" ရွက်ကြွေတောက နွေခေါ်သံ " အပိုင်း - ( ၁ )

in #steemit6 years ago (edited)

" ဝိုးးးး ရပ်ထား ကိုယ့်လူ၊ရှေ့ဆက်မသွားဘဲ
လှည့်ပြန်ကြရအောင် ကွာ "

နောက်ကသူငယ်ချင်း မောင်ထူးရဲ့ အော်သံကြောင့်
လျှိုမြှောင်စပ်ကို ဆက်လျှောက်သွားမယ့်
ကျွန်တော့်ခြေလှမ်းတွေ တွန့်ခနဲဖြစ်သွားတယ်။

" ဘာဖြစ်လို့လဲ မောင်ထူး ဒီအတွင်းပိုင်းထိ
ငါမရောက်ဖူးလို့ပါကွာ၊ ငါလျှောက်လည်ချင်သေးတယ်ကွ "

" မဖြစ်ပါဘူး ဖိုးနောင်ရာ ငါကြောက်တတ်တယ်ကွ "

"အောင်မယ် မောင်ထူး မင်းအကြောင်းငါမသိဘူးမှတ်လား
လာရွဲ့ပြမနေနဲ့၊ နေရာတကာစပ်စုကောင်ကများ "

အဲလိုကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဘုကျနေတုန်း

" ဝုန်းးးး " ဆိုတဲ့အသံကြီးတစ်ခုလျှိုမြှောင်ရဲ့ဟိုဘက်ခြမ်းဆီက
ကြားလိုက်တယ်။
နေရာတကာစွာကျယ်လွန်းတဲ့ မောင်ထူး
ဒီနေရာရောက်တော့ ဘာကောင်မှဟုတ်ဘူးတဲ့လေ။
ကျွန်တော်လည်း ကြက်သီးတော့ထမိပါရဲ့။
ဒါပေမယ့် ---
လျှိုမြှောင်တစ်ဘက်ကိုလှမ်းမျှော်စုံစမ်းလိုက်တော့
မီးခိုးတွေနည်းနည်းထနေတာကို မြင်လိုက်ရတယ်။
အဲဒီတော့ ကျန်တာဘာမှမဟုတ်ဘူး
တောမီးထချိန်မို့ တောမီးလောင်ပြီး သစ်ပင်ခြောက်
လဲကျတာပဲဖြစ်နိုင်တယ်ဆိုတာ သေချာသလောက်
ခန့်မှန်းမိတယ်။
မောင်ထူးကိုတော့ မနည်းချော့မော့ပြီး
သစ်ပင်ခြောက် မီးလောင်လဲတဲ့အကြောင်းပြောကာ
အတင်းခေါ်လာရတယ်လေ။
အခုကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ဟာ
တောင်ပိုင်းရှမ်းပြည်၊ရွာငံမြို့နယ်ရဲ့နယ်စွန်ဖြစ်တဲ့
ပန်းလောင်မြစ်ကမ်း အနောက်ဘက်ခြမ်းမှာ
လည်ရင်းပတ်ရင်းနဲ့ ပတ်ချောင်းလို့ခေါ်တဲ့ နေရာလေးကို
ရောက်လာတာတာပါ။
တကယ်တော့ ပတ်ချောင်းဆိုတာ
တစ်ချိန်တုန်းက စော်ဘွားတွေအုပ်ချုပ်တဲ့ကာလမှာ
မြစ်ရိုးကိုးရွာထဲ ပါဝင်ခဲ့တဲ့ရွာလေးတစ်ရွာပေါ့။
ဒါပေမယ့် ---
ကျွန်တော်မှတ်မိသိတတ်စ အရွယ်မှာတော့ဖြင့်
မြစ်ရိုးကိုးရွာဆိုတာ နာမည်တွေပဲကျန်တော့တာ
အခုထိတည်ရှိနေတဲ့IMG_20180502_215248.JPGရွာတွေဆိုလို့ ရနဲရွာ၊မင်းပလောင်ရွာ၊တဲ့လုရွာ
ဒီလောက်ပဲရှိတော့တာပါ။
ညောင်ကြပ်ရွာ၊တောင်ပုံရွာ၊ပတ်ချောင်းရွာတို့ဆိုတာ
မြစ်ရေတင် ဆည်ပိတ်ခဲ့လို့ရေမြုတ်ကုန်တော့
အဲဒီရွာတွေမှာနေထိုင်ကြတဲ့သူတွေကိုတော့ဖြင့်
မြစ်သားမြို့နယ်၊အောင်ချမ်းသာစတဲ့ရွာတွေဘက်ကို
ရွှေ့ပြောင်းပေးကြတယ်လို့ ကြားဖူးပါတယ်။
တစ်ချို့သော လူတွေဟာပတ်ချောင်းတို့
ကိုးကွေ့တို့နေရာတွေမှာလာပြီး
ပန်းလောင်မြစ်ထဲမှာ ငါးဖမ်းခြင်းတံငါအလုပ်စသည်ဖြင့်
အသက်မွေးဝမ်းကျောင်းပြုရင်းလာရောက်နေထိုင်ကြတယ်။
အခုပတ်ချောင်းအတွင်းပိုင်းရောက်တော့
ကျွန်တော့်သူငယ်ချင်းကြောက်နေတာက "မိခွေးမ"
ဟုတ်တယ် "မိခွေးမ" ကိုပါပဲ။
မိခွေးမ ဆိုတာ တစ်ချိန်က ဒီတောတန်းတွေနဲ့အတူ
ရှင်သန်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ပေါ့။
မိခွေးမ ကိုကျွန်တော်မမြင်ဖူးပါဘူး
ဒါပေမယ့် ---
ကျွန်တော်သိခဲ့တယ်၊ကြားခဲ့တယ်၊သနားခဲ့ရတယ်။
မိခွေးမ လေးအကြောင်းကို ကျွန်တော်ကောင်းကောင်း
မှတ်မိပါတယ်။
မိခွေးမ ရဲ့လွမ်းစရာ,သနားစရာအဖြစ်တွေကို
ဒီပတ်ချောင်းရွာဟောင်းနဲ့ပန်းလောင်မြစ်တို့
အသိဆုံးတွေပါပဲဗျာ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60192.33
ETH 2321.67
USDT 1.00
SBD 2.50