Steemit အကြောင်း တစ်စေ့တစ်စောင်း

in #steemit6 years ago (edited)

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
အခုဆိုရင် ကျွန်တော် Steemit ကို စတင် သုံးဆွဲတာ တစ်ပတ်ရှိပါပြီ။ ကြားထဲမှာ Post တွေ ရေးမတင်နိုင်သေးပေမယ့် Steemit အကြောင်းကို လေ့လာနေဆဲပါခင်ဗျာ။ ဘာလို့လဲဆိုတော့..... Steemit နဲ့ ပက်သက်ပြီးတော့ ပို၍နားလည်သိရှိအောင် လေ့လာပြီးမှ  လုပ်မယ်ဆိုရင် အမှားနည်းမယ် ထင်ပါတယ်ခင်ဗျာ။

Steemit ကို ကျွန်တော် လေ့လာလို့ ရသလောက်ထဲက အနည်းငယ်မျှကို ဖော်ပြပေးပါ့မယ်ခင်ဗျာ... အခု ကျွန်တော် တင်ပြပေးမယ့် Post ကို Senior တွေကတော့ ကျော်သွားကြပါခင်ဗျာ... အခုမှ စတင်ပြီးတော့ Steemit ကို သုံးစွဲမယ့် Junior တွေ အတွက်တော့ အနည်းငယ် အထောက်အပန့် ဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။
1524157552-picsay.jpg
ပုံ 1. အစိမ်းရောင်နဲ့ပြထားသော followers ဆိုတာကတော့ Steemit တွင် ရှိကြသော မိမိနှစ်သက်သောသူများအား မိမိကနေပြီးတော့ followers လူဦးရေ/အရေအတွက်ပါခင်ဗျာ...

အဝါရောင်နဲ့ပြထားသော following ဆိုတာကတော့ Steemit တွင် ရှိကြသော သူငယ်ချင်းများက မိမိအား ပြန်လည်၍ following လူဦးရေ/အရေအတွက်ပါခင်ဗျာ...

(ဒီနေရာမှာ တစ်ခုပြောစရာရှိတာက Steemitသည် ဖေ့စ်ဘုတ်နဲ့ အလားသဏ္ဍန် အနည်းငယ်တူညီပါသည်။
သို့ပေမယ့် ဖေ့စ်ဘုတ်လိုမျိုးတော့ သူငယ်ချင်းများအား See frindes ပြုလုပ်၍ မရပါ... followers to following ပြုလုပ်၍သာ ရပါတယ်။)

လိမ္မော်ရောင်နဲ့ပြထားတာကတော့ Steemit ပေါ်တွင် မိမိရေးသားတင်ထားသော Post အရေအတွက်သာ ဖြစ်ပါတယ်။ သို့သော်... steemit တွင် Comment ရေးသားခြင်းများကိုလည်း Post တစ်ခုအဖြစ် အသိအမှတ် ပြုထားပါသည်။
1524158609-picsay.jpg
ပုံ 2. ပုံတွင်ပြထားသည့်အတိုင်း မိမိရဲ့ Steemit အကောင့်တွင် Blog Comments Replies Rewards Wallet Settings ဆိုတာ ရှိပါတယ်။

Blogဆိုတာကတော့ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူးနော် Steemit အကောင့်ထဲဝင်လိုက်တာနဲ့ မိမိရဲ့ Blog ထဲသို့ တန်းရောက်ပါတယ်။

မိမိသူငယ်ချင်းများရဲ့ Postအောက်တွင် မိမိဝင်ရောက် မန့်ထားသော Comment များကို အလွယ်တစ်ကူ ပြန်၍ကြည့်မယ်ဆိုရင် Comments ဆိုတဲ့နေရာလေးကို နိုပ်၍ဝင်ကြည့်နိုင်ပါတယ်။

မိမိဝင်ရောက် မန့်ထားသော Comment များတွင် မိမိရဲ့သူငယ်ချင်းများ မည်သူ/မည်ဝါ Reply ပြန်မန့်ထားသလဲဆိုတာကို Replies ဆိုတာလေး နိုပ်၍လည်း ဝင်ကြည့်နိုင်ပါသည်။

Rewards ဆိုတာလေးကို နိုပ်လိုက်မယ်ဆိုရင်တော့ Curation rewards နဲ့ Author rewards များကို ဝင်ကြည့်နိုင်ပါတယ်။

Wallet ဆိုတာကတော့ ပိုက်ဆံအိပ်လို့ခေါ်ပါတယ်... Steemit မှ ရရှိသော steem/sbd များကို ထို... Wallet ထဲတွင် သိမ်းဆည်းထားပေးပါသည်။

Settings ဆိုတာကတော့ အားလုံးလည်း သိတဲ့အတိုင်း ဂွင်း ဂွ တူ ပလယာ အဲ ယောင်သွားလို့ပါ။ မိမိရဲ့ steemit အကောင့်ကို ပြင်ဆင်မယ်ဆိုရင် ထို... Settings အထဲတွင် သွားရောက်ပြင်ဆင်နိုင်ပါသည် (မကလိတာ အကောင်းဆုံးပါဗျာ😁)
1524159605-picsay.jpg
ပုံ 3. Steemitဆိုတာ ဖေ့စ်ဘုတ်လိုမျိုးပါပဲ မတူတာဆိုလို့ ဖေ့စ်ဘုတ်သုံးရင် ပက်ဆံမရပါဘူး😁

Steemit အပေါ်မှာ လာပြီးတော့ ဖေ့စ်ဘုတ်လို ပေါက်တက်ကရ Post လာတင်တဲ့သူကို ဖေ့စ်ဘုတ်လိုမျိုး ရီပို့စ်ထုချင်တယ်ဆိုရင်တော့ အနီရောင်နဲ့ပြထားတဲ့ ထောင်နေတဲ့ အလံလေးကို နိုပ်ပြီးတော့ ရိုက်ချိုးခဲ့လိုက်ပါ ကျိုးသွား နားအေးတာပဲ။(စတာပါ အတည်ပါ)😁😁😁😁

သူငယ်ချင်းတွေရဲ့ Post (သို့) မိမိဖက်လိုက်သော Post ကို သဘောကျပါက အစိမ်းရောင်နဲ့ ပြထားသော မြှားလေးကို နိုပ်ပေးခဲ့လိုက်ပါ vote ပေးတယ်လို့ခေါ်ပါတယ် ဖေ့စ်ဘုတ်လိုဆိုရင်တော့ likeပေးတာပါ မြှားလေး စိမ်းသွားရင် vote ပေးပြီးသွားပါပြီ။

သို့မဟုတ် မိမိ သဘောကျသော Post ကို vote ပြီးတော့ ဖေ့စ်ဘုတ်လိုမျိုး Share ထားသေးချင်တယ် ဆိုရင်လည်း အဝါရောင်နဲ့ပြထားသော မြှားကောက်လေးကို နိုပ်လိုက်ပါခင်ဗျာ။

ခဏရပ်ပါအုံးမယ်ခင်ဗျာ နောက်ထပ်လည်း လေ့လာသိရှိသမျှကို ဆက်လက်ရေးတင်ပေးပါအုံးမည်။

ကျွန်တော် ရေးထားတာ ဖက်မိခဲ့ပါက မှန်သောရှိ မှားသောရှိ Comment တွင် ဝေဖန့်အကြံပြု ရေးသားပေးခဲ့ကြပါအုံးနော်...

အားလုံးကို ကျေးဇူးတင်ပါသည်။
MSU 050
Author @onedee

Sort:  

Fighting Bro

Thank you par fri.

30688195_442396722853716_3392771258985742336_n.jpg

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Thanks you bro.

👌👌👌👌👌👌

Thanks you fri.

Congratulations @onedee! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61180.45
ETH 2409.35
USDT 1.00
SBD 2.62