မဝေးတော့သည့်မနက်ဖန်များ

in #steempress5 years ago

စတီးမစ်ကြီးရဲ့ ရွှေရောင်အနာဂါတ်က သိပ်မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်အလင်းလေး မှုန်ပျပျကို အားပြုပြီး မမြင်မကန်း စမ်းတ၀ါးဝါး လျှောက်လာလိုက်တာ ဘယ်ဆီရောက်လို့ ဘယ်လောက် ခရီးပေါက်ခဲ့ပြီလဲဆိုတာကိုတောင် ပြန်လည်သုံးသပ်ဖို့ မလွယ်ကူသေးပါဘူး ဖြစ်နိုင်တယ် ဖြစ်လာလိမ့်မယ် ဖြစ်လာခဲ့ရင်ဆိုတာတွေက ကိုယ့်ရဲ့ အနီးဆုံးသော တွန်းအားတွေပါဘဲ သူတို့ကြောင့် ဒီလောက်ထိ ရှည်ကြာအောင် သွားနေမိခဲ့တယ်

သုံးလပိုင်းမှာ အရာရာကောင်းမွန်တဲ့ အဖြေကောင်းတစ်ခု ရကို ရလိမ့်မယ်ဆိုတဲ့ ဂတိက၀တ်တွေလည်း ပျက်သုဉ်းဖို့ နေ့စွဲတွေက တရွှေ့ရွှေ့တိုက်စားလို့လာလိုက်တာ ခုဆို သုံးလပိုင်းကုန်ဖို့ နေ့ရက်တွေက ဘာမှ မကျန်တော့ပါဘူး ကျန်နေတဲ့ နေ့ရက်အချိန် အနည်းငယ်အတွင်းမှာ အပြောင်းအလဲ တစ်ခုခု ၀င်လာနိုင်သေးတာပါဘဲ သို့တည်းမဟုတ် အနည်းငယ်နောက်ကျသော လာခြင်းကောင်းမှုတွေလည်း ရောက်လာနိုင်သေးတယ်ပေါ့ မျှော်လင့်ချက်တွေက မှေးမှိန်မသွားခဲ့ကြပါဘူး ပိုပြီး လင်းလက်လာမယ့် အချိန်ကို စောင့်မျှော်နေကြတုန်းပါ

အထောက်အပံ့ကောင်းတွေ အကူအညီကောင်းတွေကလည်း ဟိုတစ်စ ဒီတစ်စနဲ့ လက်လှမ်းမှီရာ သင့်လျှော်တာလေးတွေနဲ့ ဖေးဖေးမမ အားဖြည့်ပေးနေဆဲ အကူအညီအထောက်အပံ့လေးတွေကို စုဖွဲ့ပြီး အစိုင်အခဲဖြစ်အောင် ၀ိရိယအားစိုက်လို့ ကြိုးစားနေဆဲ မပြီးဆုံးနိုင်သော ခရီးအားဆက်ခါ ဆက်ခါ မရပ်မနား လျှောက်လှမ်းနေဆဲ

ဘာမဆိုဖြစ်လာနိုင်တဲ့ မနက်ဖန်တိုင်းမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့ စတီးမစ်လျှောက်လမ်းဟာ ဓါးသွားပေါ်က ခက်ခဲတဲ့လမ်းလိုပါဘဲ ကံဥာဏ်ဝိရိယ သုံးပါးလုံးကို အချိုးညီညီပေါင်းစပ်လို့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနေကြဆဲ

တစ်ဖက်မှာ စတီးမစ်ကြီး ပျောက်ဆုံးသွားနိုင်သလို တစ်ဖက်မှာလည်း စတီးမစ်ကို အပြီးတိုင် စွန့်လွှတ်သွားစေနိုင်တယ် ရှေ့မတိုးနောက်မဆုပ် လမ်းခုလပ်မှာ ရပ်တန့်နေတဲ့ ဆုံးရှုံးမှုကလည်း ရှိနေပြန်သေးတယ်

တစ်ကယ်လို့သာ ဒီအလုပ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံးမှာအောင်မြင်အောင်လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေထဲကအလုပ်တစ်ခုအဖြစ် ရေးမှတ်ထားနိုင်တော့မှာပါ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/25/%e1%80%99%e1%80%b1%e1%81%80%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%82%94%e1%80%9e%e1%80%8a%e1%80%b9%e1%82%94%e1%80%99%e1%80%94%e1%80%80%e1%80%b9%e1%80%96%e1%80%94%e1%80%b9%e1%80%99%e1%80%ba%e1%80%ac/
Sort:  

ဘယ်ဆီကိုမျှော်မှန်းလို့ရော်ရမ်းလို့မှန်းဆမိနေသလဲမပြောတတ်တော့ဘူး။ လမ်းကတော့ဆက်လျှောက်နေဆဲပါ

Posted using Partiko Android

နေ့ရယ် အချိန်ရယ် စီးဆင်းသရွေ့ မျော်လင့်နေဆဲပါလေ

@bobokyaw You have received a 100% upvote from @botreporter because this post did not use any bidbots and you have not used bidbots in the last 30 days!

Upvoting this comment will help keep this service running.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84