အ​တွေးအ​ခေါ်မြင့်​မား​စေချင်

in #steemit6 years ago

image

သင် ဝမ်းနည်းပူဆွေးသောက
ရောက်နေချိန်မှာ သတိရပါ ..
ကိုယ့် လိုပဲ ကမ္ဘာအရပ်ရပ်မှာ
မတူညီတဲ့ အကြောင်းအရာတွေနဲ့
ဝမ်းနည်းပူဆွေးသောကရောက်
နေရသူတွေ များစွာရှိနေတယ်
ဆိုတာကို ..

ပြဿနာတွေ မပြေလည်မှုတွေ
ရှုံးနိမ့်မူတွေနဲ့ ကံဆိုးနေချိန်မှာ
သတိရပါ ..
ကိုယ့်လိုပဲ မတူညီတဲ့ ပြဿနာပေါင်း
သောင်းခြောက်ထောင်နဲ့ ခေါင်းမီးတောက်လောင်နေသူတွေ
မနည်းဘူးရှိတယ် ဆိုတာကို ..

သူများတွေလည်း ကိုယ့်လိုပဲ
ကံဆိုးကြတယ် ပူလောင်ကြတယ်
အဆင်မပြေကြတာကို သိပြီး
ပျော်ဖို့ ပြောတာ မဟုတ်ပါဘူး ..

ဒီအရာတွေဟာ ကိုယ်တစ်ယောက်တည်း
ကွက်ပြီး ကြုံတွေ့နေရတာမျိုး မဟုတ်ပဲ ..
လူမှန်ရင် တစ်နည်း မဟုတ်
တစ်နည်းနည်းနဲ့ တစ်နေ့နေ့တော့
ကြုံကိုကြုံတွေ့ရတတ်တဲ့
အရာလေးတွေပါ ဆိုတာကို သိပြီး
စိတ်ထားတတ်စေချင်ရုံပါ ..

ပြီးတော့
ရုပ်လှသူဆိုလည်း လောကမှာ
ကိုယ့်လိုပဲ လှတဲ့သူတွေများစွာ
ရှိတယ် ဆိုတာလေး မမေ့ပါနဲ့ ..

ချမ်းသာသူဆိုလည်း လောကမှာ
ကိုယ့်လိုပဲ ချမ်းသာသူတွေ
မရေမတွက်နိုင်အောင်ရှိတယ်
ဆိုတာလေး မမေ့ပါနဲ့ ..

ပညာတတ်တဲ့သူ ဆိုလည်းလောကမှာ
ကိုယ့်လိုပဲ တော်တတ် ထူးချွန်
ပေါက်မြောက်တဲ့သူတွေများစွာ
ရှိနေတယ် ဆိုတာလေး မမေ့လိုက်ပါနဲ့ ..

ဒီလို မမေ့ခြင်း သိနေခြင်းအားဖြင့်
ဝါးလုံးခေါင်းထဲလ မသာမိတော့ဘူးပေါ့ ..

လေးစားလျက်
Ma pui ဇလပ်မြေ
12.11.18

Sort:  

!cheetah ban
Part of multiple account plagiarism scam ring

Congratulations @waithae! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62943.85
ETH 2464.43
USDT 1.00
SBD 2.55