တွေးမိတာ

in #steempress6 years ago


တွေးမိနေတာလေး တစ်ချို့ပေါ့ ဘယ်လိုလုပ်ရမလဲ ဘာလုပ်ရမလဲ

အဲ့ဒီအတွေးတွေက လူကို မွန်းကြပ်နေစေခဲ့တယ်

စာတွေရေးတယ် တစ်ရက်မဟုတ် နှစ်ရက်မဟုတ် နေ့တိုင်းရေးနေတယ်

စာရေးဆရာတွေတောင် အဲ့သလောက် ရေးမရေး မသေချာပါဘူး

တကယ့်စာရေးဆရာကြီးတွေကတော့ နှစ်နဲ့ချီအောင် ကြာပြီးမှ စာတစ်အုပ်တလေ

ထွက်လာတက်တယ်လို့ဆိုတယ်

ကိုယ်တွေကတော့ နေ့တိုင်းကို ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးပလိုက်ကြတာပါဘဲ

အဲ့ဒီမှာ အပိုင်းလေးတွေကွဲသွားတာ သတိထားမိတယ်

အဆင်ပြေသလို စာလေးတွေ ရေးတဲ့ အပိုင်းရယ် စာရေးဆရာတစ်ယောက်လို

ကွာလတီ ကို ဦးတည်တဲ့ အပိုင်းရယ်ပေါ့

တကယ်တမ်း စာရေးတက်သူနဲ့ စာရေးရေသူတွေက ဘယ်လို ကွာသလဲဆိုရင်

စာရေးတက်သူက ဟောပြောပွဲ စင်မြင့်ပေါ်က ဟောပြောသူနဲ့တူပြီး

စာရေးသူက အောက်မှာ နားထောင်နေတဲ့ လူထု ပရိတ်သက်နဲ့သွားတူနေတယ်

အချိုးအစားက အဲ့သလိုကွဲပြားသွားတယ်

ဘာပြောချင်တာလဲဆိုရင် စာရေးမှ ပို့စ်တင်လို့ရမယ်ဆိုတဲ့နေရာမှာ အားလုံးစာရေး

ချင်ကြတယ် ခက်နေသည်က စာရေးခြင်း အကြောင်းအရာမှာ

အမြင်ကွဲပြားနေတာဘဲ ကိုယ်တိုင်က အဆီအနှစ်တွေဘဲ စီကာစဉ်ကာ ရေးချင်တယ်

ဆိုရင်တော့ သိပ်များများ စားစားရေးစရာ ရှိလာမယ်တော့မထင်ဘူး

ရောက်တက်ရာရာလေးတွေ ရေးမယ်ဆိုရင်တော့ ရေးစရာလေးတွေများလာလိမ့်မယ်

စာရေးမယ်ဟေ့ လို့ ပြင်ဆင်ပြီးကာမှ မရေးဖြစ်လိုက်တဲ့လူ မရေးရဲတဲ့လူ

ပို့စ်တင်တဲ့ အဆင့်ကိုတောင် ရောက်မလာနိုင်တဲ့ စတီးမစ် ပလေယာ ဘယ်နှစ်ယောက်

များ ရှိနေမလဲ

စာရေးမယ်လို့ ပြင်ဆင်ပြီးကာမှ တစ်ခုခုကို တွေးကြောက်ပြီး အကြောက်တရားရဲ့

ခြောက်လှန့်မှုကြောင့် တဖြည်းဖြည်း စတီးမစ်နဲ့ ဝေးကွာသွားသူတွေလည်း ရှိမယ်

ဒါကြောင့် စာရေးဖြစ်အောင် ရေးပါ မကြောက်ပါနဲ့ အပြစ်တင်ခံရမှာ မကြောက်ပါနဲ့

အပြစ်တင်ခံရမှာ ကြောက်နေရင် အပြစ်ဖြစ်မှာကြောက်နေရင်

အလုပ်ဖြစ်လာတော့မှာမဟုတ်ပါဘူး

အခြားပလေယာတွေ ဘယ်လို လုပ်နေသလဲ တစ်ချက်လောက် ကြည့်ပါ

ဘယ်ကြည့်ကြည့် အထက်ကိုဘဲ လှန်မကြည့်ပါနဲ့ အောက်ကိုလည်း ငုံ့ကြည့်ပါ

လူတိုင်းကတော့ အကောင်းဆုံးလုပ်ချင်ကြတာဘဲ

အကောင်းဆုံးမရတောင် အဆင်ပြေဆုံးလေး လုပ်ကြည့်စမ်းပါလား

ခင်ဗျား စာရေးဖို့လိုအပ်တယ် ဒါကြောင့်စာရေးပါ

ကိုယ်ရေးတဲ့ စာ အတွက် မလုံမလဲ ဖြစ်နေရတဲ့ အခြေအနေကနေ ရုန်းထွက်ပါ

ကိုယ်ပိုင်တဲ့ ကိုယ့် စာမျက်နှာမှာ ကော်ပီမဟုတ်တဲ့စာတွေကို အလုံးစုံ ကူးချတာမဟုတ်

တဲ့စာတွေကို ရဲရဲတင်းတင်း ရေးချပါ ကိုယ့်စာမျက်နှာအတွက် ကိုယ့်မှာသာ တာဝန်ရှိတာပါ

မင်းရေးတာ သိပ်ကောင်းတာဘဲ ဆိုတဲ့ အားပေးစကားရမှ စာရေးမယ်ဆိုရင်တော့

စတီးမစ်မှာ ရှင်သန်ဖို့ ခက်ခဲစေမှာပါဘဲ

လိုရင်းပြောရရင်တော့ စာရေးဖို့ လိုအပ်တဲ့နေရာမှာ စာရေးပါ

စတီးမစ်က ဒီအတိုင်းပျက်မပျက်တော့မသိဘူးပေါ့

ဒါပေမယ့် စတီးမစ်မှာ စာရေးသူမရှိတော့တဲ့ တစ်ချိန် ပို့စ်တင်သူ အလွန်နည်းပါးသွား

တဲ့ အချိန်မှာတော့ မဖျက်လည်း အလိုလို ပျက်သွားမှာပါဘဲ သို့တည်းမဟုတ် ရပ်တန့်

သွားမှာပါဘဲ

အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ပါဘဲ ပြောချင်တာကတော့ အားလုံး စာရေးကြဖို့

လိုအပ်တယ်

Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=99

Sort:  

အရေးကြီးတာကဘာတွေလဲ ကိုယ်တော့ မသိသေး

ဟုတ်တယ်ဗျို့ စာရေးဖို့ရာ အဓိက က ရေးဖြစ်ဖို့ပဲ။

@hnineikhaing က ဟောဒီ post မှာ လာညွှန်းထားလို့ တစ်ခေါက် ထပ် အားပေးရင်း မန့်သွားတယ်ဗျို့

Posted using Partiko Android

အဓိကနဲ့ သာမည ခွဲခြားတက်ဖို့တော့ လိုအပ်နေတယ်လို့ မြင်လို့ပါဗျာ
ကျေးဇူးတင်ပါတယ် ခုလို အားပေးလို့

ဟုတ် ဘဒို ကျွန်တော်လည်း စ စ ချင်း quality content အရူး ထ ဖူးတယ်။ အခုမှ ငြိမ်သွားတာ LOL!

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62416.00
ETH 2447.19
USDT 1.00
SBD 2.62