ဟရာမ်အမျိုးအစားအချို့

in #steemit8 years ago

image

ဟရာမ်အမျိုးအစားအချို့

     ယနေ့အခါသမယ၏ မွစ်လင်မ်အသိုင်းအ၀ိုင်းအတွင်း အကျင့်ပျက်ချစားမှုများ တစ်နေ့ထက် တစ်နေ့ တိုးပွားများပြားလာနေကြသည်။ ဟရာမ်ရှာဖွေမှုများ ပေါသထက် ပေါနေသည်။ ခိုးခြင်းသည် ဟရာမ်ဖြစ်သည်။ မီတာခိုးခြင်း၊ ပိတ်စကိုက်ခိုးခြင်း၊ မူးယစ်ဆေးဝါးများ ခိုးသွင်းခြင်း၊ အလေးချိန်ခိုးခြင်း၊ တာဝန်ချိန်တွင် အချိန်ပြည့်အလုပ်မလုပ်ဘဲ အချိန်ခိုးခြင်း၊ ဓါတ်ဆီခိုးခြင်း၊ လစာခိုးခြင်း စသည်များအားလုံး ဟရာမ်ဖြစ်သည်။ ထို့အတူ အတိုးပေးခြင်း၊ ယူခြင်း၊ လာဘ်ငွေထိုးခြင်း၊ လာဘ်ယူခြင်း၊ လိမ်ရောင်းခြင်း၊ ပမာဏသတ်မှတ်၍ အမြတ်ငွေယူခြင်း၊ လိမ်စားခြင်း စသည်များအားလုံးလည်း ဟရာမ်ဖြစ်သည်။

မူးယစ်ဆေးဝါးသည် ဟရာမ်ဖြစ်သလို ယင်းအရာများကို ကိုယ်တိုင်သုံးခြင်းသည်လည်း ဟရာမ်၊ အခြားသူများသုံးအောင် ရောင်းပေးခြင်းသည်လည်း ဟရာမ်ပင်ဖြစ်၏။ ဘိန်းများ တင်သွင်းပြီး ပိုက်ဆံရနေလျှင်လည်း ဟလာလ်စီးပွားတစ်ခုဟု မသတ်မှတ်နိုင်ပါ။ ကျွန်ုပ်တို့အနေဖြင့် ဟရာမ်မရှောင်ပါက ဆုတောင်းများပြည့်မည်လည်း မဟုတ်ပါ။ ကြိုးစားထားသည့် အိဗာဒသ်များလည်း အလကားပင် ဖြစ်ပါလိမ့်မည်။ ဟလာလ်စီးပွားရေးကိုသာ ရှာဖွေကြရင်း ဘဝနိဂုံးလှဖို့ ကြိုးစားသင့်ပေသည်။

အလ္လာဟ်အရှင်မနှစ်မျို့ သည့် လုပ်ရပ်များမှ အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ။(အာမီးန်)
#Moh twar hir (M.Z)

Sort:  

အာမီန်း

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64366.61
ETH 1882.31
USDT 1.00
SBD 0.37