစေ တရစပ်တိုက်ခိုက်မယ်ဆိုရင် ဆာဗာက အနိုင်ပေးပါတယ်

ဒီလိုနဲ့ ချန်ပီယံကို ရောက်သွားခဲ့တယ် မရောက်ဖူးတဲ့ နယ်မြေသစ်ထဲ သိပ်ကြာကြာမနေလိုက်ရပါဘူး စနစ်အသစ်နဲ့ အပ်ဒိတ်ချလာတော့ ရှိပြီးသား ဖလားတွေ ပြန်သိမ်းသွားပါတယ် တတိယ ရာသီပွဲစဉ်ကို စတင်လိုက်လို့ဖြစ်ပါတယ်

အရင်ပထမရာသီပွဲစဉ်တုန်းက မကစားချင်သေးဘူး အသစ်ဆိုတော့ ဘာမှန်းမသိဘူးပေါ့

ဘရားသားကြီးကတော့ ကစားဖို့ပြောပါတယ် သူကိုယ်တိုင်လည်းကစားနေတယ် အလားအလာ

နဲ့အကျိုးအမြတ်တွေကိုလည်း သူရနေတော့ ကစားဖို့ တိုက်တွန်းတာပါ။ ကိုယ်ကလည်း စာရေးမယ် ဘုမယ် ဒါလောက်အားသန်နေတော့ မကစားဖြစ်ခဲ့ဘူး ဒုတိယရာသီရောက်လာတယ် အဲ့ဒိမှာ နည်းနည်းစိတ်ဝင်စားလာပြီ စတင်းမွန်းစတားဂိမ်းကစားတဲ့ ပို့စ်တွေလည်း တဖြည်းဖြည်းများလာပြီ ကစားသူလည်းများလာပြီ

အဲ့ဒီမှာ စတွေးပါတယ် ဒီဂိမ်းက စတီးမစ်ပလက်ဖေါင်းပေါ်မှာ လည်ပါတ်နေတာ ဒေါ်လာတွေ

အကျိုးအမြတ်တွေနဲ့ ပါတ်သက်နေတာ ကစားသူတွေ ကြည့်ပြန်တော့လည်း ယောင်နန တစ်ယောက်မှ မတွေ့ အားလုံးက စတီးမစ်ကို ထောက်ပံ့ပေးနေတဲ့ သူဌေးတွေချည့်

မဟုတ်လည်း ကိုယ်က ဘာမှမရတဲ့ စီအိုစီကို အသည်းအသန် ကစားနေတာလေ

ဒီလိုနဲ့ စီအိုစီ အေပီပီကြိးကို ဖုန်းထဲကနေအပြီးတိုင်ထုတ် စတင်းမွန်းစတားကို ဆယ်ဒေါ်လာသွင်းပြီး စတင်လို့ ယောင်လည်လည် ကစားဖြစ်တယ်ပေါ့

အစပိုင်းကတော့ အိုးနင်းခွက်နင်းပါဘဲ ဘယ်ဟာနှိပ်လိုက်ရမလဲကိုမသိတာ မနှိပ်ရဲတာကို

ပိုပါတယ် ဟုတ်တယ်လေ ရုတ်ရုတ်သွားလုပ်လို့မရဘူး သူက ဘာလုပ်လုပ်စတီးမစ် အကောင့်

ကြိးနဲ့ ချိတ်ဆက်ာထားတာ ဖေါင်းတွေဘာတွေဖြစ်ကုန် အလကားနေ စတင်းဝေါလက်ကြီး

လာခလုတ်တိုက်နေမှဖြင့်ပေါ့ အဲ့သလိုတွေ တွေးပူပြီး ဘယ်ဟာမှမနှီပ်ရဲဘူး ထုံးစံအတိုင်း

ဘရားသားကြိး အမ်အမ်ယူနိုက်တက်ကို ကကြီးကနေ အ အထိ တစ်ခုချင်းမေးရတယ်ပေါ့

ဘရားသားကြီးကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ် နောက်ဆုံး ဟီးရိုးအတွဲ မက်သက်တစ်ခုတောင် လှမ်းပို့ပေးသေး အဲ့ဒါနဲ့ စကစားလိုက်တာ ပွဲရှစ်ဆယ်ဆက်တိုက်ရျုံးနေတဲ့ တဖက်သက် အရှုံးပွဲ စလို့ရပ်သွားပါတယ် အဲ့သလိုကို

ကိုယ်က ဂန်းတိဂန်းတန်းနဲ့ အစပြုခဲ့တာပါ။ ရှုံးလိုက်တာမှ ပွဲရှစ်ဆယ်ကျော်တယ်လေ

အဲ့ဒီဂိမ်းကစားမိတာ မှားပြီလို့တောင် ထင်တာ။ ဆယ်ဒေါ်လာ တော့ ဆုံးပြီပေါ့

နောက်ပိုင်းမှ ဟိုလိုလုပ် ဒီလိုလုပ်နဲ့ နောက်မှကစားတဲ့ လူငယ်ခြေတက်တွေကိုတောင်

ဆရာလှမ်း လုပ်ပြစ်သေးတာ ဘာလေးနှိပ်ဟေ့ ဘယ်လိုလုပ်ဟေ့ ဘယ်လိုတိုက်ဟေ့ပေါ့

အဆင်ပြေချင်တော့လည်း ကိုယ်ကစားမှ တစ်နေ့ကို ဘုတ်စတားကတ်တစ်ခါဖွင့်တွေဘာတွေ

နဲ့ကြုံရတာဘဲ အဲ့လိုပေးတဲ့အထဲမှ တန်ဖိုးကြီး ကဒ်တွေ ထည့်ပေးတဲ့ အနေအထားထိကို အဆင်

ပြေတာပေါ့

အခုတော့ လောလောဆယ် အပ်ဒိတ်အသစ်ကြိးနဲ့ အသားမကျနိုင်သေးပါဘူး သူများတွေ

ဆရာတွေ ကစားဖော်တွေ ဖလား ငါးရာအထက်ကို ပြေးနေပြီ ကိုယ့်မှာ ဖလားဆယ်ဂဏန်း

လောက်နဲ့ဘဲ အပ်ဒိပ်အသစ်ကို လေ့လာနေရတုန်းပါ။

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=36

Sort:  

ရှုံးလိုက်တာမှ ပွဲရှစ်ဆယ်ကျော်

ဆေးလိပ်တကယ်ပြတ်သွားပြီလား

မင်္ဂလာပါ အစ်မရေ
ဆေးလိပ်ပြတ်သွားသော်လည်း ကွမ်းယာစွဲတာက ကျန်ခဲ့တယ်

ကျွန်တော်ဆော့ရင် သင်ပြပေးအုံးနော်

Posted using Partiko Android

မခက်ပါဘူး ညီရေ ၀ါသနာပါရင် ကစားဖို့တိုက်တွန်းပါတယ်
သိသမျှလည်း ပြောပြပေးပါမယ်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 61959.02
ETH 3004.67
USDT 1.00
SBD 3.59