ဆရာမရဲ့အျရးအသားလေးတွေပါ

in #steemit6 years ago

သံသယရှိတာ မကောင်းဘူး!
သိချင်တာကို ချက်ချင်း မေးလိုက်တာ ကောင်းတယ်!

တွေဝေနေတာ မကောင်းဘူး!
ဘယ်သူမှ မနစ်နာရင် ကိုယ့်စိတ်ထဲရှိတာ လုပ်တာ ကောင်းတယ်!

လိုချင်လို့ တောင်းယူရတာ မကောင်းဘူး!
မတောင်းဘဲ သူ့အလိုလို ရတာက ကောင်းတယ်!

ကိုယ့်ဘဝကို သူများဘဝနဲ့နှိုင်းယှဉ်နေတာ မကောင်းဘူး!
ကိုယ့်ဘဝလေးကို နှစ်သက်မြတ်နိုးတတ်မှ ကောင်းတယ်!

အလိုမကျနေတာ မကောင်းဘူး!
တင်းတိမ်ရောင့်ရဲတတ်မှ ကောင်းတယ်!

ပျင်းလွန်းတာ မကောင်းဘူး!
အမြဲစိတ်အားထက်သန်နေအောင် ကြိုးစားနေမှ ကောင်းတယ်!

သတိရနေတာ မကောင်းဘူး!
သတိရတယ်လို့ ပြောလိုက်တာ ကောင်းတယ်!

ကိုယ့်ကြောင့် စိတ် ရှုပ်နေရတယ်ဆို မကောင်းဘူး!
ကိုယ့်ကြောင့် ပျော်ရွှင်ရတယ်ဆိုမှ ကောင်းတယ်!

ဝမ်းနည်းလွန်းတာ မကောင်းဘူး!
ဝမ်းနည်းလာရင် အာရုံ ပြောင်းတတ်မှ ကောင်းတယ်!

အပျော်လွန်တာ မကောင်းဘူး!
ပျော်စရာတွေ့လာရင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်မှ ကောင်းတယ်!

မာနကြီးလွန်းတာ မကောင်းဘူး!
ကိုယ့်ကိုယ်ကို နှိမ့်ချ နေတတ်တာ ကောင်းတယ်!

ထိန်းချုပ်လွန်းရင် မကောင်းဘူး!
အဆင်ပြေသလို အလိုက်သင့်လေး နေတတ်တာကောင်းတယ်!

အပစ်တင်နေတာ မကောင်းဘူး!
မေတ္တာစိတ်နဲ့ ကောင်းကွက်လေးရွေးကြည့်တတ်တာ ကောင်းတယ်!

မျှော်လင့်နေတာ မကောင်းဘူး!
မမျှော်လင့်ဘဲ အားလုံး စိတ်ချမ်းသာအောင်နေတတ်မှ ကောင်းတယ်!

အအားနေတာ မကောင်းဘူး!
တစ်ခုခုကို အမြဲလုပ်နေ မှ ကောင်းတယ်!
စာ ဖတ်မယ်ဆိုလည်း ဖတ်!
စာ ရေးမယ်ဆိုလည်း ရေး!
တရားမှတ်မယ်ဆိုလည်း မှတ်!
အိပ်မယ်ဆိုလည်း အိပ်!
တစ်ခုခု ဝါသနာပါရာ လေ့လာမယ်ဆိုလည်းလေ့လာ!
ကဲ ဘာလုပ်မလဲ? ;-)

(11.4.2018) TDMN image

Sort:  

Try Our Service Befre Buy🎁

  • Exclusive 30 days free upvotes to your every new post.
  • Limited Time Offer
  • No need to send any kinds of steem or sbd its full free service.
    we have paid service too so please check them too. Active the free upvote service and learn more about it here : JOIN NOW

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59169.46
ETH 2597.10
USDT 1.00
SBD 2.42