စတီးမစ်အသုံးပြုသူတိုင်းချမ်းသာပြီ

in #steempress5 years ago (edited)


ဒီနေ့တော့ ရုတ်တရက်ချမ်းသာသူတစ်ယောက်ဖြစ်လို့သွားပါတယ် အဘယ်ကြောင့်ဆိုသော်

စတီးမစ်မှာ ဒေါ်လာပေါင်းမြောက်များစွာ ပိုင်ဆိုင်တယ်ဆိုပြီး ဂဏန်းတွေ ပေါ်နေလို့ပါ

ရုတ်တရက်တော့ စတင်းဈေးများ မိုးထိုးသွားလို့များလားဆိုပြီးတော့ ထင်လိုက်မိပါတယ်

ချက်ချင်းဆိုသလို ကွိုင်မားကတ် ကိုပြေးကြည့်မိပါတယ်။ အဲ့မှာတော့ စတင်းဈေးက ပြားငါး

ဆယ်အောက်ကို ဇောက်ထိုးဆင်းလို့နေဆဲပါဘဲ ဒါဆိုရင် စတီးမစ်မှာ အော်တိုတွက်ပြထား

တဲ့ စာရင်းတွေက အမှားတွေများလား သို့တည်းမဟုတ် အခြား အစီအစဉ်တစ်ခုကြောင့်များလား

တကယ်လို့များ စတင်းဈေးက အဲ့သလောက် တက်သွားခဲ့ရင်တော့ စတီးမစ်လုပ်သူ အားလုံးချမ်း

သာပြီဆိုတာသေချာပါတယ်။

မြန်မာတွေက အတိတ်တွေ တဘောင်တွေ ယုံကြည်ကြသူအများစုရှိတဲ့ လူမျိုးဖြစ်ပါတယ်

ဘုရားဆွမ်းတော်တင်ရင်တောင် အတိတ်တဘောင်တွေနဲ့ ခဲဘွယ် ဘောဇဉ်များ လှူဖွယ်များ

ကိုလှူဒါန်းလေ့ ရှိကြပါတယ် ဥပမာ လက်ရှိရောက်နေတဲ့ ကောင်းသောနေရာ ကျေနပ်နှစ်သက်

သောနေရာလေးမှာ ကြာကြာလေး ခံစားစံစားရအောင်ဟုဆိုကာ ကြာဆံ လှူတာမျိုး

လောကအလယ် အပေါင်းအသင်းအလယ် အလုပ်ခွင်အလယ် မှာ ပေါ်ပေါ်ထင်ထင် ဖြစ်

အောင် မုန့်လုံးရေပေါ် လှူတာမျိုးပေါ့။ အဲ့သလိုတွေပါဘဲ အတိတ်ကောင်း နိမိတ်ကောင်းနဲ့

ပြောကြဆိုကြ လုပ်ကြကိုင်ကြတဲ့ လူမျိုးများဖြစ်ကြပါတယ်

မသာတွေ့ရင် လာဘ်ရမယ်တို့ မြွေတွေ့ရင် ငွေဝင်မယ်တို့ အိမ်ထဲလိပ်ပြာဝင်ရင် ၀ိညာဉ် ရောက်လာတယ်တို့ အဲ့သလို အယူအကောက်တွေနဲ့ သဘာဝနယ်လွန် အတွေးအခေါ်တွေ

ထွန်းကားကိန်းအောင်းနေသော လူမျိုးများဖြစ်ကြပါတယ်

အခုလည်း ကြည့်ကြပါဦးစို့ စတီးမစ်က အော်တို တွက်ချက်ပြထားတာ ဂဏန်းတွေက

ဆယ်လုံးမက ဒသမနောက်က ဂဏန်းတွေတောင်ထည့်မတွက်ထား

ဒီပုံတိုင်းသာဆို အချမ်းသာဆုံး စာရင်းထဲတောင် ၀င်နိုင်လောက်ရဲ့

ဒါတောင် စတင်းပါဝါ လေးထောင်ကျော်လေးရယ်နော် သောင်းကျော်သိန်းကျော်ဆိုရင်တော့

အဘယ်မျှ များလေမည်နည်း

ဟုတ်တာမဟုတ်တာအပထား ဒီနေ့ တွေ့ရတဲ့ အသွင်ထူးအမြင်ထူးသော စတင်းဝေါလက်

ကြီးကြည့်ပြီး အတိတ်ကောက်ရရင်တော့ဖြင့်

စတီးမစ်လုပ်သူများ အကြာခင် သူဌေးစာရင်းဝင်တော့မည်

စတင်းဈေးသည် ထင်မှတ်မထားသော အမြင့်မားဆုံးရဲ့ ရှေ့တစ်နေက နေရာတစ်ခုကို

ရောက်လိမ့်မည်။

ကွိုင်တကာ့ကွိုင်တို့ရဲ့ ဘုရင်သည် စတင်းကွိုင်ဖြစ်လို့လာလိမ့်မည်။

ရှေ့ပြေးနိမိတ်တို့သည် ရောက်လာခဲ့လေပြီ မကြာခင် အပြောင်းအလဲ ကြီးများကြုံကြရတော့မည်

နေရာယူတက်ရန် အရေးကြီးလေပြီ ကြိုတင်ပြင်ဆင်ကြဘို့ သတိပေးသကဲ့သို့ ရှိလေသည်။

ဒါကတော့ အတိတ်နိမိတ်ဖတ်ကြားခြင်းဖြစ်ပါလေသည်။

စတီးမစ်ဝေါလက် အခြေအနေအရတော့ စာရင်းအရ အတော်ကိုချမ်းသာနေပြီဖြစ်ပါသည်။

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=17

Sort:  

ဖြစ်ရပါလို၏ ဘောစိမမ

ဖြစ်ပါစေသော် ၀် ဖြစ်စေသော်ဝ်

အတိတ်ကောင်းယူမယ် နမိတ်ကောင်းယူမယ်လေ
မကြာမီမျှော်ပါလို့

အတိတ်တဘောင်နိမိတ်ဆောင်ပြီး
မြန်မာစတီးမစ် ပလေယာများ ချမ်းသာပါစေဟု

အဲ့သလိုတော့ မနောက်ပါနဲ့ သာကောရယ်
ဒီမယ် အဟုတ်မှတ်လို့ ရောဂါရတော့မယ်
သေချာမှ သတင်းပေးပါဗျာ
မဟုတ်ရင် ယတြာကျေကုန်လိမ့်မယ်နော

အေးကွာ ကိုယ်လဲ တကယ်အဟုတ်မှတ်လို့
ဝမ်းသာအားရ ဖုန်းဆက်မိတာပါ
ခဏပျော်ရတယ်ဆိုလည်း မဆိုးပါဟူးဟ

ဟုတ်တယ်အကိုရေ။ကျော်တို့တွေလည်းတူတူဘဲ

Posted using Partiko Android

အတူတူ ချမ်းသာကြတာပေါ့ စတီးမစ်ပလက်ဖေါင်းပေါ်မယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63576.35
ETH 3066.39
USDT 1.00
SBD 3.80