အသက်တွေ ကြီးလာလေ လောဘတွေ ဒေါသတွေ မကြီးလာပါနဲ့ နော်

in #steemiy7 years ago

လောကကြီးမှာ လူတိုင်း လူတိုင်းဟာ အသက်တွေ ကြီးလာ လေလေ
အသိတရားတွေ သတိတရားတွေ ပိုရှိလာပြီ လောဘတွေ ဒေါသတွေ
နည်းလာဘို့  လိုပါတယ်နော်

ကိုယ့်ဘဝမှာ လောဘတွေ ဒေါသတွေ မောဟတွေ နည်းလာမှ အကုသိုလ်
ဖြစ်စရာတွေလည်း မဖြစ်ရတော့ပဲ့ ကိုယ်ဘဝတွေက အေးချမ်းမှုတွေနဲ့ မှန်မှန်
ကန်ကန် ရှာဖွေ ကြီုးစားတတ်လာပြီ ဘဝနောင်ရေး စိတ်အေးစရာ ဖြစ်ရမှာပါ

တနေ့ တနေ့  လိုချင်တာတွေ ဖြစ်ချင်တာတွေ တနေ့ ထက် များများလာတဲ့
ဒီခေတ် အခါကြီးမှာ လူတိုင်း လူတိုင်းဟာ နားနား နေနေလေ နေရတယ်
်ဆိုတာ မရှိ ရအောင်

စိတ်ပင်းပန်း လူပင်းပန်းမှု တွေနဲ့  ကိုယ့်မီသားစုတွေရဲ့ စားဘို့ နေဘို့ ထိုင်ဘို့ 
ကိစ္စအဝဝ အတွက် ရှာဖွေ နေကြရတာ ကလည်း နေ့ စဥ့် နေ့ တိုင်း လိုလို
ဖြစ်နေ ရတာက အမှန်ပါ

လူတိုင်း လူတိုင်းဟာ ဘဝရပ်တည်ဘို့ ငွေကြေးဥစ္စာ စီးပွားတွေ ရှာဖွေတဲ့
နေရာမှာ ရိုးရိုးသားသား လုပ်ကိုင်ကြသူတွေ ရှိသလို့ မရိုးမသား လုပ်ကိုင်
ကြတဲ့ သူတွေကလည်း နေရာတိုင်းမှာ လိုလို ရှိနေ ကြရပါတယ်

ကိုယ်ဘဝမှာ လောကကြီးကို အထင်ကြီးပြီး သာယာတဲ့စိတ်တွေ များနေပြီ
လိုချင်တာတွေ များလာရင် ရှာဖွေတဲ့နေရာ ကြီုးစားတဲ့နေရာတွေမှာ မှန်မှန်
်ကန်ကန် ရိုးရိုးသားသား ရှာဖွေဘို့ လည်း သတိမရ ကြတော့ ပါဘူးနော်

ကိုယ့်ပင်ကိုယ် စိတ်က လောဘ ဒေါသ မောဟတွေနည်းနေမှ အသိတရား
သတိတရားတွေ ရှိနေမှ ကုသိုလ် အကုသိုလ်တွေရဲ့  အကျိုးကို သိထား
နှလုံးသွင်းထားတဲ့ သူမှသာ အကုသိုလ်တွေ နဲ့ ကင်းအောင် နေနိုင်မှာပါ

တကယ်တော့လည်း လူဘဝကြီးဆိုတာက ကိုယ်လည်း နေသာ နေရင်းနဲ့ 
ကြီုးစား နေကြ ရပေမယ့် ကိုယ်လည်း လူလောကကြီးမှာ ဘယ်လောက်
အထိ နေသွား ရမလဲ ဆိုတာ ကိုယ့်ကိုယ်တိုင်ကလည်း မသိရတာ ဖြစ်လို့ 

နေရတဲ့ လူဘဝခဏတာလေးမှာ ကိုယ်က ဘဝရပ်တည်ဘို့ အတွက် ရှာတဲ့
ဖွေတဲ့ နေရာ ကြီုးစားတဲ့ နေရာမှာ သူတပါး အကျိုးစီးပွားတွေ မထိခိုက်ရ
အောင် လုပ်ဘို့  ရိုးရိုးသားသား ကြီုးစား သွားခဲ့ဘို့ လိုပါတယ်

ကိုယ်က အသက်တွေ ကြီးလာလေလေ လောဘတွေကလည်း ကြီးလာ
မယ် ဒေါသတွေ ကလည်း ကြီးလာမယ်ဆိုရင် ကိုယ့်ဘဝတွေက လိုချင်မှု
လောဘတရားတွေနဲ့  အမြဲ ပူလောင် နေရမှာ ဖြစ်သလို့ 

ိုဒေါသတရားတွေကြောင့်လည်း ကိုယ့်ဘဝက လူတကာကို အပြစ်မြင်တဲ့
စိတ်တွေ အကောင်းမမြင်တဲ့ စိတ်တွေနဲ့ အမြဲ ပူလောင် နေရရင်း အမုန်း
တရားတွေနဲ့  မအေးချမ်းတဲ့ ဘဝတွေ ဖြစ်နေ ရရင်း

ကိုယ်မီသားစုတွေနဲ့ လည်း အဆင်မပြေ အများနဲ့ လည်း အဆင်မပြေ ဖြစ်ရပြီ
ီကိုယ့်အိမ်မှာလည်း မအေးချမ်းရ ကိုယ့်အလုပ်မှာလည်း မအေးချမ်း ရတဲ့ ဘဝ
တွေ ဖြစ်နေ ရမှာပါ

ကိုယ်က အသက်တွေကြီးလာလေလေ ကိုယ်ဘဝတွေကို အသိတရားတွေ
မရှိခင်က ငွေကြေး ဥစ္စာတွေ ပစ္စည်းတွေ ရဘို့ ဘယ်လို့ ရှာခဲ့ ရှာခဲ့ ပါစေ

အသိတရားတွေ ရှိလာတဲ့အချိန် အသက်တွေ ကြီးလာတဲ့ အချိန်တွေမှာ
တော့ ကိုယ်ဘဝတွေကို သတိလက်လွှတ် နေလို့  မရ တော့ပါဘူးနော်

ကျန်နေသေးတဲ့ ဘဝလေးကို အကုသိုလ် ကင်းကင်းနဲ့  ရှာဖွေပြီး အေး
အေး ချမ်းချမ်းလေး တရားလေးနဲ့  မှန်မှန်ကန်ကန် နေနိုင်သွားရအောင်
်ပြု ပြင် ကြီုးစားသွား ရပါတော့မယ်

အသက်တွေ ကြီးလာလေလေ ကိုယ်ဘဝတွေကို ပိုပြီး ပိုပြီ ကောင်းလာ
အောင် အကျင့်သီလလေးတွေ လုံခြုံ့ အောင်နေပေးဘို့  အများ အပေါ်မှာ
လည်း မေတ္တာစေတနာတွေ များများထားပေးနိုင်ဘို့  ကြီုးစားရပါတော့မယ်

တကယ်တော့လည်း ကိုယ်ဘဝမှာ တနှစ်ကုန်လာတိုင်း တနှစ်ကုန်လာ
တိုင်းမှာ ကိုယ့်မှာ အသက်တွေက တဖြေးဖြေး ကြီးလာရသလု့်  လောက
ကြီးမှာ နေရဘို့  ရက်တွေကလည်း

တရက်ပြီး တရက်နည်း နည်း လာရသလို့  ကိုယ်တနေ့ နေ့  လောကကြီး
ထဲက ထွက်သွားရမယ့် အချိန်မှာ အကုသိုလ်တွေ ယူမသွားဘို့ လိုပါတယ်

အသက်တွေကြီးလာနဲ အမျှ့ ကိုယ့်ဘဝတွေကို မတော် လောဘတရားတွေ
နည်းလာအောင် ဒေါသတရားတွေ နည်းလာအောင် ကိုယ့်မီသားစုတွေ နဲ့ 
အများအပေါ် အပြစ်မြင်တဲ့ စိတ်တွေ မရှိအောင် နေထိုင် ပေးရ ပါတော့မယ်

လောကကြီးမှာ ကိုယ့်က ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်အောင် နေ
ပေးနိုင် မှသာ ကိုယ်ဘဝတွေက အမြဲ အေးချမ်းစရာတွေ အပြစ်ကင်းစရာ
တွေ ကုသိုလ်ရစရာတွေ ဖြစ်နေရမှာပါ

ကိုယ်က နေရတဲ့ လူဘဝ ခဏတာလေးမှာ ဒေါသဖြစ်စရာ လောဘဖြစ်
စရာ မောဟဖြစ်စရာတွေ ကိုယ့်ဘဝထဲကို ဝင်မလာ ရအောင် အချိန်တိုင်း
အချိန်တိုင်းမှာ တွေ့ နေ မြင်နေ ကြားနေ သိနေ လုပ်နေတာလေးတွေရဲ့ 

ဖြစ်တဲ့ ပျက်တဲ့ သဘောလေးတွေကို အမြဲမပြတ် သတိလေးထားပြီး လုပ်
်ကိုင်နေမှသာ ကိုယ့်ဘဝတွေက ဝိပသနာတရား ရှုမှတ် နေသလို့ ဖြစ်နေပြီ
အရာရာကို သီးခံနိုင်စရာတွေ ဖြစ်လာပြီ မေတ္တာစိတ်လေးတွေနဲ့ ကုသိုလ်
်ရ နေရမှာပါ

တကယ်တော့ လူတိုင်း လူတိုင်းက ကိုယ့်ဘဝရဲ့  ပူလာင်မှုတွေ ငြီမ်းအေး
မှုတွေကို ကိုယ်ကိုယ့်တိုင်ကပဲ ဖန်းတီးနေ ကြတာက အမှန်ပါ ဆိုရင်

ကိုယ့်ဘဝ နောင်ရေး စိတ်အေးစရာလေးတွေ ဖြစ်နေဘို့  အသက်ကြီး
ီလာလေ လောဘတွေ ဒေါသတွေ မကြီးလာပါ နဲ့  လို့ သာ ••••
Credit Oo Aung…

image
မှုရင်း ဓါတ်ပုံတင်သူအား Credit ပါ ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54552.37
ETH 2295.79
USDT 1.00
SBD 2.30