ပေးချင်ရာသာပေး

in #steempress6 years ago

ဆေးဝါးထုတ်လုပ်ရေးဂိမ်းကတော့ တော်တော် သဘောကျစရာကောင်းလာပါပြီ လူတွေရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်ရယူပြီး အားပေးမှုတွေကိုလည်း အကုန်ရသွားပြီးတဲ့နောက်ပိုင်းမှာ သူလုပ်ချင်တာကို တန်းစီလုပ်တော့မှာဖြစ်ပါတယ် ဒါကတော့ သူတို့ရဲ့ အောင်မြင်မှုပါဘဲ သူတို့ရဲ့အောင်မြင်မှုလို့ ဆိုသော်လည်း ကစားသူများရဲ့ အကျိုးစီးပွားလို့ ပြောနိုင်တာပါဘဲ ဘယ်လိုဖြစ်ဖြစ် ဂိမ်းရဲ့ တိုးတက်ကြီးကျယ်ခမ်းနားမှုကတော့ ငြင်းဖွယ်မရှိ ဧရာမအကြီးကြီးပါဘဲလေ

မျှော်မှန်းထားသလိုပါဘဲ ဆေးဝါးထုတ်လုပ်ရေးဂိမ်းက တိုကင်တွေ စတင် ထုတ်လုပ်ပါတော့မယ် ဒါဟာ အင်မတန်ကောင်းမွန်တဲ့ သတင်းပါ စပါယ်ရှယ် မင်္ဂလာသတင်းပါဘဲ တခြား တိုကင်တော့မသိဘူး ဒီဂိမ်းက ထုတ်မယ့် တိုကင်ကိုတော့ အာရုံတော်တော် ရနေပါတယ် ရသမျှအားလုံး ယူထားမှာဖြစ်ပါတယ် မကြာခင် အနာဂါတ်ကာလမှာ ဒီကောင်က အရေးပါ အရာရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ် ထုတ်တာမထုတ်တာ အသာထား လောလောဆယ်တော့ ပေးမယ်ဆိုတာနဲ့ ယူဖို့က ဆိုင်းပြင်နေပါပြီ

ဟုတ်ပါတယ် နောက်ကျလို့ မဖြစ်ပါဘူး နောက်ကျလို့ အကျိုးအမြတ်ဖြစ်ထွန်းတာတော့ စတီးမစ်မှာ မကြုံဖူးသေးပါဘူး စောလို့အ ကျိုးအမြတ်များများရသွားကြတာကိုဘဲ တွေ့ရ မြင်ရလေ့ ရှိပါတယ် ဒါကြောင့် တစ်ခုခုဆို နောက်ကျမှာ အရမ်းကြောက်မိပါတယ် နောက်ကျလို့ကတော့ လိုက်လို့ကို မမှီနိုင်အောင်ဖြစ်တက်လွန်းလို့ပါ ဒီတစ်ခါတော့ နောက်မကျအောင် အကုန် လုပ်ရပါလိမ့်မယ်

အရင်က စတင်းတွေပေးတယ် အခုစတင်းမပေးတော့ဘူး တိုကင်တွေပေးမယ်ပြောတယ် ဒါက အချို့အတွက်တော့ နဲနဲ ခါးချင် ခါးနိုင်ပါတယ် သိပ်တော့ သဘောကျစရာ မဟုတ်ပေမယ့် တိုကင်ပေးလည်း ယူရမှာပါဘဲ စတင်းပေးလည်း ယူတာပါဘဲ ရသင့်သလောက်လဲ ရခဲ့ပြီးပြီဆိုတော့ နောက်ထပ်ရမှာကို သိပ်ပြီး စာမဖတ်တော့ပါဘူးလေ ရတာဘဲယူလိုက်ပါတော့မယ် ယူပုံယူနည်းလေးတော့ လေ့လာရပါဦးမယ် ဘယ်လိုယူရင် ပိုရနိုင်မှာလဲ စိတ်ဝင်စားစရာပါ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/22/%e1%80%b1%e1%80%95%e1%80%b8%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%ac%e1%80%9e%e1%80%ac%e1%80%b1%e1%80%95%e1%80%b8/
Sort:  

လေ့လာလို့ သိရင်​လည်း ​ပြောပြပါအုံး 😀😀

Posted using Partiko Android

Dear bobokyaw:

We are SteemBet, the next generation STEEM based gaming platform. We are honored to invite you to join our first fantastic dice game, which is just the beginning of SteemBet game series. Our dividend system has now launched. The prize pool has already accumulated 2,000 STEEM and more than 60 players have participated in staking mining token SBT. A huge reward of 40,000 STEEM is awaiting! Join us NOW with other 500 STEEM users to loot HUGE dividend reward!!

SteemBet Team

Official Website
https://steem-bet.com

Discord Server
https://discord.gg/95cBN3W

Telegram Group
https://t.me/steembet

အားပေးလျက်ကိုဘိုရေ…:-)

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63396.80
ETH 2615.51
USDT 1.00
SBD 2.86