ဒုတိယအကြိမ်စမ်းသပ်ကြည့်တယ်

in #steempress5 years ago (edited)


ဒါလေးကတော့ ဒုတိယအကြိမ် စမ်းသပ်ပြီး တင်ကြည့်တာပါ အခုထိတော့ အဆင်မပြေသေးဘူး

ဒီလိုဘဲ စမ်းကြည့်ရမယ်လေ။ တစ်ခုခုနဲ့တော့ အဆင်ပြေသွားမယ်ထင်ပါတယ်

အရင်ကတော့ ဘလော့ပို့စ်မှာ ရေးဖူးတယ် အခုစတင်းပရက်မှာလည်း ရေးမယ် စိတ်ကူးပါတယ်

လွယ်တော့မလွယ်ပါဘူး အတွေ့အကြုံမရှိတဲ့သူအတွက်တော့ တော်တော် တိုင်ပါတ်မယ့်သဘောရှိတယ်

လိုအပ်တာလောက်ဘဲ လေ့လာပြီး အလုပ်ဖြစ်အောင် လုပ်ကြည့်ရပါလိမ်မယ်

ပို့စ်တင်တာတော့ အဆင်ပြေတယ် ဟိုဘက်ကိုရောက်အောင် မပို့နိုင်ဘူး ဖြစ်နေတယ်

ဒါကြောင့်ပြောပါတယ်သိခြင်းနဲ့ မသိခြင်းက ကဘာ တစ်ခြမ်းလောက် ခြားပါတယ်လို့

ဝါသနာရယ် စိတ်ဝင်စားမှုရယ် စူးစိုက်မှုရယ် ပေါင်းစပ်ပြီး မိတ်ဆွေအချို့ရဲ့ အကူအညီနဲ့အတူ

အဆင်ပြေအောင် ဆက်လုပ်သွားမယ် စိတ်ကူးပါတယ်

စတီးမစ်ကနေ ထွက်ပြေးတော့မယ့် သူတွေထဲ ကိုယ်မပါချင်သေးဘူး

တစ်နေ့တစ်ချိန်မှာ အဆင်ပြေမှုတွေကြုံရလိမ့်မယ်လို့ ယုံကြည်ပါတယ်

ဒါကြောင့် နေ့စဉ်နေ့တိုင်း တစ်ရက်မှမနားဘဲ လုပ်ဆောင်နေမိတာပေါ့

အဆင်ပြေတာလည်း ရှိတယ် အဆင်မပြေတာတွေလည်းရှိတယ်

အခုတော့ ဒီကောင်လေးကို အဆင်ပြေအောင် လုပ်ကြည့်နေတယ်

မကြာခင် အဆင်ပြေတော့မယ်ထင်ပါတယ်

လုပ်ရတာလွယ်တော့မလွယ်ဘူး

လွယ်လွန်းရင်လည်း လူတိုင်းလုပ်နေတော့မှာပေါ့လေ

@bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=10

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60682.45
ETH 2903.00
USDT 1.00
SBD 3.54