💧နားလည်ခြင်း💧

in #steemit • 6 years ago

🍀ဆရာတော်ဦးဇောတိက🍀
🍂( မဟာမြိုင်တောရ )🍂

သူများကိုနားလည်တာနဲ့ ကိုယ့်ကိုယ်ကိုနားလည်တာနဲ့ဟာ ဆက်စပ်မှုရှိနေတယ်။ သူများကိုပိုနားလည်လေလေ ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လေလေပဲ
လူတစ်ယောက်နဲ့တစ်ယောက် စရိုက်မတူဘူး၊ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံ မတူဘူး။ ဒါကြောင့် အခြေအနေတစ်ခုကို မြင်ပုံ ခံစားပုံ အဓိပ္ပါယ်ကောက်ပုံ မတူဘူး။ ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေမတွေးပါနဲ့။ ငါမြင်သလိုမမြင်ရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။ image

လောကကြီးကို ယောက်ျားကမြင်ပုံနဲ့ မိန်းမကမြင်ပုံ မတူဘူး။ မတူတဲ့အတွက်ကြောင့် အမြင်နဲ့ခံစားချက်ကိုကြည့်ပြီးတော့ပြောရမယ်ဆိုရင် ယောက်ျားရဲ့လောကနဲ့ မိန်းမရဲ့လောက မတူဘူး။ မတူတော့ မကောင်းဘူးလို့ပြောမလား။ ပြောလို့ မရဘူး။ မတူတာကို နားလည်ဖို့လိုတယ်။ အော်.. သူ့ဘက်က ဒီလိုမြင်တာကိုး။ ငါ့ဘက်ကကြည့်တော့ ဒီလိုမြင်ရတယ်။ အဲဒါကို နားလည်ပါ။ သဘောထားကြီးရင် နားလည်ဖို့မခက်ပါဘူး။ ယောက်ျားရဲ့အမြင်ကို မိန်းမကိုပြောပြလို့ မိန်းမကနားလည်သွားရင် ပိုပြီးတော့ဥာဏ်ကြီးတဲ့မိန်းမ ဖြစ်လာမယ်။ မိန်းမရဲ့ခံစားချက်ကို ယောက်ျားကိုပြောပြလို့ ယောက်ျားကနားလည်သွားရင် ပိုပြီးတော့ဥာဏ်ကြီးတဲ့ယောက်ျား ဖြစ်လာမယ်။ ဒါကြောင့် နှစ်ဖက်မြင်ဖြစ်အောင် ကြိုးစားရမယ်နော်။ image
သူ့အခက်အခဲကို နားလည်ပေးဖို့ လိုတယ်။ သူ့ဆန္ဒ၊ သူဖြစ်ချင်တာကိုလည်းပဲ ကိုယ်ချင်းစာပေးဖို့ လိုတယ်။ ကိုယ်ကတတ်နိုင်လို့ရှိရင် တတ်နိုင်သလောက် ဖြစ်သင့်တာကိုပေးရမယ်။ ဖြစ်လည်းဖြစ်သင့်ပါလျက်နဲ့ တတ်လည်းတတ်နိုင်ပါလျက်နဲ့ မပေးဘဲထားတယ်ဆိုရင် ဒါဟာ သဘောထားအင်မတန်သေးရာ ရောက်သွားပြီ။ မတရားအနိုင်ကျင့်ရာ ရောက်သွားပြီ။ အဲသလို မတရားအနိုင်ကျင့်ရတာ ဘယ်လိုများအရသာရှိလဲလို့နော်။ သူလည်းမတိုးတက်ဘူး၊ မကြီးပွားဘူး။ ကိုယ်လည်းမတိုးတက်ဘူး၊ မကြီးပွားဘူး။ image
ငှက်ကလေးတွေက သူတို့သီချင်းဆိုတာကို သူတို့ဟာသူတို့ ကြိုက်တယ်။ အသံအမျိုးမျိုး၊ တီးလုံးအမျိုးမျိုးနဲ့ သူတို့ ဆိုတတ်ကြတယ်။ ဘုန်းကြီးကတော့ ငှက်ကလေးတွေကို classical musician လို့ ခေါ်ထားတာ။ တကယ့် Classics တွေ သူတို့ဆိုနေတာ။ အားရပါးရ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင်ကြီးကို သူတို့ဆိုနေတာ။ ဒီလို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သတ္တဝါလေးတွေကိုလည်း သေသေချာချာသတိထားပြီး ကြည့်ပါ။ သူတို့ဘဝကိုနားလည်ဖို့ appreciate လုပ်နိုင်ဖို့၊ တန်ဖိုးထားဖို့ အင်မတန် အရေးကြီးပါတယ်။ ထို့အတူပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းပဲ နားလည်ဖို့ တန်ဖိုးထားဖို့ အင်မတန်အရေးကြီးတယ်။ image
လူ့လောကမှာနေပြီး ကိုယ်ကိုယ်တိုင်လူဖြစ်တဲ့အတွက်ကြောင့် အရေးကြီးဆုံးက လူအကြောင်းနားလည်ဖို့ပါ။ တခြားပညာမတတ်တာက ကိစ္စမရှိဘူး။ လူအကြောင်းမသိရင် အင်မတန်ကြီးမားတဲ့ အခက်အခဲတွေ ဒုက္ခတွေ ကြုံရတတ်တယ်။ လူဆိုတာ အကောင်းအဆိုးရောနေတာပါပဲ။ သူလည်းပဲ အကောင်းအဆိုးရောနေတယ်။ ကိုယ်လည်းပဲ အကောင်းအဆိုးရောနေတယ်။ ဒီနှစ်ခုလုံးကိုသိပြီး ဆက်ဆံတတ်ဖို့လိုတယ်။ ဒါကြောင့် ကိုယ့်အကြောင်းကိုယ်သိအောင် အများကြီးကြိုးစားသင့်တယ်။ ပြီးမှ သူတစ်ပါးအကြောင်းသိအောင် ကြိုးစားသင့်တယ်နော်။ သူများအကြောင်းကိုသိချင်ရင် အရင်ဆုံး ကိုယ့်အကြောင်းကိုသိအောင် လုပ်ရတယ်။
သတိပဌာန်တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် သေချာသိအောင်လုပ်ပါ။ ဘာတွေ တွေးနေသလဲ၊ ဘယ်လို ခံစားနေရသလဲဆိုတာတွေ သိအောင်လုပ်ပါ။ ကိုယ့်အကြောင်းကိုယ်တောင် ရာခိုင်နှုန်းပြည့်သိဖို့ မလွယ်ဘူး။ ဒါကြောင့် သူတစ်ပါးအကြောင်းလည်း ရာခိုင်နှုန်းပြည့် မသိနိုင်ဘူး။ မသိဘဲနဲ့တော့ တစ်ဖက်သတ်ကြီး မထင်ထားပါနဲ့၊ မစွပ်စွဲပါနဲ့။ မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲတွေးထားလိုက်ပါ။ image
လူတွေရဲ့ကောင်းတဲ့အချက်ကလေးတွေကို မကြာမကြာ တွေးပါ။ အထူးသဖြင့် လူတစ်ယောက်ကိုမကျေမနပ်ဖြစ်နေရင် သူ့အကြောင်းကောင်းတာလေးတွေကို တွေးဖြစ်အောင် တွေးပါ
ဒီတရားတွေကို သေသေချာချာအားမထုတ်ဖူးတဲ့လူတစ်ယောက်ကို တရားအားထုတ်လို့ဖြစ်ပေါ်လာတဲ့ အသိဥာဏ်အကြောင်းတွေ၊ တရားအားထုတ်လို့ သတိသမာဓိကောင်းလာတဲ့အခါမှာ အေးချမ်းပုံတွေ၊ စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿ… မစ္ဆရိယဆိုတဲ့ ပူလောင်တဲ့သဘော၊ ညှိုးနွမ်းတဲ့သဘောတွေ၊ ညစ်နွမ်းတဲ့သဘောတွေ ကင်းနေတဲ့အခါမှာ ဘယ်လောက်သန့်ရှင်းသလဲ၊ ဘယ်လောက်အေးချမ်းသလဲ၊ ဘယ်လောက်ချမ်းသာသလဲ၊ ဘယ်လောက်မြင့်မြတ်သလဲ၊ ဒီချမ်းသာကို ဘာနဲ့မှမလဲနိုင်ဘူး။ ဒီချမ်းသာဟာ အင်မတန်ချမ်းသာတယ်ဆိုတာမျိုး ပြောပြရင် မကြုံဖူးတဲ့လူဟာ ဘယ်လောက်သိမလဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့နားလည်ပုံဟာ သူ့ရဲ့အနေအထိုင်၊ အပြုအမှု၊ အကျင့်သီလ၊ သူ့ရဲ့စိတ်ထား၊ သူ့အသိဥာဏ်၊ သူ့အလေ့အကျင့် ဒါတွေအားလုံးပေါ်မှာ မူတည်ပါတယ် image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by marmarkhaing92 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64269.87
ETH 3393.79
USDT 1.00
SBD 2.48