အိပ်မက်များ
အိပ်မက်များ
ကျွန်တော်နေထိုင်ရာမြို့ကလေးသည်
တောင်သူလယ်ယာ နှင့် စိုက်ပျိုးရေးလပ်ြငန်းဖြင့်အသက်မွေးကြသူများသည်။
ရိုးသားသည့်တောင်သူလယ်သမားများ
တွင် ဟန်ဆောင်မှုကင်းသော အပြုံးလှလှတွေရှိသည်။ ရိုးသားပွင့်လင်းစွာ ပြောကြဆိုကြ ဆက်ဆံကြသည်။ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးကတော့
စည်းလုံးမှုများ ရိုးသားမှုများ ပွင့်လင်းမှု
များ နှင့် ကြင်နာစိတ်ရှိသော စိတ်ထား
ကောင်းသူတို့ များလှသည်။

မြို့အနီးနားဝန်းကျင်တွင် ကျေးရွာလေး
များလည်း ရှိသည်။စပါး ပြောင်း ပဲစိမ်းငုံ
မြေပဲ တို့ကို စိုက်ပျိုးအသက်မွေးကြသည်။ ဆန်ကြိတ်ချိန် မြေပဲဆီကြိတ်ချိန်ဆို
လျှင် တကျွီကျွီမြည်သောလှည်းပေါတွင်
ပြုံးရွှင်နေကြသော တောင်သူများကိုတွေ့ရသည်။ ရေဒီယိုမှ သီချင်းလေးများနားထောင်လျက် ကွမ်းလေး တမြုံ့မြုံ့
နှင့် လှည်းနောက်တွင် ကမ္ဘာပေါမှ သစ္စာ
အရှိဆုံး မိတ်ဆွေများ လိုက်ပါစောင့်ရှောက်လျက်။

သူတို့မှာသီးနှံလေးပေါချိန် ငွေလည်း
ရချိန်သာ ပြုံးပျော်ရသည်။ တစ်နှစ်ပတ်
လုံး မိုးကိုကြည့်ရ သီးနှံဈေးလေးကောင်းဖို့ ဆုတောင်းရ ပိုးမွှားများ၏ ဖျက်ဆီးမှုကို ကာကွယ်ရနှင့် ဦးထွန်းလွင်
၏ မိုးလေဝဿသတင်းကို ရေဒီယိုလေး
မှ နားထောင်ကာ အလုပ်ကိုကြိုးစားလုပ်ကြသည်။ သို့သော် ဦးထွန်းလွင်ထက်
ဖွတ်၏အမှီးက ပိုအရေးပါနေသော တောင်သူများလည်း ရှိပြန်သည်။ တောင်သူဦးကြီးများမှာ ဇောတိက(ဖွတ်)၏
အမှီးကို ကြည့်ကာ မိုးများမည်လား လေများမည်လားဆိုသည်ကို ဖွတ်အမှီးရှိ
မီးခိုးရောင် တရစ် အဖြူရောင်ဖျော့ဖျော့
တရစ်နှင့် တလှည့်စီ အစီအစဉ်ကနေသော အပိုင်းလေးများကိုကြည့်ကာ မိုး
လေ မိုး လေ မိုး လေ ဟု ကြည့်ကာခန့်
မှန်းကြရသည်ကလည်း ပျော်စရာဓလေ့
တစ်ခုပင်။

တနေ့
ကျွန်တော်တို့အိမ်ရှေ့လမ်းတွင်ခွေးက
လေးတစ်ကောင်မျက်စိလည်နေသည်။
အနီးအနားရွာမှ စပါးလာကြိတ်သည့်
လှည်းနှင့်ပါလာသည့် ခွေးကလေးဖြစ်
မည်ထင်သည်။ မြို့မှ စွာကျယ်သော ခွေးများ၏ ရန်ရှာမှုကြောင့် ထွက်ပြေးလာ
ရ၍ လမ်းပျောက်ကာ မပြန်တတ်တော့
ခြင်းဖြစ်ပေမည်။ ကျွန်တော်တို့အိမ်၏
အနောက်ဘက် ကပ်လျက်အိမ်မှ ဖိုးခွား
ဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ယခုလည်းကြင်နာတတ်သည့်ဖိုးခွား
က ခွေးကလေးကို ထမင်းကျွေး၍မွေး
ထားသည်။ခွေးကလေးမှာ ချစ်စရာကောင်းသည်။ နီပုဟုပင်ကျွန်တော်တို့
အမည်ပေးထားသည်။ ခွေးကလေးမှာ
နီညိုရောင် အုန်းခွံရောင်ဖြစ်မည်ထင်
သည်။ခန္ဓာကိုယ်အရွယ်အစားသေးငယ်
သောခွေးကလေးတစ်ကောင်ပင်။

ဖိုးခွားနှင့်ကျွန်တော်သည် အိမ်နီးချင်းသူ
ငယ်ချင်းဖြစ်ပြီး ကလေးဘဝမှာစ၍က
စားဖော်ကစားဖက်ဖြစ်သည်။သို့သော်
ဖိုးခွားမှာ အနည်းငယ်စိတ်မနှံ့ ကျပ်မပြည့်ဟူ၍ တံဆိပ်တပ်ခံရပြီး ပတ်ဝန်းကျင်
ရှိ မိတ်ဆွေသူငယ်ချင်းများ သူစိမ်းသူရံ
များ၏ သနားစရာအကြည့် လှောင်ပြောင်ကျီစယ်မှုတို့ကို မကြာခဏရင်ဆိုင်ရသည်။စိတ်မနှံ့သော်လည်း မိမိကို လှောင်
ကြ ကျီစယ်ကြသည်ကိုတော့ သူသိပါသည်ဟု ကျွန်တော့်ကို ပြောပြဖူးပါသည်။
မိမိသည် အများတကာနှင့် တူညီသည်
ကို ပြရန် ဖိုးခွားမကြာခဏကြိုးစားဖူး
သည်။ ရပ်ကွက်ထဲစကားဝိုင်းထဲတွင်
ဟာသလေးတွေ ကြိုးစားပြောသည်။
သို့သော် အားလုံး၏ ဟားတိုက်ုခြင်းကို
သာ သူရရှိခဲ့သည်။ မွေးရာပါ ဦးဏှောက်ချို့ယွင်းခြင်းမှာ သူ၏ အားနည်းချက်
ဖြစ်သည်။ ဖိုးခွားဘာတတ်နိုင်ပါမည်နည်း။ အတိတ်က ကံကြောင့် ရွယ်တူသူ
ငယ်ချင်းများလို မတွေးနိုင် မစဉ်းစားနိုင်
မပြောတတ်တာ ဖိုးခွားဘာမှ မတတ်နိုင်။ ယခု ကြိုးစားပြောပြန်သော်လည်း
အချိန်အခါ အကျိုးအကြောင်းကို ဆီလျှော်လောက်အောင် ပြောပြနိုင်သော
အသိဥာဏ်ချို့ယွင်းမှုကို အားပေးဖေး
ကူမည့် ကြင်နာမှုတွေကို သူလိုချင်မိသည်။ ဟာသတွေပြောလိုက်တိုင်း တကြိမ်တခါလောက်တော့ မိမိကိုတော်သည်
ကောင်းသည်ဟု ပြောနေကြမည်ကို စိတ်ကူးယဉ်ပျော်မြူး၍ သူအကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။ သို့သော် မည်၍မည်မျှကြိုးစားခဲ့သော်လည်း တကြိမ်တခါ
လေးမှ ဖိုးခွားကို အသိအမှတ်မပြုကြသောအခါ ဖိုးခွားလက်လျှော့လိုက်တာကောင်းပါသည်ဟု တွေးမိသည်။
ဖိုးခွားဘာတတ်နိုင်ပါမည်နည်း။ ဖိုးခွားကိုလှောင်ပြောင် ရီမောကြသော ပတ်ဝန်းကျင်ရှိ လူတို့သည် အသိဥာဏ်ရှိကြ
သည့် သူများပဲလေ။သို့ကြောင့် မိမိကိုလက်ခံသော အားပေးသော ကလေးငယ်လေးများနှင့် ပြောဆိုပေါင်းသင်းပြန်
တော့လည်း ဖိုးခွားကို ထူးခြားသောအကြည့်များနှင့်ကြည့်ကြပြန်သည်။ ပြုံးသွားကြပြန်သည်။သို့သော် တခါတရံ
တော့ သူတို့အတွက်သာ ဟာသရီစရာ
ပြုံးစရာဖြစ်သော်လည်း ဖိုးခွားအတွက်
မူ မည်မျှနာကျင်ခံစားရသည်ကိုတော့
ထိုသူတို့ကို သိစေချင်မိပါသည်။
ကျွန်တော်က ဖိုးခွားနှင့် ငယ်သူငယ်ချင်း
ဖြစ်သောကြောင့် သူ့အကြောင်းကို အခြားသူများထက် သိသည်။ ဖိုးခွားမှာ မွေးရာပါ ချို့ယွင်းချက်ရှိရုံမျှသာ။စိတ်ရင်းစေတနာကောင်းသည်။မိဘအတွက်
တော့ သားလိမ္မာဖြစ်သည်။ မိတ်ဆွေသူ
ငယ်ချင်းများအတွက်လည်း ကူညီတိုင်း
ဘာအကျိုးမှ မမျှော်ကိုးတတ်။
သည်ကြားထဲမှာပင် သူ၏ရိုးသားမှုကို
အသုံးချသူ များလည်းရှိသေးသည်။ဖိုး
ခွားကို ခိုင်းလျှင် ပိုက်ဆံမှ မပေးရပဲလေ။ ရေနွေးဝိုင်းမှ ကြံသကာလေးဟထညက်ကလေး မုန့်ကလေးများပေးလိုက်
လျှင် ဖိုးခွားကလည်း ပျော်နေတတ်သည်မဟုတ်လား။ ထိုကဲ့သို့ရလာသောမုန့်
များကိုဖိုးခွားတစ်ယောက်တည်းမစား။
သူ၏ သူငယ်ချင်းလေးအတွက် အမြဲယူ
လာသည်။ ဖိုးခွားသည်ကား သူ၏အစ်
ကို အမများထက် ကျွန်တော့်ထက်ခင်ရ
သော သူငယ်ချင်းလေးတစ်ယောက်ရှိ
သေးသည်။ ထိုသူငယ်ချင်းကား နီပုဖြစ်
သည်။
ဆော့ကစားကြချိန်များနှင့် အချို့အချိန်များတွင် ခင်ရပါသည်ဆိုသော ကျွန်တော်လည်း ဖိုးခွားကိုအော်မိ ပြောမိပါသည်။ယခု နီပုလေးကတော့ ဖိုးခွားကိုတစ်
ခါမျှစိတ်မဆိုးဖူးပေ။ ဖိုးခွားအလည်ပြန်
လာလျှင် သခင်ကိုမြင်သည်နှင့် အပြေး
ကလေး လာကြိုတတ်သည်။အမြီးလေး
နှံ့ကာ လက်ပေး ပတတ်ယက်ပြီး ဖိုးခွား
လက် ခြေတို့ကို နမ်းရှုံ့ကာ ကြင်နာနွေး
ထွေးမှုကို ဖိုးခွားရရှိသည်။ သည်လို အရေးလုပ် ဆက်ဆံမှုကို ဘယ်သူငယ်ချင်းထံမှ ဖိုးခွားမရခဲ့။ထို့ကြောင့်လည်း နီပု
မှာ ဖိုးခွား၏ အချစ်ဆုံးသူငယ်ချင်းဖြစ်
သလို နီပုအတွက်လည်း ဖိုးခွားသာအချစ်ဆုံး သူငယ်ချင်းဖြစ်သည်။
ကျွန်တော်တို့ကန့်ဘလူမြို့လေးသည်
ဗုဒ္ဓဘာသာကို တန်ဖိုးထားမြတ်နိုးကြ
သော မြို့ကလေးဖြစ်သည့်အတွက် အလှူဒါန ပြုကြသည်မှာလည်း တစ်နှစ်
ပတ်လုံး မပြတ်လပ်ပေ။ လစဉ်လတိုင်း
သံဃာတော် အရှင်သူမြတ်များကို အာရုံဆွမ်းကပ်ကြသည့် အလေ့အထလည်းရှိ
သည်။ တပို့တွဲလတွင်မူ ကျွန်တော်တို့
အိမ်မှ နှစ်စဉ်ဆွမ်းကပ်သည့်အခါတွင်
ဖိုးခွားလိုက်ပါ ကူညီသလို ဖိုးခွားတို့အိမ်
တွင် ဆွမ်းကပ်ချိန်တွင်လည်း ကျွန်တော်က လိုက်ပါ ကူညီမြဲ။သည်နှစ်ဖိုးခွား
တို့အိမ်မှ ဘုန်းကြီးကျောင်းတွင်မုန့်ဟင်းခါး ဆွမ်းကပ်လှူရာ ကျွန်တော်လည်း
လိုက်ပါကူညီသည်။ ညကတည်းကပင်
ချက်ပြုတ်ပြင်ဆင်၍ နံနက်၎ နာရီတွင်
ဘုန်းကြီးကျောင်းသို့ သွားကြပါသည်။
ထို့နောက် အာရုံဆွမ်းကပ် အချိုပွဲကပ်
လှူပြီးစီး၍ပြန်လာချိန်တွင် ၈နာရီခန့်ရှိ
ပါပြီ။ပြန်လာရာလမ်းတွင် တစ်နေရာ
အရောက် စွဲမက်ဖွယ်အနှံ့ကြောင့် ဖိုးခွားနှင့်ကျွန်တော် အနှံ့လာရာနေရာသို့
ပြိုင်တူ ကြည့်လိုက်မိသည်။ဟုတ်ပါသည်။ CP ကြက်ကင်ဆိုင်မှ လာခြင်းဖြစ်
သည်။ သို့သော်ကျွန်တော်တို့ဝယ်မစား
ဖြစ်ကြပါ။ ဝယ်စားရန်ပိုက်ဆံလည်း မပါ၍ဖြစ်သည်။

ကျွန်တော်ကတော့
ပိုက်ဆံတစ်ထောင်ဆိုလျှင် အိမ်တွင်ကြက်ဥတစ်ထောင်ဖိုးဝယ်ပြီး တရက်တာ
ဟင်းရသည်မို့ ဝယ်စားချင်သော်လည်း
မိသားစုအပေါ သစ္စာဖောက်သည်ဟုခံ
စားရမှာ စိုးပါသည်။တခါတော့ ဝယ်စား
ပါသည်။ သို့သော်အိမ်တွင် ကြက်ဥသာ
စားနေကြချိန် မိမိက ကြက်ကင်စားနေ
သော်လည်း လုံးဝအရသာမရှိပါ။စားရင်းစိတ်ဆင်းရဲပူလောင်၍ အရသာအနည်းငယ်မျှမရှိပါ။ ထိုအစားမိသားစုနှင့်
ကြက်ဥနှင့်ပျော်ရွှင်စွာစားနေသည့်ထမင်းဝိုင်းလေးက ကျွန်တော့်ရင်ကို အေးချမ်းပျော်ရွှင်စေပါသည်။ ဖိုးခွားကိုမှာတော့ ပိုက်ဆံမရှိပေ။ အစားအစာကျွေးကြပေးကြသော်လည်း ပိုက်ဆံတော့မပေးကြပါ။
တနေ့ ဖိုးခွားကျွန်တော်ထံ အလည်ရောက်လာပါသည်။ ကျွန်တော်လည်းကော်
ဖီဖျောက်တိုက်၍ စကားစမြည်ပြောဆို
ကြပါသည်။ ကျွန်တော်က စာအုပ်ကလေးတစ်အုပ်စနှစ်အုပ်စဖတ်ဖူး၍တတ်အားသမျှ နီးစပ်ရာ မိသားစု ဆွေမျိုး
မိတ်ဆွေသူငယ်ချင်းများနှင့်ကြုံလျှင်
shareပေးနေကျ။ယခုလည်း ဖိုးခွားကို
လူတစ်ယောက်အတွက် ရည်မှန်းချက်
ပန်းတိုင်သည် အရေးကြီးကြောင်းနှင့်
မျှော်လင့်ချက်နှင့် ရှင်သန်ခြင်းများအကြောင်း အမြင်ပြောင်းလဲခြင်းဖြင့် ပိုမို
ကောင်းမွန်သော ရလဒ်များကို ပြောင်းလဲနိုင်ကြောင်းစသည်ဖြင့် ပြောဖြစ်သည်။နောက်ဆုံးတွင် ရည်မှန်းချက်အိပ်
မက်ရှိခြင်းသည် လူတစ်ယောက်ဘဝကို
တည့်မတ်ပေးခြင်း လှုပ်ရှားနေစေခြင်း
များကို ပြောပြဖြစ်သည်။လူကြီးများကို
တော့ ပြောလျှင် ရေခင်းပြသည်ထင်သောကြောင့် ကလေးများနှင့် ဂရုစိုက်နား
ထောင်ကြသော သူများကိုသာပြောပါသည်။ မှတ်ချက် ကျွန်တော်ဖိုးခွားမဟုတ်ပါ။ သို့သော် ဖိုးခွားတစ်မျိုးဆိုတာကို
တော့ ဝန်ခံပါသည်။
ကျွန်တော်လည်း ကျွန်တော့်ရည်မှန်းချက်များ အိပ်မက်များကိုပြောပြပါသည်။
တနေ့မှာ မိမိအစားအလုပ်လုပ်ပေးပြီး
ပိုက်ဆံအိတ်ထဲကို ငွေတွေဝင်နေစေမည့် ငွေစီးကြောင်းများပိုင်ဆိုင်ရန်(မိမိကမ္ဘာပတ်ပြီး ခရီးသွား ဝါသနာများအပေါ
အချိန်ပေးပြီး ငွေများသုံးစွဲနေသော်လည်း ငွေစီးကြောင်းများမှ ပိုက်ဆံအိတ်ကို
ဖောင်းစေပါလိမ့်မည်)ရေကူးကန် ပန်းခြံ
ရေပန်းများနှင့် ပြိုင်ဘီး ပြိုင်ကားများပိုင်ဆိုင်ရန် စသည်ဖြင့် ရှိကြောင်းပြောပြ
ပြီး ဖိုးခွားကိုလည်း
"ဖိုးခွား မင်းမှာကော ဘယ်လိုအိပ်မက်
တွေရှိလဲ"မေးလိုက်ပါသည်။ ဖိုးခွားဘာမှ မပြော။ ခဏကြာစဉ်းစားနေသည်။
သူ၏အိပ်မက်ကို စဉ်းစားနေဟန်တူသည်။

တခဏကြာပြီးနောက် "နိုင်လင်းရေ
အိပ်မက်ဆိုတာ ဘာလဲ"တဲ့ဆိုတော့
ကျွန်တော်လည်း အိပ်မက်ဆိုတာ အလွယ်ဆုံးပြောရရင် မင်းဖြစ်ချင်တာတွေ ပေါ့။ မင်းရရှိခဲ့ရင် မင်းပျော်ရွှင်ရမယ့်အရာတွေပေါ့။ ဥပမာကွာ တိုက်တွေကား
တွေ လုပ်ငန်းကြီးတွေပေါ့။
ဖိုးခွားထပ်မေးပြန်တယ်။
"အိပ်မက်ဆိုတာ တိုက်တွေကားတွေမဟုတ်လို့ မရဘူးလားတဲ့"
ကျွန်တော်လည်း "ရပါတယ် အိပ်မက်က
ဘာပဲဖြစ်ဖြစ်ပါ"
"တပါးသူကိုမထိခိုက်ဘူး သူငယ်ချင်းကို
ပျော်ရွှင်စေမယ်ဆိုရင် အဲဒါဟာ အိပ်မက်ပဲ"လို့ ကျွန်တော်ရှင်းပြလိုက်ပါတယ်။
ဖိုးခွားလည်း"ဒါဆို ငါ့အိပ်မက်ကိုပြော
မယ်ကွာ" "ငါ တိုက်တွေလည်းမရချင်ဘူး။ ကားလည်းမစီးချင်ပါဘူး"
"ငါ့အိပ်မက်က နီပုအတွက် CPကြက်ကင်လေး တပတ်တခါလောက်ဝယ်ကျွေး
ချင်တာ"

ကျွန်တော်မှတ်မိပြီ။ ဆွမ်းကပ်ပြီး ဘုန်း
ကြီးကျောင်းမှ ပြန်အလာ CPကြက်ကင်
ကိုတွေ့ပြီးနောက် အပြန်လမ်းတစ်လျှောက် ဖိုးခွားစကားနည်းသည်ကို သတိတော့ ပြုမိခဲ့သည်။ ဘာကြောင့်ဆို
သည်ကိုတော့ မသိခဲ့။ဘုန်းကြီးကျောင်း
တွင် ဘုန်းကြီးခွေးလေးများမှာ နေ့စဉ်
ကြက်သားစားနှင့် စားရ၍ပျော်ရွှင်နေကြသည်ကို ဖိုးခွားတွေ့ခဲ့ခြင်းကြောင့် မိမိကျွေးသော ကြံသကာပဲ့ကလေးစားကာ ထမင်းဖြူစားကာ ဝမ်းသာပျော်ရွှင်
နေသော နီပုလေးအတွက် ဖိုးခွားစိတ်
မကောင်းဖြစ်နေခြင်းပါ။
ကျွန်တော် အံ့သြသွားပါသည်။ဘာမှပြန်
မပြောနိုင်။
"ငါကတော့ နီပုလေးကြက်ကင်စားရရင်
အရမ်းပျော်မှာပါ"
"ငါ့ကိုပျော်စေတာက
အိပ်မက်ဆိုရင် နီပုလေးကို ကြက်ကင်ကျွေးနိုင်ဖို့က ငါ့အိပ်မက်ပါ နိုင်လင်း"
တဆက်တည်းပင် ဖိုးခွားက ကျွန်တော့်
ကို "နိုင်လင်း မင်းကော တိုက်တွေကား
တွေ ရရင် ပျော်မှာလား"။
ကျွန်တော်မသိပါ။ပျော်တော့ပျော်မည်
ထင်ပါသည်။သို့သော် အပြည့်အဝပျော်
ရွှင်နိုင်ပါမည်လား။ ပျော်ရွှင်မှုကကော
မည်မျှခံမည်လည်း မသိပါ။
ထို့နောက် ဖိုးခွားအိပ်မက်နှင့် ကျွန်တော့်
အိပ်မက်ကို နှိုင်းယှဉ်ကြည့်မိသည်။ထို့နောက် ကျွန်တော့်ရှိမုန့်ဖိုးနှင့် ဖိုးခွားမုန့်
ဖိုးစုကာ ကြက်ကင်သွားဝယ်ပြီး နီပုလေးကို ကျွေးကြပါသည်။ နီပုလေးမှာ
ပျော်ရွှင်လွန်းအားကြီး၍ ဖိုးခွားကိုတလှည့် ကျွန်တော့ကိုတလှည့် လက်ကလေးမြောက်လိုက် အမြီးလေးနှံ့လိုက်နှင့်
တအီအီ (ကျေးဇူးတင်ပါတယ် အရမ်း
ပျော်တာပဲ ခင်ဗျားတို့ကိုချစ်တယ်)နှင့်
တစ်စုံတစ်ခုပြောနေရှာပါသည်။ဘာပြောသည်လည်း နားမလည်သော်လည်း
သေချာသည်ကတော့ ကျေးဇူးတင်ပျော်
ရွှင်နေခြင်းကတော့ သေချာပါသည်။
"ကျေးဇူးပါ ဖိုးခွားရေ။ မင်းကြောင့် ငါ
အိပ်မက်အကြောင်း ရည်မှန်းချက်ပန်း
တိုင်အကြောင်း သိခဲ့ပါပြီ။ ဘဝမှာ တန်ဖိုးထားအလေးထားရမယ့် အရာတွေ
ကို ငါနားလည်လိုက်ပါပြီ"
ကျွန်တော်အမေဝယ်ပေးသော အကျီင်္တစ်ထည်ရချိန်ပျော်နေခြင်းထက် နီပုကို
ကြက်ကင်ဝယ်ကျွေးလိုက်ခြင်းက ကျွန်
တော့်ရင်ကို ပျော်ရွှင်စေ အေးချမ်းစေပါ
သည်။ ကြည်နူးစေပါသည်။ တကယ်
တော့ ရယူခြင်းနှင့် ပျော်ရွှင်မှုတွေကို
ရှာဖို့ကြိုးစားနေလျှင် ပေးဆပ်ခြင်းနှင့်
သာ စစ်မှန်သော ပျော်ရွှင်မှုကို ရရှိနိုင်
သည်ကို သိနိုင်မည်မဟုတ်ပါ။
ကျွန်တော့်ဘဝမှာ အိမ်ကောင်းကောင်း
ဝင်ငွေကြမ်းသည့် လုပ်ငန်းကြီးများစသ
ဖြင့် အိပ်မက်တွေ ပန်းတိုင်တွေရှိခဲ့သည်။ထိုအိပ်မက်များအတွက် ဂုဏ်ယူမိ
သည်။ ကျေနပ်မိခဲ့သည်။ ကျွန်တော်
မိဘတွေ၏ အိပ်မက်များကို အရင်ဖြစ်
အောင်လုပ်ပေးဖို့ အစ်ကိုဖြစ်သူ၏အိပ်
မက်ဆိုတာထက် မိမိ၏အိပ်မက်ကိုသာ
အစဉ်တစိုက် အလေးထားခဲ့သည်။ကြိုး
စားအားထုတ်ခဲ့သည်။မိသားစု၏အိပ်မက်ကို မေ့ခဲသည်ဆိုသည်ထက် ကျွန်တော့်၏ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုအိပ်မက်
များနောက် လိုက်နေခြင်းဟု ဆိုရမည်။
ယခုတော့ အလေးထားသည့်အိပ်မက်
များကို ပြောင်းလဲရန် ဖိုးခွားကြောင့် ကျွန်တော် ကောင်းကောင်းနားလည်ခဲ့ပါပြီ။
အနည်းဆုံးတော့ အိမ်ကမေမေအတွက်
ကိုယ်တိုင်လုပ်ထားတဲ့မုန့်လေး ကိုယ်တ်ုင်ဖျော်ပေးတဲ့ကော်ဖီလေးကိုပင်လျှင်
ပျော်ရွှင်နေတတ်သော မေမေကိုသတိ
ရမိသည်။

"အိပ်မက်ဆိုတာ မိမိကိုပျော်ရွှင်စေတဲ့
အရာပဲ"လေ။ ဟုတ်တယ်မဟုတ်လား။
Writer @nainghtetlin
Msc 219
credit google photo
credit facebook photo
ကောင်းပါတယ် ဗျာ plz v and m me back @mgtoetat
ဟုတ်ကဲ့ ကျေးဇူးပါ bro
ကောင်းပါတယ်
ဟုတ် ကျေးဇူစပါ
အိပ်မက်တခုက အိပ်မက်ပါဘဲ
ဟီးးဟုတ်ပါပြီ
အိမ်မက်တွေ၊ရည်မှန်းချက်တွေ ပြည့်စုံပါစေနော်
ဟုတ်ကဲ့အမ ကြိုးစားရမှာပေါ့
အရေးအသားကောင်းလိုက်တာရှင်။
ဟုတ်ကဲ့အမ ကျေးဇူးပါဗျ
အရေးအသားကောင်းပါတယ်။
ဟုတ် အားပေးလို့ကျေးဇူးပါ အမရေ
ရယူခြင်းထက် ပေးဆပ်ခြင်းက အကောင်းဆုံးစိတ်အေးချမ်းမှုပါပဲ
ဟုတ်တဟ် bro မိသားစုအတွက် မေ့နေတတ်ကြတာလေးကို သရုပ်ဖော်ချင်တာပါ
ဖတ်ရတာကောင်းပါတယ်ဗျာ
ဟုတ်ကျေးဇူစပါ
အိမ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ပါစေ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် broရေ
Good post
yeah thank you