ဖြည်းဖြည်းမှန်မှန်

in #steempress5 years ago


https://nextcolony.io

အာကာသဂိမ်းမှာတော့ လက်ဦးမှုရယူနိုင်အောင်ဆိုပြီး စတင်းတွေ သုံးထားမိပါတယ် အဲ့ဒီအတွက်ကြောင့် ခုထိ ဒီဂိမ်းကို ဆက်ကစားနေရပါတယ် အချိန်တွေကလည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီဖြစ်ပါတယ် အခုချိန်ထိတော့ မျှော်လင့်သော အရာက ရောက်လို့ မလာနိုင်သေးပါဘူး သူ့ကိုမျှော်ရတာက စတင်းဈေးမျှော်ရသလောက် စိတ်ပင်ပန်းရပါတယ် ရင်းထားတာဆိုတော့လည်း ပြန်ခြင်းလေးတော့ ရချင်တာ သဘာဝပါဘဲ နေ၀င်ခြင်းလေးတစ်လုံးတော့ ပြန်ရောက်လာမယ်လို့ ထင်ပါတယ် ခုမှတော့ မလောတော့ပါဘူး ဖြေးဖြေးချင်းမျှောလိုက်ကြတာပေါ့လေ သိပ်လည်း စိတ်ပူစရာတော့ မရှိလှပါဘူး အချိန်တန်ရင် အဖြေကောင်းတစ်ခု ရလာမယ်လို့ မြင်ပါတယ် ကောင်းမွန်ခြင်းတွေ ရောက်လာမှာဆိုတော့ စတင်းဈေးနဲ့အတူ ရောက်လာမယ်ထင်ပါတယ် ဒါဆိုရင်တော့ အလွန်ချိုမြိန်သော အချိန်ကာလတစ်ခု ဖြစ်လာဦးမှာပါ

စိတ်မရှည်တာကတော့ ကိုယ်တွေချည့်မဟုတ်ပါဘူး နိုင်ငံခြားသားတွေလည်း အကျိုးအမြတ်ခွဲဝေမှု မရတာကို တော်တော် တင်းနေကြပါတယ် သူတို့က ပိုဆိုးတယ်ပြောရမယ် ကိုယ်တွေ ရင်းထားတာက ဘာဟုတ်သေးလို့လဲ သူတို့ရင်းတာကမှ သုံးလေားငါးထောင် အောက်ထစ်တွေ နည်းတာမှမဟုတ်တာ သူတို့ကလည်း ဟန်မပျက် ကစားနေတုန်းပါဘဲ တစ်ခုတော့ ရှိပါတယ် ဒလံတွေလည်းဖြစ်နိုင်ပါတယ် ဒီလိုလည်းမဟုတ်တန်ကောင်းပါရဲ့လေ ဒါကတော့ အဆိုးမြင်ပေါ့ ကြံဖန်တွေးတာပါ ဘာဖြစ်ဖြစ် အခုမှတော့ အကောင်းဘက် မျှတွေးပြီး အားတင်းကစားကြတာပေါ့လေ လာတော့လာမှာပါ ဘယ်ပုံဘယ်နည်းလာမယ်ဆိုတာကို ခန့်မှန်းရခက်နေတာ တစ်ခုတည်းပါ အဲ့သလိုသေချာသိရင်တော့ ကြိုတင် ပိုက်ကွန်ဖြန့်လို့ရတာပေါ့ အထက်ပိုင်း လူတွေနဲ့ ခြေလှမ်းကျဲသူတွေ လေ့လာကြည့်သလောက်တော့ ယာဉ်ထုတ်လုပ်မှုနဲ့တိုက်ပွဲတွေကနေဘဲ အကျိုးအမြတ်က စီးဆင်းလာမယ်လို့ ခန့်မှန်းရပါတယ်


https://nextcolony.io

ဒီနေ့တော့ ဂြိုလ်အသစ်တစ်လုံးမှ မရသေးပါဘူး ဒီနေ့ကို မျှော်လင့်ထားတာပါ ဒီဂိမ်းကလည်း ခက်တော့ခက်သား ထင်သလောက်လည်း မလွယ်ပါဘူး မထင်ရင်လည်း မထင်သလို ရတက်ပါတယ် မနက်ကတည်းက စောင့်နေတာ ခုညပိုင်းထိ တစ်လုံးမှ ကျမလာပါဘူး ကျသွားတာတစ်ချို ကျလာတာတစ်ချို့ကတော့ ကိုယ်ပြစ်လွှတ်လိုက်တဲ့ ရှာဖွေရေးယာဉ်တစ်ချို့ပါ သူတို့ကတော့ မခင် ဌာနချုပ်ကို ပြန်မလာကြတော့ပါဘူး တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်းလမ်းခုလပ်မှာ ပျက်ကျလို့သွားကြပါပြီ လေးစားပါတယ် ရှာဖွေရေးယာဉ်သူရဲကောင်းကြီးတွေရေ မနက်ဖန်တော့ တစ်လုံးလောက်ရရင် ကောင်းပါမယ် ဂြိုလ်အသစ်တစ်လုံးရတဲ့ ဖီလင်က ဘာနဲ့မှမတူပါဘူး ဒီဂိမ်းကပေးတဲ့ စိတ်ချမ်းသာမှုပျော်ရွှင်မှု အချိန်အခိုက်အတန့်လေးပါဘဲ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/15/%e1%80%bb%e1%80%96%e1%80%8a%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9/

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63350.70
ETH 2595.60
USDT 1.00
SBD 2.85