အပေးအကမ်းတွန့်တိုတာလား

in #steempress5 years ago

စတင်းမွန်းစတားကစားတုန်းက စစချင်း ဘယ်လို ကစားပါစေ အားလုံးတန်းတူ တစ်ရက် ကဒ်နှစ်ဆယ်ရတယ် အဲ့ဒီကနေစမှီပါတယ်
စပြီး ကစားတယ်ပေါ့လေ အဲ့ဒါကနေ ရာသီလိဒ် တစ်ခုကျော် နှစ်ခုလောက်ထိ လား သိပ်တော့ မမှတ်မိတော့ဘူး နောက်ပိုင်း
စတင်း ဘလော့ချိန်းပေါ်က ဂိမ်းတွေရဲ့ ထုံးတမ်းစဉ်လာလို့ ဦးစွာမှတ်သားရမယ့်သဘောလိုပါဘဲ အပြောင်းအလဲတွေ စတင်ပါတယ်
စီအိုစီမှာလိုဘဲ အပ်ဒိတ်တွေ လာတယ်လို့ ထင်တာပေါ့လေ ကောင်းသည်ထက် ကောင်းလာမယ် ဘာညာပေါ့ ကိုယ့်အတွေးနဲ့ကိုယ်
သဘောတွေ ကျနေခဲ့တာ် အပြောင်းအလဲဖြစ်ပါပြီဆိုတော့ အတွေးနဲ့ လက်တွေ့ တလွဲကြီးပါ

အဲ့ဒီမှာ စတာဘဲ တစ်ရက် ကဒ်နှစ်ဆယ် ပေးနေတာ ဟုတ်နေတာကို ပေးတာ ရပ်ပါလေရော မပေးတော့ဘူးလေ တစ်ရက် ကဒ်နှစ်ဆယ်
လူတိုင်းစေ့ မပေးတော့ပါဘူး တစ်ရက်ကို ဘယ်သူကတော့ ကဒ်ဘယ်လောက်ရစေ ဘယ်သူကတော့ ကဒ် ဘယ်လောက်ဘဲ ယူစေ စပြီး အဆင့်
တွေ သက်မှတ်လို့ အတန်းအစားခွဲလို့ ပေးပါလေတော့တယ် အဲ့မှာတော့ ဖလားဆိုတာကြီးနဲ့ အဆင့်ခွဲတယ်ပေါ့လေ ဖလားများများ ရှာနိုင်သူက
အဆင့်မြင့်ပြီး ကဒ်တွေလည်းများများရတယ်ပေါ့ ဖလားနည်းသူကတော့ နည်းတဲ့အလျှောက် ကဒ်တွေ တဖြည်းဖြည်းနည်းသွားတယ်

ဒီတော့ ကဒ်များများ လိုချင်တဲ့အတွက် ဖလားများများရှာရတယ်ဆိုပါတော့လေ ဖလားများများရဖို့ ကဒ်ကောင်းကောင်းလေးတွေ လိုလာတယ်
ဒီတော့ အများသူငါလို ဖလားများအောင် ကဒ်ကောင်းကောင်းတွေ ဈေးကောင်းပေးဝယ်သုံးတယ်ပေါ့ ဒါမှ ကဒ်ကောင်းကောင်းလေးတွေ များများ
ရမယ်လေ ဒီလိုနဲ့ ကစားလာလိုက်တာ ပြောင်းပြန်ပြီ စည်းကမ်းတစ်မျိုး ကဒ်တွေများများ မပေးတာနဲ့တင် ရပ်မနေပါဘူး နောက်တစ်ခါအပြောင်းအလဲက
ကဒ်ပေါပေါ ကဒ်ချာတူးလန်လေးတွေ အများကြီး ရိုက်ထုတ်ပေးပါတော့တယ် အဖိုးနည်း အိုးကွဲပဲ့လေးတွေပေါ့ အဲ့ဒါတွေချည့်ရတော့ တဖြည်းဖြည်း

ကစားသူတွေ စိတ်ပျက်စပြုလာတယ် ကဒ်ကောင်းကောင်းတွေ အဖိုးတန်ကဒ်တွေကို အပေးကျဲလာစေပါတော့တယ် နောက်ပိုင်း လုံးဝ မရတော့သလိုတောင်
ဖြစ်လာတော့တယ် အဲ့ဒီလိုနဲ့ ရာသီလိဒ် တစ်ခုသာပြိးသွားတယ် ကဒ်ကောင်းကောင်းမရလိုက်တဲ့ ပွဲစဉ်တွေ ထပ်လာတော့တယ်ပေါ့လေ
အစပိုင်းတော့ စိုစိုပြေပြေလေးပေါ့ အစကို အင်ထရိုကတော့ ကြွေဆင်းနေအောင် ဆွဲဆောင်မှုအပြည့်ပေါ့ တဖြည်းဖြည်းနဲ့ ခပ်ကျဲကျဲ ခပ်ခြောက်ခြောက်နဲ့ လုပ်လာလိုက်တာ
စတင်းမွန်းစတား ပြစ်ပြီး ဆေးဝါးဂိမ်းနောက် လိုက်သွားတဲ့ အခြေအနေထိ ဆိုပါတော့လေ

အခုလည်း လာပါပြီ နောက်တစ်ကောင် ဆေးဝါးဂိမ်းကလည်း အရင်ကောင် စတင်းမွန်းစတားလို လက်ကွက်တွေ ခက်ပြနေတယ် ရုတ်ရုတ်တော့မလုပ်နဲ့
နောက်ဂိမ်းအသစ် ထွက်တာနဲ့ အမှိုက်ပုံးထဲ ကောက်ထည့်ပလိုက်မှာ ပျော်လွန်းလို့ကစားနေတယ် မထင်နဲ့ နည်းနည်းတော့ တင်းလာပြီ
ဘာတဲ့ ပေးချင်တာလိုလို မပေးချင်တာလိုလို ဟိုလိုလို ဒိလိုလို လိုလို တော့မလုပ်နဲ့

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/22/%e1%80%a1%e1%80%b1%e1%80%95%e1%80%b8%e1%80%a1%e1%80%80%e1%80%99%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%90%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8/
Sort:  

ဟုတ်တယ် bro ကျွန်တော်အကောင့်ဆို ပိတ်လိုက်တဲ့ အဆင့်ဖြစ်သွားတယ် ဒါတောင် ကျွန်တော်က အကောင့် အသေးတွေနဲ့ ဖိုက်တာက အနေအထား အလည် အလတ်လောင်တော့ ရောက်နေပါပြီ တွေ့ရင် ကြည်ရင်နဲ့ အခြေအနေမကောင်းတော့ တိုက်တောင် မတိုက်တော့ ပင်ပန်တာ ဘဲ အဖတ်တင်တယ်

Posted using Partiko Android

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55910.18
ETH 2507.08
USDT 1.00
SBD 2.27