တန်ပြန်ထိုးစစ်

in #steempress5 years ago

ဆေးဝါးထုတ်လုပ်ရေးဂိမ်းရဲ့ ဇာတ်ရှိန်အမြင့်ဆုံးနေရာကို ပြောပါဆိုရင်တော့ တစ်ဖက်ရန်သူကို ပြန်လည်တိုက်ခိုက်ခြင်းပါဘဲ ဒါဟာအပြန်အလှန် တိုက်ခိုက်ခြင်းကြောင့် ဂိမ်းရဲ့ အမြင့်ဆုံးဖီလင်ကို ရရှိစေမှာဘဲဖြစ်ပါတယ် ကိုယ့်ကိုလာတိုက်ရင် ပြန်တိုက်မယ် ကိုယ်ကသွားတိုက်ရင်လည်း ပြန်လာတိုက်လိမ့်မယ် ကိုယ့်စစ်အင်အား သူ့စစ်အင်အားကိုတော့ ချိန်ဆရသေးတာပေါ့

အများအားဖြင့်တော့ စစ်အင်အား ချိန်ဆနေတာက ဆေးဝါးတွေ သိမ်းပိုက်နိုင်မလားဆိုတဲ့ အကျိုးစီးပွားအတွက်သာ ချိန်ဆမှုက အသုံးဝင်ပါတယ် အပြန်အလှန်တိုက်ခိုက်ခြင်းမှာတော့ ဆေးဝါးအကျိုးအမြတ်ဆိုတာထက် မခံချင်စိတ်နဲ့ တန်ပြန် ဂလဲ့စားချေခြင်းကိုသာ ဦးတည်ပါတယ် ဂလဲ့စားချေတဲ့နေရာမှာတော့ အင်အားအနည်းအများက အဓိကမဟုတ်တော့ပါဘူး တစ်ဖက်ရန်သူက ကိုယ့်ထက် အင်အားများနေလည်း ဂလဲ့စားချေခြင်းလုပ်ဆောင်နိုင်ပါတယ်

ကိုယ့်စစ်အင်အားနည်းနေပေမယ့် တစ်ဖက်ရန်သူကို အနှောက်အယှက်ပေးနိုင်ပါတယ် သူ့စစ်အင်အားကို ချိနဲ့သွားအောင် တဖြည်းဖြည်းချင်းလုပ်လို့ရပါတယ် သူက လူအများကို တိုက်ခိုက်နေသူဆိုရင်တော့ ပိုလို့တောင် ကောင်းပါသေးတယ် ကိုယ့်လိုဘဲ သူ့ကို တန်ပြန်ဂလဲ့စားချေမယ့်သူတွေ ပိုများတာပေါ့ များများ သွားတိုက်လေ ရန်သူများလေပါဘဲ ကိုယ်ကအနိုင်နဲ့ ပိုင်းပြီး အပီဖြုတ်ချင်ရင်တော့ ကိုယ့်စစ်အင်အားကို တောင့်တင်းအောင် အရင်တည်ဆောက်ပြီး တစ်ဆုံးဖဲ့တာက အကောင်းဆုံးပါ

ဂလဲ့စားချေတာကို သဘောမကျပါဘူး ဒါပေမယ့် တစ်ခါတစ်ရံတော့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ပထမအကြိမ် နားလည်ပေးလိုက်တယ် ဒုတိယအကြိမ် သတိပေးတဲ့သဘော ပြလိုက်တယ် တတိယအကြိမ်ဆိုရင်တော့ သူ့စစ်တပ် ဘယ်လောက်ကြီးနေပါစေ အားလုံးပြာကျသွားအောင် အပီအပြင် ၀ိုင်းဖဲ့ပြစ်လိုက်ပါတယ် ဒီလိုလုပ်နိုင်အောင်လည်း စစ်အင်အား အစုအဖွဲ့တစ်ခု တည်ဆောက်ထားရပါတယ် မဟာမိတ်ဖွဲ့ထားရပါတယ် မဟာမိတ်အကောင့်တစ်ခု ထိပါးခံရတာနဲ့ ကျန်တဲ့ အဖွဲ့ဝင်မဟာမိတ်များက ဆက်တိုက် ထိုးစစ်ဆင်ပါတယ် သူ နားလန်မထူနိုင်တဲ့ အချိန်ထိ ဆက်တိုက် တိုက်ခိုက်ပါတယ် ဒါမှမဟုတ် သူ့ဘက်က ကျေအေးကြောင်း အလံဖြူမပြမချင်း တိုက်ခိုက်ပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/21/%e1%80%90%e1%80%94%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%85%e1%80%b9/
Sort:  

ကိုယ်​​တွေ​တော့ မ​ဆော့​တော့ မသိဘူး ​လေ 😄

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61054.53
ETH 2976.59
USDT 1.00
SBD 3.65