BFF

in #steemit6 years ago

ညီအစ်​ကို (သို့)သူငယ်​ချင်း (သို့)BFF

ညီအစ်​ကိုဆိုတဲ့​ဝေါဟာရက​တော့ အထူး​ပြောစရာမလိုပါဘူး..
လိုတိုင်းသိပါတယ်​...

တစ်​ဖ​အေ တစ်​မ​အေတည်းက​မွေးတဲ့ ညီအစ်​ကို​တွေကို​ပြောတာ..​ပြောရရင်​ညီအစ်​ကိုအရင်း​တွေကို​ပြောတာပါ..

အဲ့ဒီ​မ​အေ​တွေ ဖ​အေ​တွေရဲ့​မောင်​​တွေ အမ​တွေ အစ်​ကို​တွေ
ညီ​တွေက​မွေးတဲ့​ယေကျာ်း​လေးနဲ့ဆိုရင်​လည်း ညီအစ်​ကို
ပါဘဲ..ဒါ​ပေမယ့်​ အာ့တာက ၀မ်းကွဲ​ပေါ့​နော်​...ထားပါ​တော့

ကျွန်​​တော်​​ပြောချင်​တာက ညီအစ်​ကိုအရင်း​တွေပါ..
ညီအစ်​ကိုဆိုတာ​တော့​ပြောစရာမလိုပါဘူး.. တစ်​​ယောက်
နဲ့တစ်​​ယောက်​ ချစ်​ပြီးသား.. စည်းလုံးမှု ရှိပြီးသား..
တစ်​ခါတစ်​​လေ​တော့ မတည့်​တာ​လေး​​တွေရှိမှာ​ပေါ့..
တစ်​ခုခုဖြစ်​ပြီဆို အများ​ပြော​နေကြတာ​တော့​သွေးက စကား​ပြောတယ်​​ပေါ့...ဘယ်​လို​ပြောလဲ​တော့မသိဘူး..

အဲ..​နောက်​တစ်​ခုက သူငယ်​ချင်း
သူငယ်​ချင်းဆိုတာမှာ အမျိုးမျိုးကွဲသွားပြီ...

ပိုက်​ဆံကိုကြည့်​ပြီး​ပေါင်းတဲ့သူငယ်​ချင်း...
တစ်​နည်း​ပြောရရင်​...
ကိုယ်​က ပိုက်​ဆံရှိလို့... သူတို့ကို​ပေးနိုင်​​ကျွေးနိုင်​မှ​ပေါင်းတဲ့
သူငယ်​ချင်း...ကိုယ့်​မှာ အကူအညီလိုတဲ့အချိန်​ လှည့်​မကြည့်​တတ်​တဲ့ သူမျိုး​ပေါ.

စိတ်​ဓါတ်​ကို အ​ခြေခံပြီး​ပေါင်းတဲ့ သူုယ်​ချင်း..
တစ်​နည်းဆိုရရင်​...
ကိုယ်​က သူ့အ​ကူအညီလိုရင်​ငွေအားဖြင့်​ဖြစ်​​စေ..
လူအားဖြင့်​ဖြစ်​​စေ..သူစိတ်​ဓါတ်​ကျ​နေတဲ့အချိန်
အား​ပေးတာ..နှစ်​သိမ့်​တာ..လက်​တွဲ​ခေါ်တာ..​ဖေးမတာ..
သူ့ကလည်းကိုယ့်​ကို အဲ့ဒီလိုမျိုး ပြန်​ဆက်​ဆံတဲ့သူမျိုးကို
ဆိုလိုချင်​တာပါ..တစ်​​ယောက်​နဲ့တစ်​​ယောက်​ နားလည်​မှုနဲ့
သွားတာပေါ့...​နောက်​တစ်​ခုက...
အ​ပေးအယူနဲ့​ပေါင်းတဲ့သူငယ်​ချင်း..
ကိုယ်​က သူ့ကို ၁၀၀​ပေးလိုက်​ရင်​ သူ့ဘက်​ကလည်း
ကိုယ့်​ကို၁၀၀ပြန်​​ပေးမှ ကြိုက်​တဲ့သူမျိုး...

အာ့မှာကျွန်​​တော်​​ပြောချင်​တာက BFF​ပေါ့ အရှည်​​ကောက်
ဆိုရင်​ Best Friend Forever​ပေါ့...
ညီအစ်​ကိုလိုလည်း...ဟုတ်​တယ်​....
သူငယ်​ချင်းဆိုလည်း မမှားဘူး...
လူ​တော်​​တော်​များများ ကျွန်​​တော်​အပါအ၀င်​​ပေါ့...
ငယ်​ငယ်​တုန်းက ဆိုရင်​​တော့ BFF ဆိုတဲ့ သူငယ်​ချင်း
မျိုး လူတိုင်းကြုံဖူးကြမှာဘဲဗျ...

က​ဘေးဘ၀ ငယ်​ငယ်​​လေးတည်းက​ကျောင်းတက်​ရင်း..
အတူတူ​ဆော့ကစားဖူးတဲ့သူ​တွေ...ဆိုး​ဖော်​ဆိုးဖက်​​တွေ..တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​နားလည်​သူ​တွေ..​ပြောမနာ
ဆိုမနာ​တွေ..တစ်​​ယောက်​ဒါလုပ်​မယ်​ဆို မငြင်းတဲ့သူ​တွေ..

အသက်​အရွယ်​လည်းကြီး..​ကျောင်း​တွေပြီး..ဘွဲ့​တွေလည်းရ​..
အလုပ်​ခွင်​ထဲဝင်​...
အာ့လိုမျိုးအချိန်​​တွေဆို အရမ်းသတိရကြတယ်​...
ငယ်​သူငယ်​ချင်း​တွေကို...လူတိုင်းကြုံဖူးကြမှာပါ..

တစ်ခါတစ်​လများ ကွဲကွာသွားတဲ့ သူငယ်ချင်း​တွ ပြန်​​တွေ့ကြရင်​ပြောစရာေ​တွကို မကုန်​နိုင်​ဘူး...
၁၀တန်းတုန်းကဆိုလည်း..​ဟျောင့်​​တွေ ... ၁၀တုန်းကကွာငါတို့​ကျောင်း​ပြေးပြီး​တော့ ..
ဘယ်​ကိုသွားတာ..ဘယ်​နားမှာ ထန်းရည်​သွား​သောက်​တာ..
ဘယ်​နားမှာ ဘယ်​လိုချိန်းထိုးကြတာ..
ဆရာမ​​တွေက ဘယ်​သူ့ကို ဘယ်​လိုဆူတာ...

တက္ကသိုလ်​​ရောက်​​တော့လည်း..
ငါတို့ေ​​တွ​လေ ဘယ်လို​​သောင်းကျန်းတာ..
မိဘဆီက ပိုက်​ဆံ​တွေ ဘယ်​လိုလိမ်​​တောင်းတာ..
ဘယ်အ​ဆာင်​ရှေ့မှာ ဘယ်ေ​ကာင်မ​လးကို သွားကြောင်တာ..
ဟို​ကာင်က​တော့ေ​ဆ်ာက ပြန်​မကြိုက်လို့ ဘယ်​လို​ကြေကွဲတာ..​ပြောရမယ်​ဆိုရင်​ အာ့လိုမျိုး​တွေအချိန်​..ခဏတာပြန်​​တွေ့ရတဲ့
သူငယ်​ချင်း​တွေဘ၀ ဘာနဲ့မှ မလဲနိုင်​ဘူးလို့ဘဲ​ပြောရမယ်​..

အလုပ်​ခွင်​ လဲ ၀င်​ကြ​ရော BFFဆိုတာ​တော်​​တော်​ရှားသွားပြီ....
ကိုယ့်​တက်​လမ်းဘဲကိုယ်​ကြည့်​ကြတဲ့သူ...
ကိုယ့်​တက်​ဖို့ဆို...တစ်​ပါးသူကို​လှေကားအဖြစ်
ချနင်းချင်​တဲ့သူ...​ခေါင်း​ရှောင်​တဲ့သူ..
ကြီးနို်​င်​ငယ်​ညှင်း လုပ်​ချင်​တဲ့သူ​တွေ..အစရှိသဖြင့်​​ပေါ့
ဒီလိုလူ​တွေများလာတယ်​​ပေါ့...ကိုယ့်​အ​ပေါ်​ကောင်းတဲ့သူက​တော့..ရှိ​တော့ရှိတယ်​ ရှားတယ်​​ပေါ့ဗျာ...

ကဲ ဒီ​လောက်​နဲ့​ကျေနပ်​ကြပါလို့..
အ​ရေးအသား သိပ်​မ​ကောင်းတဲ့အတွက်​ ဖြည့်​စွက
်​ဖတ်​​ပေးကြပါ....​ကျေးဇူးတင်​ပါတယ်​..

Writer-zawmyooo1
SMT-24

Sort:  

The Golden Cobra has struck!

Bite Strength: 42.00% }{ Strike Speed: 64/Millisecond

Venom circulation period: 7 days

After 7 days.. The Golden Cobra's venom converts to SBD/SP! ;)

Hit placed by: @zawmyooo1

Send 0.001-0.006 SBD/STEEM + url->memo to @thegoldencobra for an upvote! :)
Service released: 2/6/18 - Give us a chance! :)

SFF -Steemit Friends Forever လို့ကော ဆိုနိုင်မလားနော် …ခ်ခ်
SMT 8

ဒါ​ပေါ့ bro

You got a 2.66% upvote from @inciter courtesy of @zawmyooo1!

This post has received a 0.31 % upvote from @drotto thanks to: @zawmyooo1.

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67079.94
ETH 3266.85
USDT 1.00
SBD 2.64