နှင်ထုတ်ခြင်း

in #steempress5 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8

စိတ်ဝင်စားရင်တော့ ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

အခြေအနေကတော့ ဇာတ်ရှိန်မြင့်လာပြီပြောရမည်လားဘဲ အကွက်တွေကလည်း စုံပါပေ့ တစ်ယောက်တစ်မျိုးစီ တော်ကြတယ်ဘဲ မျှမျှတတ ဆိုရပါမယ် သူလည်းမှန်တယ် သူလည်းမမှားဘူးလို့ ကြားချပြီးပြောရမယ် ဘယ်ဘက်ကကြည့်ကြည့် အမှားမကင်းပြန်ပါဘူး ဘယ်လိုပင်မှားသည် မှန်သည်ဆိုကြစေဦးတော့ နောက်ဆုံးမှာ ရလာဒ်က ပြောင်းသွားမှာဖြစ်လို့ ဘယ်လို အခြေအနေမျိုးကိုမဆို လက်သင့်ခံမှ ဖြစ်မှာပါ တစ်ဖက်ဖက်ကိုရပ်ရမယ်ဆိုရင်တော့ အရင်လို လမ်းအိုလိုက်ဆိုသလိုဘဲ လမ်းဟောင်းလေးအတိုင်းသာ ဆက်လို့ သွားသင့်တယ်ယူဆပါတယ်

အသစ်ဆိုတာက ကောင်းတာလည်း ဖြစ်နိုင်သလို ဆိုးတာလည်း ဖြစ်နိုင်တယ် သေချာမှုကတော့ ငါးဆယ် ငါးဆယ်လောက်ပါဘဲ အခုအသစ်မှာ အိုးနင်းခွက်နင်းနဲ့ စတင်ရဖွယ်ရှိတယ်လို့ မြင်ပါတယ် နေသားတကျမဖြစ်ခင်ဆိုတာက အချိန်ကာလတစ်ခုရှည်ကြာနိုင်ပါတယ် အဲ့ဒီလို ကာလတစ်ခုကို ထပ်ပြီးဖြတ်သန်းရဦးမယ်ဆိုရင် အဆင်ပြေနိုင်ပါ့မည်လား မပြောနိုင်ပါဘူး အခုစတီးမစ်မှာတော့ ဒီထက်လည်း ပိုပြီးစိတ်ဆင်းရဲဖွယ်မကြုံနိုင်တော့ဘူးယူဆပါတယ် အဆိုးဆုံးတွေဖြတ်ကျော်လာခဲ့ပြီးပြီလားလို့ဘဲလေ ဒီထက်လည်း ဆိုးလာစရာဆိုလို့ ဟိုဘောစီလေးက ညစ်တွန်းတွန်းပြီး အဆုံးရှုံးခံ ဖျက်သိမ်းလိုက်စရာသာကျန်ပါတယ်အဲ့ဒါကလည်း စကားအရပြောရတယ် အကျိုးအမြတ်မများဘဲ ဒီကောင်လေးစွန့်စားဖွယ်မရှိပါဘူး

အခုလိုဖြစ်လာအောင် လုပ်နေတယ်လို့ ပြောရမယ် သူဖြစ်စေချင်သလို ဖန်တီးယူနေတာဘဲ ဟိုလူတွေကအစက တိုက်ခိုက်တယ် နောက်တော့ ပြောင်းပြေးတယ် အစကတည်းက ပြောင်ပြောင်တင်းတင်းတစ်စင်ထောင်တယ်ဆိုရင် ပိုပြီးလှမယ်ထင်တာဘဲ အခုတော့ ဘ၀င်မကျစရာတွေ မေးစရာမေးခွန်းတွေက နောက်မယ် ကျန်နေခဲ့တော့တယ်

သူ့ခြေသူ့လက်အလုံးစုံမဖြစ်သေးဘဲတော့ အကွက်လှလှတွေ မရွှေ့သေးပါဘူး အချိန်တော့ ကြာဦးမယ်ထင်တယ် အခုစတင်မယ့်နေရာသစ်ရဲ့အနာဂါတ်ကဘယ်သို့ရှီတယ်ဆိုတာမသိနိုင်သေးပေမယ့် အခုနေရာဟောင်းရဲ့အခြေအနေက နေသားတကျနီးပါးရှိနေခဲ့ပြီလေ ဒါကြောင်းအဟောင်းကိုဆက်လက်ယုံကြည်ပေးဖို့လိုသလို မျှော်လင့်စရာရာနှနုန်းပိုများနိုင်ပါတယ် သွေးပူနေတုန်း တရုန်းရုန်းဖြစ်နိုငပေမယ့် အခက်အခဲတွေ အဆင်မပြေမှုတွေကြုံလာနိုင်ပါတယ် နှစ်ခြမ်းတော့ကွဲကောင်းကွဲနိုင်ပေမယ့် အများစုကတော့ အဟောင်းမှာ ဆက်လက်မြင်တွေ့ရဖွယ်ရှိပါတယ် အရင်လိုတော့မဟုတ်တော့ဘူးပေါ့ အသစ်အသစ်သော ပညာ ရှင်တွေ အသီးသီး နေရာယူပြီးတဲ့နောက် အနာဂါတ်ရဲ့လမ်းကို စတင်ဖွင့်လှစ်လာဖွယ်ရှိလို့ ဘောစီလေးကို ယုံကြည်မှုပေးထားရပါဦးမယ်

အော်..... အသစ်ရဲ့နောက်မှာ ဓနရှင်တစ်ချို့ရှိနေမည်လား ရှိမနေဘူးလား ဘယ်လိုလူကနောက်ကနေ စပွန်ဆာပေးမှာလဲ လက်ရှိပြောင်းရွှေ့သူအင်အားအစုအဖွဲ့လောက်နဲ့ဆိုရင်တော့ ခရီးကကြမ်းလိ့်မ်မယ် သူ့နောက်ကွယ်က ငွေကြေးအင်အားဘယ်လိုလဲ ဒါအရေးကြီးဆုံးဖြစ်လာမယ်ထင်တယ်

အခြေအနေက လှုပ်နေတာဆိုတော့ ဆုံးဖြတ်ချက်ကိုအပြီးချမရနိုင်ပါဘူး ပိုင်ဆိုင်မှုတစ်ချို့ကိုတော့ မီးရှို့လိုက်ပါပြီ ဈေးကလည်း စိမ်းနေပြီမဟုတ်လား ကုန်ဆုံးခဲ့တဲ့အချိန်တွေနဲ့လက်ရှိယှဉ်ပြိုင်မှုအခြေအနေတွေကြောင့် တစ်ခြမ်းလုံအောင်ကာထားတဲ့သဘောပါဘဲ ကျန်တစ်ဝက်ကိုတော့ လောပန်းဂျက် အပေါ်မှာ ပုံပြီးလောင်းလိုက်ပါတော့မယ် အလျှော်အစားကတော့ အချိန်တွေက အဖြေပေးမယ်မဟုတ်လား

လောပန်း ဂျက်က ဖွတ်ချက်ဖွတ်ချက် မဟုတ်ဘူးလို့ မြင်မိပါတယ်

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63615.94
ETH 2475.04
USDT 1.00
SBD 2.54