My islam history

in #steemit6 years ago

image

ဖိတ်ွရဟ် အကြောင်း သိကောင်းစရာ " ( ၁ )

ဖိတ်ွရဟ်ဟာ ဝါဂျိဗ်လား ? ဖွရ်သ်ွလား?


  ဖိတ်ွရဟ်ဟာ ဝါဂျိဗ်ဖြစ်သည်။ ဖွရ်သွ် မဟုတ်ပါ။ 

ဖိတ်ွရဟ်ဝါဂျိဗ်ဖြစ်ရာတွင် စည်းကမ်းချက် ( ၃ )ချက်ရှိသည်။

၁။ ( ကျွန် မဟုတ်သည့် ) လွတ်လပ်သူဖြစ်ခြင်း။
၂။ မုစ်လင်မ်ဖြစ်ခြင်း။
၃။ ( အီးဒ်နေ့အရုဏ်ဦးအချိန်၌ )အဓိကလိုအပ်ချက်များမှအပ ( အကြွေးရှိလျှင်အကြွေးနှုတ်ပြီး ) နိဆွားဗ်ရှင်ဖြစ်ခြင်း။

   ထိုပစ္စည်းများအပေါ်၌ ပိုင်ဆိုင်မှုတစ်နှစ်ပြည့်ရမည့်စည်းကမ်းချက်မရှိခြင်း၊ အရောင်းအဝယ်ပစ္စည်းဖြစ်ရန်လည်းစည်းကမ်းချက်မရှိခြင်း၊ ဖိတ်ွရ် အတွက် ဆွာဟိဗိနိဆွားဗ်သည် အရွယ်ရောက်ရမည်ဟူသော စည်းကမ်းချက်မရှိခြင်း၊ အသိဥာဏ်ရှိသူဖြစ်ရမည်ဟူသောစည်းကမ်းချက်လည်းမရှိခြင်း၊ ( အရွယ်မရောက်သေးသည့်ကလေးများနှင့်ရူးသွပ်သူများအပေါ်၌ ဖိတ်ွရ် ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။ ) 

 ၎င်းတို့အတွက်အုပ်ထိန်းသူများကပေးဆောင်ပေးရမည်။ အကယ်၍ အုပ်ထိန်းသူကမပေးခဲ့ပါက ထိုအချိန်က ၎င်းတို့မှာချမ်းသာသူများဖြစ်လျှင်၊ကလေးသည်အရွယ်ရောက်ပြီးသည့်နောက် ရူးသွပ်သူသည်ရူးသွပ်သည့်ဝေဒနာပျောက်ကင်းပြီးနောက် အရွယ်မရောက်မီက / ရူးသွပ်စဉ်က ဖိတ်ွရဟ်မပေးဆောင်ခဲ့ရသည်ကို ( ရှိလျှင် ) ပေးဆောင်ရမည်။ 

  တမန်တော်မြတ် ( صلی اللّہ علیہ وسلم )သည် ဆွဒကသုလ်ဖိတ်ွရ် ဖိတ်ွရဟ်၏အမိန့်အား ရမဇာန်လမြတ်ရိုဇဟ်ဖွရ်သ်ွတာဝန်ဖြစ်သောနှစ်၌ပင် ပေးဆောင်ရန် အမိန့်ထုတ်ပြန်တော်မူခဲ့သည်။ 

 အီးဒ်နေ့တွင် ဖိတ်ွရ် ပေးဆောင်ရသည့်အကြောင်းမှာ ထိုနေ့သည် ပျော်ရွှင်သောနေ့၊ သာသနာတော် ထည်ဝါမှုပေါ်လွင်သောနေ့၊ ရိုဇဟ်ပြီးပြည့်သောနေ့ဖြစ်သဖြင့် ဖိတ်ွရဟ်ပေးဆောင်ရခြင်းဖြင့် ရိုဇဟ်ကိုအလ္လာဟ်အရှင်မြတ်က လက်ခံတော်မူလိုက်ကြောင်း တင်းတိမ်မှုရရှိသည့်အပြင်ကျွန်ုပ်တို့အားရိုဇဟ်စောင့်ထိန်းနိုင်သည့်အခွင့်အရေးများကိုပေးသည့်အတွက် ယင်းကျေးဇူးတော်အား ကျေးဇူးဆပ်ရာလည်းသက်ရောက်သည်။ 

{ အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ- ၄ ၊ စာ - ၅၀, ၅၁ }

=====================================

ဖိတ်ွရဟ် မည်သူ့အပေါ် ဝါဂျိဗ်တာဝန်ရှိသလဲ ?
ဖိတ်ွရဟ်နဲ့ဆိုင်တဲ့မစာအိလ် ( စည်းကမ်းနည်းလမ်း ) ?????

ဖိတ်ွရဟ်ရဲ့မစာအိလ်မှာအောက်ပါအတိုင်းဖြစ်သည်။ 

၁။ မုစ်လင်မ်ဖြစ်ရမည်။ထိုသူသည်သတ်မှတ်ထားသောအတိုင်းအတာ ( နိဆွားဗ် )အထိပိုင်ဆိုင်သူဖြစ်လျှင် ဖိတ်ွရဟ်ပေးရန်ဝါဂျိဗ်တာဝန်ဖြစ်သည်။

၂။ မိမိအတွက် အမှန်တကယ် လိုအပ်၍သုံးစွဲနေသောပစ္စည်းများမှအပိုပစ္စည်းများ၏တန်ဖိုးငွေသည် ငွေသား ၅၂ တိုလာခွဲ၏တန်ဖိုးနှင့်ညီမျှလျှင် ( သို့မဟုတ် ထိုထက်ပိုလျှင် ) ထိုပုဂ္ဂိုလ်ကို " ဆွာဟိဗိနိဆွားဗ် " ဟုခေါ်သည်။ ထိုသူသည် ဖိတ်ွရဟ် ပေးလှူရန်ဝါဂျိဗ်တာဝန်ရှိသူဖြစ်သည်။

၃။ " ဆွာဟိဗိနိဆွားဗ် " သည်မိမိနှင့်မိမိ၏အရွယ်မရောက်သေးသောကလေးများအတွက် ဖိတွရဟ်ပေးဆောင်ရန်တာဝန်ရှိသည်။ အကယ်၍ အရွယ်မရောက်သေးသောကလေူများပိုင်ဆိုင်သည့်ငွေရှိလျှင် ထိုငွေကြေး၊ဥစ္စာပစ္စည်းထဲမှ ထုတ်၍ဖိတ်ွရဟ်ပေးဆောင်ရမည်။

၎။ " ဆွာဟိဗိနိဆွားဗ် " ခရီးသည်များ၊ လူမမာတို့သည်ရိုဇဟ်မစောင့်ထိန်းနိုင်လျှင်လည်း ဖိတ်ွရဟ် ပေးရန်ဝါဂျိဗ်တာဝန်ရှိသည်။

၅။ အီးဒ်နေ့နံနက် စုဗ်ဟိဆွာဒိက်အချိန်၌ မွေးဖွားလာသောကလေးအတွက်လည်းဖိတ်ွရဟ်ပေးရန် ဝါဂျိဗ်တာဝန်ရှိသည်။ စုဗ်ဟိဆွာဒိက်နောက်ပိုင်းမှမွေးဖွားသူအတွက်တာဝန်မရှိ။

၆။ အီးဒ်နေ့နံနက် စုဗ်ဟိဆွာဒိက်အချိန် မတိုင်မီကွယ်လွန်သွားသူအတွက် ဖိတ်ွရဟ်ပေးရန်တာဝန်မရှိပါ။ စုဗ်ဟိဆွာဒိက်အချိန်နောက်ပိုင်းမှကွယ်လွန်သူအတွက် ဖိတ်ွရဟ် ပေးရန်တာဝန်ရှိသည်။

၇။ အီးဒ်နေ့တွင်အီးဒ်နမားဇ်အတွက်မထွက်ခွာမီ ဖိတ်ွရဟ် စောလျင်စွာပေးဆောင်ခြင်းပို၍မြတ်သည်။ အကယ်၍ နမားဇ်ဝတ်ပြုပြီးမှပေးဆောင်လျှင်လည်းပိုင်သည်။ မပေးဆောင်သေးသမျှကာလပတ်လုံး ဝါဂျိဗ်တာဝန်တင်ရှိနေဦးမည်ဖြစ်သည်။

၈။ ဖိတ်ွရဟ် ပေးဆောင်ရမည့်ပမာဏမှာ တာဝန်ရှိသူလူတစ်ဦးအတွက် ဂျုံတစ်ပိဿာနှင့် ၁၀ကျပ်သားဖြစ်သည်။ မိမိသေဒပေါက်ဈေးနှင့်ညီးမျှသောငွေကြေးကိုလည်းပေးဆောင်နိုင်သည်။ထိုတန်ဖိုးနှင့်ညီမျှသောအခြားပစ္စည်းတစ်စုံတစ်ရာကိုလည်း ပေးဆောင်နိုင်သည်။

၉။ ပေးဆောင်ရန်တာဝန်ထိုက်နေသောပုဂ္ဂိုလ်တစ်ဦး၏ဖိတ်ွရဟ်ကို သူဆင်းရဲတစ်ဦးတည်းကိုသာပေးသည်ဖြစ်စေ၊သူဆင်းရဲအများကိုပေးသည်ဖြစ်စေပိုင်သည်။ ထို့အတူဖိတ်ွရဟ်ပေးရန်တာဝန်ထိုက်နေသူအများစု၍ သူဆင်းရဲတစ်ဦးတည်းကိုလည်းစုပေါင်း၍ပေးနိုင်သည်။

၁၀။ ဆွာဟိဗိနိဆွားဗ် ( တာဝန်ရှိသူ )မဟုတ်လျှင်၎င်းကို ဖိတ်ွရဟ်ပေးပိုင်သည်။

၁၁။ မိမိ၏ညီအစ်ကိုမောင်နှမအရင်း၊မိဘ၏ညီအစ်ကိုမောင်နှမအရင်းတို့အားပေးပိုင်သည်။ လင်မယားအချင်းချင်းအပြန်အလှန်ပေးခြင်းမပိုင်၊ ထိုနည်းတူစွာ မိဘနှင့်သားသမီး၊ဒါဒါ ဒါဒီ တို့သည်လည်းအပြန်အလှန်ပေးခြင်းမပိုင်။

၁၂။ ဖိတ်ွရဟ်ပေးရာတွင် သူဆင်းရဲအားအပြီးအပိုင်ပေးလိုက်ရမည်။ ဖိတ်ွရဟ်ကို ဗလီနှင့်အခြားကောင်းမွန်သောလုပ်ငန်းတို့၌သုံးစွဲခွင့်မရှိ။

{ ဖသာဝါလုဒ်ယာနဝီကျမ်း၊ တွဲ- ၃၊စာ - ၁၂၅ မှ ၂၁၆ }
===================_=

ဇကားသ်နှင့် ဖိတ်ွရဟ် ကွာခြားချက်

  လူတစ်ဦးတွင် အိမ်နှစ်လုံးရှိ၏။ တစ်လုံးတွင်မိမိကိုယ်တိုင်နေထိုင်ပြီး ကျန်တစ်လုံးမှာ ဤအတိုင်းပင်အားလပ်နေသည်။ ( သို့မဟုတ် ) အိမ်ငှါးထားခြင်းဖြစ်လျှင်၎င်းအိမ်သည်အဓိကလိုအပ်ချက်များမှပိုလျှံနေသည့်အတွက် ၎င်းအိမ်၏တန်ဖိုးသည်ဇကားသ်ဝါဂျိဗ်ဖြစ်နိုင်သည်အထိ များပြားသောတန်ဖိုးရှိအိမ်ဖြစ်လျှင် ဖိတ်ွရဟ်ေးပဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ 

ဤကဲ့သို့သော ပုဂ္ဂိုလ်များအား ဇကားသ်ပေးခြင်းလည်းမပိုင်၊ သို့သော်ထိုအိမ်ပိုင်ရှင်သည်အခြားဝင်ငွေလုံးဝမရှိဘဲ ဤအိမ်ငှါးရမ်းခ လခအပေါ်သာအားထားနေရသူဖြစ်လျှင် ၎င်းအိမ်သည်လည်းအရေးကြီးသောအသုံးအဆောင်ပစ္စည်းများ၌ပါဝင်သွားပြီး ဖိတ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ်မဖြစ်တော့ပါ။ 

  အချုပ်မှာ ဇကားသ်နှင့်ဖိတ်ွရဟ်မယူပိုင်သောသူအပေါ်၌ ဆွဒကာသုလ်ဖိတ်ွရ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ 

{ ဗဟ်ရှ်သီးဇေဝရ်ကျမ်း၊တွဲ - ၃ ၊ စာ ၃၅ }

   ဇကားသ်ပေးဆောင်ရန် ဖွရ်သ်ွတာဝန်ဖြစ်သူအပေါ်၌ ဖိတ်ွရဟ်ပေးဆောင်ရန်လည်း ဝါဂျိဗ်တာဝန်ဖြစ်သည်။သို့ရာတွင် ကွာခြားချက်တစ်ရပ်မှာ ဇကားသ်၏နိဆွားဗ်တွင် ကျပ်ငွေ၊ရွှေ၊ငွေနှင့်အရောင်းအဝယ်ပစ္စည်းများရှိရန်အရေးကြီးသည်။ ဖိတ်ွရဟ် ဝါဂျိဗ်ဖြစ်ခြင်း၌ ဤ လေးမျိုးတည်းသာမဟုတ်ဘဲ ပစ္စည်းတိုင်း၏စာရင်းကိုတွက်ချက်ရမည်ဖြစ်သည်။ 

  ဇကားသ်နှင့်ဖိတ်ွရဟ်၏နိဆွားဗ်တို့တွင် မိမိ၏နေ့စဉ်လိုအပ်ချက်များမှပိုလျှံမှုရှိရခြင်းနှင့်အကြွေးကင်းရခြင်းဟူသည့်စည်းကမ်းချက်များမှာ အတူတူပင်ဖြစ်သည် ။ 

 အကယ်၍ လူတစ်ဦး၌နေ့စဉ်ဝတ်ဆင်သည့်အဝတ်အထည်များအပြင် အခြားသောအဝတ်အထည်များရှိလျှင်၊ နေ့စဉ်လိုအပ်ချက်ထက်ပိုသော သံထည်၊ကြေးထည်နှင့်စတီးလ်စသော ပန်းကန်များရှိလျှင်၊ ပိုနေသောအိမ်ရှိလျှင်၊ အခြားအသုံးအဆောင်ပစ္စည်းများရှိလျှင် ၎င်းတို့မှာ လိုအပ်ချက်ထက်ပိုလျှံနေသော ပစ္စည်းများဖြစ်ပါက ထိုပစ္စည်းအားလုံး၏စုစုပေါင်းတန်ဖိုးငွေမှာ နိဆွားဗ်မပြည့်မီလျှင် ( သို့ ) ထိုထက်ပိုလျှင် ၎င်းပုဂ္ဂိုလ်အပေါ်၌ဇကားသ်ဖွရ်သ်ွမဖြစ်လျှင်လည်း ဖိတ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ် ဖြစ်သည်။ 

 အလားတူ ဖိတ်ွရဟ် ၏နိဆွားဗ်အပေါ်၌ တစ်နှစ်ပြည့်ရန်အရေးမကြီးပါ။ သို့သာမက ဤမျှသော ( တင်ပြခဲ့သော ) ပစ္စည်းများသည် ထိုနေ့ ( အီးဒ်နေ့ဖွဂျေရ်စတင်ချိန် )မှပင် ပိုင်ဆိုင်လျှင်လည်းဖိတ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ 

{ ရမဇာန်ကယားဟဲ ၊ စာ - ၁၇၇ }


ဖိတ်ွရဟ် ဝါဂျိဗ် စတင်ချိန်

ဖိတ်ွရဟ် ဝါဂျိဗ် ဖြစ်ခြင်းသည် အီဒုလ်ဖိတွိရ်နေ့ စုဗ်ဟိဆွာဒိက်အချိန် ( အရုဏ်ဦး )မတိုင်မီ သေဆုံးသွားသူ ( သို့မဟုတ်) ဆင်းရဲသွားသူများအပေါ်၌ ဖိတ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်မဟုတ်။ 

အလားတူ နေထွက်ပြီးနောက်အစ္စလာမ်သာသနာလက်ခံလာသူ ၊ ပစ္စည်းဥစ္စာများရရှိလာသူအပေါ် ဖိတ်ွရဟ် ပေးဆောင်ရန် တာဝန်မရှိ။ 

ဖွဂျေရ်အချိန်မတိုင်မီ မွေးဖွားလာသောကလေးဖြစ်လျှင် ( သို့ ) ဖွဂျေရ်အချိန်မတိုင်မီအစ္စလာမ်သာသနာကိုလက်ခံလာသူဖြစ်လျှင် ( နိဆွားဗ်ရှင်ဖြစ်လျှင် ) ( သို့ ) ပစ္စည်းဥစ္စာများရရှိလာသူဖြစ်လျှင် ထိုသူ့အပေါ်၌ ဖိတ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။
{ အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ - ၄၊စာ - ၅၁ }

 အီးဒ်နေ့ဖွဂျေရ်အချိန်စတင်သည်နှင့်ဖိတ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဖွဂျေရ်အချိန်မကျမီကွယ်လွန်သေဆုံးသွားပါက ဖိတ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ် မဟုတ်တော့ပေ။ ၎င်းပိုင်ပစ္စည်းများထဲမှလည်းမပေးရတော့ပါ 

===================================

အိမ်ထောင်ဦးစီး၏တာဝန်

 ( အိမ်ထောင်ဦးစီးသည် နိဆွားဗ်ရှင်ဖြစ်လျှင် ) မိမိအတွက်လည်းဖိတ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ မိမိ၏ အရွယ်မရောက်သေးသည့်ကလေးများအတွက်ပေးဆောင်ရန်မိမိအပေါ်၌ဝါဂျိဗ်တာဝန်ဖြစ်သည်။ အရွယ်မရောက်သေးသည့်သားသမီးတို့မှာ အကယ်၍ ချမ်းသာသူများဖြစ်လျှင် ၎င်းတို့၏ငွေမှပေးဆောင်ရမည်။ချမ်းသာသူများမဟုတ်ပါက မိမိငွေမှပင်ပေးဆောင်ရမည်။ 
 အရွယ်ရောက်ပြီးသောသားသမီးများမှာ ချမ်းသာသူဖြစ်လျှင် အိမ်ထောင်ဦးစီးက ပေးဆောင်ရန်ဝါဂျိဗ်မဟုတ်တော့ပေ။ ပေးဆောင်လိုက်လျှင်လည်းပိုင်သည်။၎င်းသားသမီးက ထပ်မံပေးဆောင်ရန်မလိုတော့ပါ။ 

{ အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ - ၃ ၊ စာ -၅၂ }

   ဆွာဟိဗိနိဆွားဗ်ဖြစ်သောဇနီးအပေါ်၌ ဖိတ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ခင်ပွန်းသည်ကပေးဆောင်ပေးလိုက်လျှင်အထမြောက်သွားသည်။ သူမ၏ဖခင်အပေါ်၌လည်းသူမအတွက်တာဝန်မရှိပါ။ 

{ ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊ တွဲ-၆၊စာ-၃၂၄}


ခွင့်ပြုချက် လို/မလို

မေး။ ခွင့်ပြုချက်ရယူခြင်းမရှိဘဲအခြားပုဂ္ဂိုလ်တစ်ဦး၏ဇကားသ်အား မိမိကပေးဆောင်ပေးခြင်း မပိုင်သကဲ့သို့ ဖိတ်ွရဟ်၏အမိန့်သည်လည်းအလားတူဖြစ်ပါသလား။?

ဖြေ။ ဖိတ်ွရဟ်သည်လည်းဇကားသ်၏အမိန့်အတိုင်းဖြစ်၍ခွင့်ပြုချက်ရယူရန်အရေးကြီးသည်။ သို့ရာတွင် ဖိတ်ွရဟ်၏အတိုင်းအတာမှာနည်းပြီးသတ်မှတ်ချက်လည်းသိရှိပြီးဖြစ်သည့်အတွက် ဇနီးနှင့် သားသမီးအစရှိသော မိမိ၏လက်အောက်ငယ်သားများအတွက်ပေးဆောင်ခြင်းတွင် ဓလေ့ထုံးစံ အရခွင့်ပြုချက်ရှိသဖြင့်အကောင်းပြုသည့်အနေဖြင့်ပိုင်သည်။ ဇကားသ်မှာ အတိုင်းအတာပမာဏကို မသိရှိနိုင်သည့်အပြင်ပမာဏများပြားနိုင်သည့်အတွက် ကာယကံရှင်၏ခွင့်ပြုချက်မရှိဘဲပေးဆောင်ခြင်းဖြင့် အထမမြောက်ပါ။ ခွင့်ပြုချက်နှင့်ကိုယ်စားလှယ်လွှဲမှုရှိရန်အရေးကြီးသည်။
{ ဖသာဝါရဟီမီယဟ်ကျမ်း၊တွဲ-၅၊စာ-၁၇၃ }


ရိုဇဟ်မထားနိုင်သူလည်း ဖိတ်ွရဟ်ဝါဂျိဗ်

 အကြောင်းတစ်စုံတစ်ရာကြောင့် ရမဇာန်လမြတ်၌ ရိုဇဟ်မထားသူအပေါ်လည်း ( နိဆွားဗ်ရှင်ဖြစ်လျှင် ) ဖိတ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ ရိုဇဟ်ထားသူအပေါ်၌လည်းဝါဂျိဗ်ဖြစ်ပြီး နှစ်ဦးစလုံး မည်သို့မျှ ကွာခြားမှုမရှိပါ။ 

{ ဗဟရှ်သီးဇေဝရ်ကျမ်း၊တွဲ-၃၊စာ-၃၅ }


ရှာဖွေသမျှ ဖခင်ထံအပ်ထားလျှင်

မေး။ လူတစ်ဦး၌သားနှစ်ယောက်ရှိပါသည်။၎င်းသားတို့သည် မိမိတို့ရှာဖွေရရှိသမျှအား ဖခင်ထံအပ်နှံထားကြပါသည်။ ၎င်းတို့ထံ၌မည်သည့်အရာမျှမရှိကြပါ။ ဤအခြေအနေတွင် ၎င်းသားများအပေါ်၌ ဖိတ်ွရဟ်နှင့်ကုရ်ဗာနီစသောတာဝန်များ ဝါဂျိဗ် ဖြစ်ပါသလား။?

ဖြေ။ ၎င်းတို့အပေါ်၌ ( တစ်ဦးချင်း၏ပိုင်ဆိုင်မှုသည် နိဆွားဗ်ပြည့်မီလျှင် ) ဇကားသ်၊ဖိတ်ွရဟ်နှင့်ကုရ်ဗာနီပြုလုပ်ရန်ဝါဂျိဗ်ဖြစ်သည်။ မပြည့်လျှင်တာဝန်မရှိပါ။
{ ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊စာ-၃၁၁ }


တာဝန်ယူထားသူများအတွက်လည်း ပေးရမည်

( အိမ်ထောင်ဦးစီးနိဆွားဗ်ရှင် )တစ်ဦးသည်လူအချို့၏ဖိတ်ွရဟ်ပေးဆောင်ပေးရန်အတွက်သာရှိပြီး ကျန်အချို့တို့အတွက်ပေးဆောင်ပေးရန်မတတ်စွမ်းနိုင်ပါက တရားတော်အရမိမိအပေါ်၌ပို၍တာဝန်ရှိသောသူများအတွက်ဦးစွာပေးဆောင်ရမည်။
( နိဆွားဗ်ရှင် )မုစ်လင်မ်အမျိုးသားအပေါ်၌၎င်းအပါအဝင်၎င်း၏ဇနီး၊အရွယ်မရောက်သေးသောသားသမီးများ ၊၎င်းတာဝန်ယူထားသော ( ဥပမာ- ဖခင် ၊ဒါဒါ၊မိခင်၊နာနီ)တို့ကဲ့သို့သောသူများအတွက်လည်း ဖိတ်ွရဟ် ပေးဆောင်ပေးရန်ဝါဂျိဗ်ဖြစ်သည်။
ဟဒီးဆ်တော်မြတ်တွင် " မိမိကအကုန်ကျခံ၍ကျွေးမွေးနေရသူများအတွက် ဖိတ်ွရဟ် ပေးဆောင်ရမည်" ဟုလာရှိထားသည်။
{ အဟ်ယာအုလ်အုလူးမ်ကျမ်း၊တွဲ- ၁၊စာ-၅၂၇ }


အီးဒ်နေ့၌ မပေးမိလျှင်

( နိဆွားဗ်ရှင် ) တစ်ဦးသည်အီးဒ်နေ့၌ ဖိတ်ွရဟ်မပေးဆောင်ခဲ့မိလျှင် ခွင့်လွှတ်ချက်မရှိပါ။ မည်သည့်နေ့၌ပင်ဖြစ်စေ ပေးဆောင်ရမည်။
{ ဗဟရှ်သီးဇေဝရ်ကျမ်း၊တွဲ-၃၊စာ-၃၅ }


إن شآءاللّه تعالى
ဖိတ်ွရဟ်အကြောင်းသိကောင်းစရာများ ( ၂ )
ဆက်လက်တင်ပြပါမည် …

Abu Adeebah <
ရှမ်းပြည်သားလေး sai hak khay

📆 ဟိဂ်ျရီ ၁၄၃၈ ၊ ရမသွာန်လမြတ် ( ၁၄ )ရက်📆
📆 ၁၀ . ၆ . ၂၀၁၇ ( စနေနေ့ )📆

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95