အပြောင်းအလဲများ

in #steempress7 years ago

ပြောင်းလဲခြင်းကတော့ အမြဲရှိနေမှာပါဘဲ သိသာတဲ့ပြောင်းလဲခြင်းနဲ့ မသိမသာပြောင်းလဲခြင်းသာကွာပါလိမ့်မယ် အပြောင်းအလဲနောက်ကို လိုက်ကြရပါလိမ့်မယ် အပြောင်းအလဲက ကိုယ့်နောက်လိုက်မှာမဟုတ်ပါဘူး ပြောင်းလဲခြင်းနဲ့အညီ အလိုက်သင့်လိုက်ပါပြောင်းလဲရပါလိမ့်မယ်

အခုဆိုရင် စတီးမစ်မှာ လုပ်ကိုင်စရာတွေ အလွန်ပေါများလာပါပြီ နည်းတာလည်းရှိပါတယ် များတာလည်းရှိပါမယ် အသင့်အတင့်တွေလည်း ရှိပါတယ် ကိုယ်လုပ်နိုင်တာဖြစ်ချင်ဖြစ်မယ် မလုပ်နိုင်တာ မလုပ်တက်တာဖြစ်ချင်ဖြစ်ပါမယ် မလုပ်ဖူးသေးတာကြောင့် မလုပ်တက်တာ ဖြစ်ဖို့များပါမယ် လုပ်ကြည့်ရပါမယ် အခုဆို အခွင့်အလမ်းတွေ ပွင့်လန်းလို့လာနေပါပြီ စမ်းသပ်လုပ်သင့်တာလုပ်ရပါမယ် စွန့်စားလုပ်သင့်တာ လုပ်ရပါမယ် တစ်ကြောင်းထိုး တစ်လမ်းသွားနဲ့ဆိုရင်တော့ လူတော့သက်သာပါမယ် တိုးတက်မှုနှုန်းကတော့ အလွန်နှေးပါမယ်

အရှိန်လေးအတိုင်း မှေးလိုက်နေရင်တော့ သိပ်ပြောင်းလဲသွားမယ်မထင်ပါဘူး ထိုင်ဆိုထိုင် ထဆိုထဆိုတာထက် ဒါလေးတော့ လုပ်ကြည့်ကြမလား ဒါလေးတော့ လုပ်သင့်တယ်ထင်တယ် ဒီလိုလုပ်ရအောင်ပါ ဒီထက်ပိုကောင်းအောင်လုပ်ချင်တဲ့ စိတ်ကလေး ဒါတွေက သင့်ကို အများကြီးကူညီပါလိမ့်မယ် တစ်ဖတ်ပိတ်လမ်းထဲ ရောက်နေမိသလား အမြဲစဉ်းစားရပါတယ် အ၀င်လည်း ဒီတစ်လမ်း အထွက်လမ်း ဒီတစ်လမ်းဆိုရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူး လူတော့သက်သာတာပေါ့ နဲနဲအားစိုက်ဖို့တော့လိုပါတယ်

မသိမတက်တာက သင်လို့ရပါတယ် သိသလို တက်သလိုဆိုရင်တော့ မင်းဘာမှ မသိနိုင်တော့ဘူးတဲ့ ငယ်ငယ်က အဲ့ဒါကို သိပ်သဘောမတွေ့ဘူး အသက်ကြီးလာလေ အဲ့ဒါကို ပိုသိလေဘဲ

အခုအခြေအနေကတော့ ပျင်းရိချိန်တောင် မရနိုင်တော့ပါဘူး အလုပ်နဲ့လက် မလည်အောင် လုပ်နေရပါတယ် နှစ်ကိုယ်မက ခွဲလုပ်ချင်တာတောင် ဖြစ်မိတယ် အချိန်ကုန်တာနဲ့အမျှ စတင်းလေးတွေ တိုးပွားလာတာကို သဘောကျတယ်

မနေ့က စာမရေးလိုက်ရလို့ စိတ်သိပ်မပျော်ဘူးဖြစ်နေတာ

ဘာရေးရမှန်းကိုမသိတာနဲ့ ရောက်တက်ရာရာလေး ရေးကြည့်တယ်ဗျာ

စတင်းပါဝါ တစ်သောင်း ဘယ်အချိန်ပြည့်မှာလဲ

အဖြေကတော့ေ၀၀ါးနေတုန်းဘဲ ဒါပေမယ့် အရင်ထက်တော့ ပိုလွယ်ကူပြီး ပိုနီးလာပါပြီ အားမလျှော့နဲ့ ဆက်သာလှော်

@bobokyaw.jpg

Author : @bobokyaw




Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/10/%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%b2%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60666.80
ETH 1563.25
USDT 1.00
SBD 0.47