အခြေအနေကောင်းနေပြီ

in #steempress6 years ago

စတင်းဈေးကတော့ ခပ်လှုပ်လှုပ်လေး ဖြစ်လာတယ် ဝေါလက်ထဲမှာလည်း ဒေါ်လာလေးတွေ တိုးလို့လာတာ တွေ့တယ် သတင်းအစအနလေးတွေလည်း ကြားလာရပြီ အခြေအနေကတော့ စတင်ကောင်းမွန်တော့မယ်လို့ ထင်တာပါဘဲ

မတွေ့တာအတော်ကြာပြီဖြစ်သော စတီးမစ်လုပ်ကိုင်သူတွေလည်း ပြန်တွေ့လာရပြီ စတီးမစ်ပေါ်က ပျောက်နေတဲ့ စာရေးသူအချို့လည်း စာတွေ ပြန်ရေးနေကြပြီ အပြောင်းအလဲကတော့ မသိမသာ စတင် ပြောင်းလဲနေပြီ ဘာတွေ ဘယ်လောက်ထိပြောင်းလဲသွားမလဲ ဆိုတာတော့ စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ်

စတီးမစ်ကြီး အရင်လို အရှိန်ကောင်းကောင်းနဲ့ ပြန်လည်ပါတ်တော့မယ့်သဘောဘဲ ဒီတစ်ခါ ပြန်လည် အသက်ဝင်လှုပ်ရှားခြင်းက ပိုလို့ ပျော်စရာကောင်းလာလိမ့်မယ် မတွေ့မကြုံဖူးတာတွေလည်း တွေ့ကြကြုံကြရလိမ့်မယ်ထင်တယ် စတင်းပါဝါရဲ့

အရေးပါမှုကို တွေ့ကြမြင်ကြရတော့မယ် အခုချိန်ပေါ့ နောင်တရမိတာ တစ်ခုဘဲရှိတယ် အဲ့ဒါဘာလဲဆိုတော့ စတင်း ပြားနှစ်ဆယ်ကျော်မှာ ငွေလုံး ငွေရင်းနဲ့ စတင်း မ၀ယ်ခဲ့နိုင်တာကိုပါဘဲ

တကယ်ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ် စွန့်စားလို့ သိပ်ကောင်းတဲ့ အခြေအနေပေါ့ အဲ့ဒီလို အခွင့်အရေး နှစ်ခါပြန်လာဖို့မလွယ်လောက်ပါဘူး ရင်းနှီးမှုလေး ခပ်ပါးပါးလောက်တော့ ပြစ်ထည့်လိုက်သင့်တယ်

စတင်းကတော့ နေရာမှန်ပြန်သွားနေပြီ ကိုယ်တွေဘဲ အားထည့်ဖို့ ကျန်တော့တာ ဒီတစ်ကြိမ်တော့ ကြိတ်မှိန် ကြိုးစားလိုက်ပါဦးမယ် ဒီအခြေအနေရောက်မှတော့ ပင်ပန်းတယ်လို့ မဆိုနိုင်တော့ပါဘူး ဘယ်တော့များမှ အိပ်ရေး၀၀ အိပ်ရမယ် မသိတော့ဘူး အိပ်ရေးပျက်တာ နှနှစ်ပြည့်တော့မယ် လူလည်း သွက်ချာပါဒ လိုက်တော့မလားဘဲ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : https://bobokyaw.timeets.com/?p=24

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63618.84
ETH 2623.39
USDT 1.00
SBD 2.78