ကဲခုတော့ဘယ့်နှယ့်လဲ

in #steempress5 years ago

tryingtomovetheworld2560x1440wallpaper4802.jpg
http://wallpaperweb.org/wallpaper/digital_art/trying-to-move-the-world_61199.htm

ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း လူတကာလို မဟုတ်ဘူး အရမ်းကိုဆိုး လူလိမ်မာတော့ မဖြစ်ချင်ခဲ့ ကဲ........... အခုတော့ဘယ့်နှယ့်လဲ.............

ဂျစ်ပစီ မိုးတိမ် အဲ့ဒါက ကျောင်းနေစဉ် အရွယ်တုန်းက သီချင်းကောင်းတစ်ပုဒ်ပေါ့ ကြိုက်ခဲ့တယ် ဆိုတာထက် အလွန်ရင်ဘတ်ထိတဲ့ သီချင်းဖြစ်မှန်း အသက်ကြီးလာလေ ပိုသိလေ စာသားတွေက သေချာ တွေးလေ သေနိုင်လေပေါ့

အဲ့ဒီချင်းလေး ပြန်လည် နားထောင်ဖြစ်ရင်း စတင်းအကြောင်းတွေးတော့ အသဲကိုကွဲရောဘဲ

အလွန်ဆိုးတဲ့ လူတွေပါလားလို့ ခပ်ဖေါ့ဖေါ့လေး အပြစ်ဆိုချင်မိပါတယ် ဘယ်လောက်တောင်ဆိုးသလဲပြောရရင်တော့ အဲ့ဒီလူတွေ သမိုင်းတရားခံဖြစ်ကြမယ့်သူတွေပေါ့

အစကတည်းက ချူချာလွန်းလို့ ပိုးမွေးသလိုမွေးလာတာဘဲလေ အလွန်ဂရုတစိုက်နဲ့ တယုတယ အအိပ်ပျက် အစားပျက် ပြုစုယုယလာပြီးကာလ ရုတ်တရက် ရိုက်သက်ပြစ်ကြတာ သူတို့ကိုယ်တိုင်ကော ဒါကို သေချာနားလည်ခံစားမိရဲ့လား မပြောတက်တော့ဘူး

မဖြစ်သင့်ဘူးထင်ပါတယ် ဒီနေရာမှာ တစ်ခုတော့ တွေးမိတယ် အုပ်စုအင်အားဆိုတာ အမြဲတမ်း ပါဝါတွေရှိတယ် မမြင်နိုင်တဲ့ ပါဝါပေါ့

အဲ့ဒီစွမ်းအားကို ကောင်းတဲ့ဘက်မှာလည်း သုံးနိုင်သလို မကောင်းတဲ့ဘက်မှာလည်း သုံးနိုင်တယ် အသုံးဝင်တယ်ဆိုကြစို့ အနီးဆုံးပြောပြရင်တော့ နှစ်ဖက်သွား ဓါးလိုပါဘဲ

အချိန်တစ်ခု ကြာလာတာနဲ့ တင်ကြို တွေးဆထားသလိုဘဲ အိမ်ပြောင်းသူတွေ နေရာဟောင်းပြန်လာကြပါလိမ့်မယ် အချို့လည်း အသစ်ကကောင်းတယ်ဆိုပြီး ပြောင်းကြပြန်ဦးမယ် ပြောင်းကြသူတွေအများစုကတော့ ပြသနာ အနည်းငယ် ကိုယ်စီရှိသူတွေဆိုတာတွေ့ရမယ် ဥပမာ တစ်ဦးတစ်ယောက် တစ်ဖွဲ့နဲ့ အဆင်မပြေသူတွေက ပိုပြီး ဒီသဘော ပေါ်လွင်နေပြန်တယ် အားလုံးတော့ မဆိုလိုပါ အချို့ တော်တော်များများပေါ

အခုထိ ရေရေ ရာရာ မရှိသေးဘူး ဟိုဘက်ကလည်း ယက်ကန်ယက်ကန်ဘဲ ဒီဘက်ကလည်း ဖာတာ ထေးတာ ဆေးမှီတိုလောက်နဲ့ မန်းမှုတ်တာတောင် လုပ်တာ မတွေ့ပုံထောက်တော့ နှစ်ဖက်လုံး အကြပ်ရိုက်နေပုံကျပါတယ်

ပထမ ဦးစားပေး စဉ်းစားတာတော့ နေသားတကျ နေရာဟောင်းပေါ့ နောက်ထပ် ဦးစားပေးကတော့ အသစ်လို့ခေါ်ရမလား အမှန်ပြောရရင်တော့ အပြောင်းအလဲကောင်းပေါ့ ဘယ်သူ ဘယ်ဘက်က ဖန်တီးနိုင်လဲ အဲ့ဒီဘက်ကို အားပြုမှာပါဘဲ

တိတ်တခိုးဖက်တွယ်ထားချင်စိတ်လေးတော့ ခုထိရှိနေတုန်း စတီးမစ်ကို ဆက်လက် ဖက်တွယ်ထားချင်နေတုန်းဘဲ လူအပေါ်မှာ အခြေပြုပြီး မစဉ်းစားသင့်ဘူး ထင်တာဘဲ လူတွေဆိုတာက ပြောင်းနေမှာ သူမရှိရင် မဖြစ်ဘူးဆိုတာကို ဒီလိုနေရာမှာ အသုံးချရမယ်ထင်ပါတယ်

ဆုတောင်းနေတုန်းဘဲ စတီးမစ်ကြီး ဆက်လက် ကံကောင်းနိုင်ပါစေ အခက်အခဲတွေ ကျော်လွှားနိုင်ပါစေ

@bobokyaw

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63183.53
ETH 2643.93
USDT 1.00
SBD 2.78