ရာသီတုပ်ကွေး (Seasonal Flu, A/H1N1)steemCreated with Sketch.

in #steemit7 years ago

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း

(၁) ကနဦးသတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာ (၂) ဦး၊ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ လူနာ (၁)ဦး၊ အထူးကြပ်မတ်ဆောင်တွေမှာ ကုသမှုခံယူနေရတာကို တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

(၂) ပထမ လူနာက ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်က ဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီးတော့ ပုသိမ်ဆေးရုံကြီး၊ နောက် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်ပါတယ်။

(၃) ဒုတိယ လူနာက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်က ဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီးတော့ ၁၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်ပါတယ်။

(၄) ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ နောက်ဆုံး တစ်ဦးကတော့ နေပြည်တော်၊ ရေဆင်းက မွေးမြူရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီးတော့ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်ပါတယ်။

(၅) နောက်ဆုံးအခြေအနေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာ (၂) ဦး အခြေအနေ သက်သာမှုမရှိသေးပါဘူး။ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ လူနာကတော့ သက်သာ ကောင်းမွန်နေပြီ လို့ သိရှိရပါတယ်။ စတင်တွေ့ရှိရတဲ့ လူနာ ၃ ဦးရဲ့ အနေအထား ဖြစ်ပါတယ်။

(၆) ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆေးရုံကြီးတွေမှာ တက်ရောက်နေတဲ့ လူနာတွေကို အထူးကြပ်မတ်စောင့်ကြည့်မှုတွေ ပြုလုပ်လျက် ရှိပြီး ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို အလေးထားပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တုပ်ကွေးရောဂါနဲ့ဆေးကုသမှုခံယူနေရသူတွေ ကို ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ Seasonal Flu, A/H1N1 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို ဆက်လက်ပြီး ထုတ်ပြန်သွားဖို့ ရှိကြောင်း သိရပါတယ်။

[နောက်ဆုံးအခြေအနေ ဖြည့်စွက်ချက် ] ချင်းပြည်နယ် မတူပီ မြို့ပေါ်ရပ်ကွက်မှာ Seasonal Flu, A/H1N1 ဓါတ်ခွဲအတည်ပြု လူနာ ၁၀ ဦး၊ သေဆုံးလူနာ ၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရှိရပါသည်။

(၇) ဒီကနေ့ မနက် ၁၀ နာရီမှာ ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(၈) ဝက်တုပ်ကွေးလို့ အခု အချို့ ခေါ်နေကြတဲ့ တုပ်ကွေးဆိုတာက ရာသီတုပ်ကွေး Seasonal Flu, A/H1N1 ဖြစ်ပြီးတော့ မိုးအကုန် ဆောင်းအကူးမှာ ဖြစ်လေ့ဖြစ်ထ ရှိခဲ့ကြောင်း၊ ရာသီတုပ်ကွေးရောဂါသာ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးတော့ ပြည်သူများအတွင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ရောဂါထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

(၉) ပြည်သူများအတွင်း စိတ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့လည်း အလွန်အမင်း ပူပန်ခြင်းမရှိဖို့၊ စနစ်တကျ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း လုပ်ငန်းတွေကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ အကျယ်တဝင့်လည်း ရှင်းလင်းမှုတွေ အမြန်ဆုံး ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။20229320_1389512631145821_4679118401831168239_n.jpg

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44