ဂိုးတူး

in #steempress6 years ago

ထင်မှတ်မထားဘဲနဲ့ ဒီနေ့မှာ ဂိုးတူးကို ရောက်ရှိလို့လာပါတယ်

အကောင်းဆုံး အနေအထားတော့ ရနေပါပြီ ကိုယ့်မှာရှိတဲ့ ဟီးရိုး အနေအထားနဲ့

လက်ရှိ တိုက်ပွဲ အခြေအနေတွေအရဆိုရင်တော့ ဂိုးတူးရောက်လာခြင်းဟာ

ကံကောင်း ထောက်မလို့သာ ရောက်ခြင်းဖြစ်ပါတယ်

အဆင်ပြေချင်တော့လည်း ကြံဖန် အဆင်ပြေတက်ပါတယ်

ကိုယ်က ကြိုးစား ပမ်းစား တိုက်ခိုက်နေပေမယ့် တွေ့ဆုံမှုတွေက မမျှမတဖြစ်နေမယ်

တစ်ဖက်ရန်သူက အင်အား အလွန်ကြီးနေခဲ့မယ်ဆိုရင်တော့ ရှိပြီးသား ဖလားလေးတွေ

အရည်ပျော်ပျောက်ဆုံးသွားတာဘဲ အဖတ်တင်ပါလိမ့်မယ်

အခြေအနေ ကောင်းချင်ရင်တော့ ဘာမှ မဟုတ်လည်း ဖလား သုံးလေးငါးရာက

ခဏလေးနဲ့ ရတက်ပြန်ပါတယ်

ဒီမနက်တော့ ကံဇာတာတွေ တက်နေတယ်ထင်ပါတယ်

ဖလား အလှူပေးတဲ့သူတွေ တန်းစီပြီးတွေ့လေတော့ ဆက်တိုက်ဆိုသလိုဘဲ

ဖလားတွေ များစွာရပါတယ်

ဂိုးသရီးမှာ လိမ်ဖယ်ဖယ် ဖြစ်နေတာကနေ ဂိုးတူးကို ရုတ်ချည်း ရောက်လို့သွားပါတော့

တယ်

တွေ့ဆုံမှုတွေ က ထူးဆန်းပါတယ် ကိုယ်က အားထည့်ပြီး အသေအကြေ တိုက်နေရင်

ကိုယ့်ထက် လေဘယ်အလွန်မြင့်သော ရန်သူတွေနဲ့ တွေ့နေခဲ့ပါတယ်

ဒီလောက် ရှိတာ ရှုံးစမ်းကွာ ဆိုပြီး ကိုယ်အကြိုက်ဆုံး တစ်လိုင်းထဲကို လက်ကိုင်

ထားပြီး ဘာနဲ့လာလာ အဲ့ဒီတိုက်စစ် တစ်ခုတည်းနဲ့ ထည့် လွှတ်လိုက်တာ

နှစ်ပွဲလောက် ဆက်တိုက်ရျုံးပြီး နောက်ပွဲတွေမှာ လေဘယ် အနိမ့်လေးတွေနဲ့

တွေ့ပါတော့

သူတို့က တိုက်ပွဲကို လေဘယ်အနိမ့်လေးတွေနဲ့ ၀င်လာတာ ထူးဆန်းလှပါတယ်

အဲ့ဒီလေဘယ်နဲ့ ဂိုး ကိုရောက်နေတာပါ

သေချာတာကတော့ သူတို့လည်း တစ်လိုင်းသန်နဲ့ ဖလားမြှင့်ထားကြတယ်နဲ့တူပါတယ်

နေ့စဉ် ဘုတ်စတားကဒ်အတွက် ကျရာ တိုက်စစ်နဲ့ ၀င်ရတဲ့အခါ သူတို့လည်း

ဖလား အရည်ပျော်ကြတာဖြစ်နိုင်ပါတယ်

ကိုယ်ကလည်း အခွင့်အရေးရတုန်း မညှာမတာဘဲ ဆက်တိုက် ဆော်လိုက်ရပါတယ်

ဒီရာသီကတော့ ထင်မှတ်မထားတာတွေ ဖြစ်တက်လွန်းပါတယ်

အဲ့ဒီလို ထင်မှတ်မထားဘဲ ဒိုင်းမွန်းအထိများ ရောက်သွားလေမလားဆိုတာကတော့

စိတ်ကူးယဉ် ဆန်လွန်းနေပြန်ပါတယ် ဒါပေမယ့် ဒိုင်းမွန်းကိုတော့ အရောက်

သွားချင်ပါသေးတယ်

 

Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=104

Sort:  

အားကျတယ်ဗျာ

ဆက်ချကြတာပေါ့

Nothing is impossible, the word itself says "I'm possible!"

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49