My Love Story

in #steemit6 years ago

image

ကမ္ဘာပေါ်မှာ ကိုယ်နားလည်ပေးရမယ့်
တစ်ခုထဲသော ချို့ယွင်းချက်ဟာ မင်းပဲ

ဒီနေ့ အရမ်းနေမကောင်းဘူးလို့ ပြောတယ်။
အချိန်တွေ အရမ်းကြာပြီးမှ ပြန်ကြားရတဲ့ သူ့အသံဟာ ရင်ကို စပ်ဖျင်းဖျင်းဖြစ်စေတဲ့
မူးယစ်ဆေးဝါး တစ်မျိုးပဲ။
ကြားဖူးနားဝဆေးတွေ ဗလုံးဗထွေးရွတ်ပြဆဲမှာပဲ ကိုယ်တို့ အဆက်အသွယ်ပြတ်သွားတယ်။

ကိန္နရာတွေ ချောင်းခြားသတဲ့ကွယ်
ကိုယ်တို့မှာ မြစ်တွေ ပင်လယ်တွေထက် ကျယ်ဝန်းတဲ့
နားလည်မှုတွေ ခြားနေပါ ရဲ့ ။

ကမ္ဘာပေါ်မှာ ကိုယ်နားလည်ပေးရမယ့် တစ်ခုတည်းသော ချို့ယွင်းချက်ဟာ မင်းပါပဲ
ကိုယ့် အသက်ဇီဝိန်လေးလို ကိုယ်မပိုင်ဆိုင်တဲ့ ကိုယ့်ရှင်သန်မှုနေ့ရက်လေးတွေလို ရပ်တည်နေချင် သေးတယ်။

ကိုယ် မပျော်ပါဘူး
မပျော်တာတွေကိုပဲ မပျော်သလို ပျော်နေရတာ
ကိုယ် တကယ်မပျော်ဘူး။

နားရှုပ်မယ့် စကားတွေ ဆင်ခြင် မိတယ်
မျက်လုံးနောက်မယ့် အပြုအမူတွေ ပြင်ဆင်မိတယ်
စောက်ပိုပါပဲ "
မင်းမသိပဲ မင်းအတွက်ရည်ရွယ်ရတာတွေက တကယ့်စောက်ပိုတွေပဲ။

လမ်းတစ်ခုကို အတူတူသွားပြီးမှ တစ်ပိုင်းတစ်လတ်မှာ ကျန်နေရသူတိုင်းဟာ ရိုင်းတတ်သွားသလား ကိုယ်မသိဘူး
ကိုယ်မရိုင်းတတ်ဘူးနော်
တကယ်ဆိုရင်တောင် မင်းကိုချစ်လို့ ဖြစ်သွားမိတာ။

တစ်ခါတလေ ကိုယ် အရက်တွေသောက်ပြီး မူးနေတတ်တယ်။
တစ်ခါတလေ ဘာမှမသောက်ပဲ မူးနေရပြန်တယ်
အရက်တွေမူးရင် လက်ထိုးအန်လိုက်တိုင်း နည်းနည်းစီသက်သာပေမယ့်
မင်း အတွေးတွေကို အမူးပြေအောင် ကိုယ်ဘာလုပ်ရ မှာလဲ။

"အရင်လူနဲ့ပဲလား အဆင်ပြေတယ်မဟုတ်လား "
မင်းကို မမေးရဲတိုင်း
ကိုယ် နားထောင်နေကျ သီချင်းလေ။

လူတစ်ယောက်ရဲ့ သက်တမ်းဟာ ဘယ်လောက်ကြာသလဲ ကိုယ်ခန့်မှန်းဖို့ မစွမ်းပါဘူး
ကမ္ဘာပေါ်မှာ ကိုယ် နားလည်ပေးရမယ့် တစ်ခုတည်းသော ချို့ယွင်းချက်ဟာ
မင်းပဲ ဆိုတာလောက်တော့ ကိုယ် စွမ်းနေသေးတယ်။

မင်း မေ့ထားတဲ့ နေ့တွေလည်း ကိုယ် အရင်လိုပါပဲ
မင်း ပြန်ခေါ်မယ့် နေ့တွေမှာ လဲ ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63968.82
ETH 2633.99
USDT 1.00
SBD 2.84