ဘာအသံမှလည်း မထွက်သေးပါ

in #steempress6 years ago

ဂီမ်းကတော့ အသစ်ကစားသူ တော်တော်လေးကို များလာနေပါတယ် အခုဆို ကစားသူ တစ်သောင်းငါးထောင် ကျော်လာပြီလို့ သိရပါတယ် အလွန်များတဲ့ ပမာဏပါဘဲ ခက်နေတာက စတင်းဖြုန်းစေလောက်သော စွဲဆောင်မှု မလုပ်နိုင်သေးတာပါ စတင်းဖြုန်းစေလောက်တဲ့ တစ်ခုခု ပြောင်းလဲလုပ်ဆောင်နိုင်ရင်ဘဲ အကောင့်တစ်ခု တစ်ရက်ကို ၀မ်းစတင်းသုံးပေးရင်တောင် တစ်ရက်ကို ခွဲတမ်း စတင်းတစ်သောင်း ပေးနိုင်လာမယ့်သဘောပေါ့

အသစ်ကစားသူတွေထဲမှာ စတင်းဖြုန်းသူ မရှိသလောက်ဖြစ်ပါလိမ့်မယ် ရှေ့က ကစားသူတွေကလည်း စတင်းဖြုန်းဖို့အတွက် လက်တွန့်နေပါပြီ စတင်းသုံးပြီး
လေဘယ်တင်ထားသူများလည်း အခုချိန် မျှော်မှန်းချက် မှေးမှိန်စပြုလာနေပါပြီ ဒါကတော့ ဒီဂိမ်းရဲ့ အဆိုးဝါးဆုံး အမှားတစ်ခုပါဘဲ ဒါကို မဖြေရှင်းနိုင်ရင်တော့
စတင်းဖြုန်းသူ မရှိနိုင်တော့ပါဘူး စတင်းမဖြုန်းကြဘူးဆိုရင်တော့ နေ့စဉ် ခွဲတမ်းကလည်း နည်းလာဦးမှာပါဘဲ ဘယ်အထိနည်းမှာလဲဆိုတော့ ဒေါ်လာတစ်ရာလောက်ကို
ဝိုင်းပြီး ခွဲရမယ် အခြေအနေမကြာခင် ရောက်လာပါတော့မယ်
အသစ်ကစားသူတွေက အများအားဖြင့်တော့ ရှေ့က ကစားသူတွေ အကျိုးအမြတ်ရတာတွေ့လို့ အားကျပြီး ၀င်ကစားသူများဖြစ်ကြပါတယ် ဒါက လူနည်းစုပါဘဲ
အသစ်ကစားသူထဲမှာမှ တစ်ဝက်ကျော်လောက်ကတော့ ဂိမ်းကို ဂျင်းထည့်ဖို့ ကြိုစားလာကြသော အကောင့်များဖြစ်ကြပါတယ် ဒီဂိမ်းရဲ့ လစ်ဟာချက်တွေက များလွန်းတော့
ဝင်ပြီးဖဲ့မယ်ဆိုလည်း ဖဲ့ချင်စရာပါဘဲ ဒါကိုဘဲ တားဆီးဖို့ လုပ်ဆောင်လာကြပါတယ် တကယ်တမ်း ထိခိုက်တာကတော့ ရှေ့က စတင်းတွေ ရင်းနှီးထားသူများသာဖြစ်ပြန်ပါတယ်
အကောင့်တွေ ဘမ်းတာဖြစ်လာစရာရှိနေပါတယ်
အခုတိုင်းကတော့ ကစားလို့ရနေတုန်းပါဘဲ ခွဲတမ်းနည်းတာက တစ်ပိုင်းပေါ့ ဒီလိုကစားနေရတာကိုဘဲ အရသာ ပေါ့ပျက်စေတာကတော့ အသံစနစ် မပါဝင်သေးခြင်းပါဘဲ
အသံစနစ်လေး ပါဝင်လာရင်တော့ ကစားရတာ စိုစိုပြေပြေဖြစ်လာမှာပါ ခွဲတမ်းမကုန်ခင်လေး ရသမျှ ယူထားရမှာပါ အရှုံးနည်းအောင်တော့ တက်နိုင်သမျှ
ပြန်ကာရပါလိမ့်မယ် တစ်ရက် တစ်ခါ ဘုတ်ပေးတာကလည်း မလွတ်တမ်းယူသင့်ပါတယ်
မကြာခင်မှာတော့ အသံစနစ် ထည့်သွင်းလာဖို့မျှော်လင့်ပါတယ် ဘာရယမဟုတ် အသံလေးပါတော့ နည်းနည်း ဖီလင် ပိုတာပေါ့လေ မဟုတ်ရင် ကစားနေရင
် အိပ်ပျော်သွားတက်လွန်းလို့ပါ
အသံလေးကြားရတော့ ဒီထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလေမလားပေါ့လေ
အရနည်းလာတာကတော့ တဖြည်းဖြည်းနဲ့တော့ ခပ်စိပ်စိပ်လေးဖြစ်လာတာ သတိထားမိတယ် အနည်းဆုံးတစ်ခုခု ရောက်အောင်သွားပြီး ပုံမှန်ပေးနိုင်တဲ့ အနေအထားတစ်ခု
ဖြစ်လာမယ်ထင်တယ် မဟုတ်ရင်တော့ အခြေအနေက သိပ်မကောင်းဘူး

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/20/%e1%80%98%e1%80%ac%e1%80%a1%e1%80%9e%e1%80%b6%e1%80%99%e1%80%bd%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-%e1%80%99%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%b8%e1%80%95%e1%80%ab/

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62094.36
ETH 2436.39
USDT 1.00
SBD 2.50